Connect with us

Science & Technology

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ရှိ မျိုးနွယ်စု ဒေသ အားလုံး ဒီဇင်ဘာလအကုန်တွင် လျှပ်စစ်မီးရရှိမည်

တရုတ်နိုင်ငံရှိ လျှပ်စစ်ဓာတ် ဖြန့်ဖြူးပေးရာ တာဝါတိုင် တစ်ခုအား တွေ့ရစဉ် (ဆင်ဟွာ)

ချန်ဒူး၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ် ရှိ မျိုးနွယ်စု ဒေသ အားလုံး ဒီဇင်ဘာလ အကုန်တွင် လျှပ်စစ်မီးရရှိမည် ဖြစ်ကြောင်း စီချွမ် ပြည်နယ် စွမ်းအင်အုပ်ချုပ်ရေး ဋ္ဌာန မှ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ကြေညာခဲ့ကြောင်းသိရသည်။

စီချွမ်သည် တရုတ်နိုင်ငံ၏ အကြီးဆုံး မျိုးနွယ်စု ဖြစ်သည့် ရီ မျိုးနွယ်စု ဒေသ နှင့် ဒုတိယ အကြီးဆုံး မျုးိနွယ်စု ဖြစ်သည့် တိဘက် ဒေသ အပါအဝင် လူဦးရေ ၁.၅ သန်းအတွက် ၂၀၁၀ ပြည့်နှစ် ကတည်းက လျှပ်စစ် ဓါတ်အား ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ဝေးလံခေါင်ဖျားသည့် ဒေသတွင် နေထိုင်ကြသူများသည် အလင်းရောင်ရရှိရန် အတွက် ထောပတ်ဆီမီးအိမ် များကို မှီခိုကြရပြီး အနွေးဓါတ်ရရှိရန် အလို့ငှာ သစ်ကို်င်းများ နှင့် နွားချေးများ ကို မီးရှို့၍ မီးလှုံကြရ ကြောင်း သိရသည်။

ဒေသခံ အစိုးရများသည် ၂၀၁၀ ပြည့်နှစ် ကတည်းက စ၍ လျှပ်စစ် ဓါတ်အား မလုံလောက်မှုအား ဖြေရှင်းရန်အတွက် တရုတ်ယွမ် ၁၀ ဘီလီယံ ကျော် ( အမေရိကန်ဒေါ်လာ ၁၆သန်း) ရင်းနှီးမြှုပ်နှံခဲ့ကြောင်း သိရသည်။

စီချွမ် ပြည်နယ် စွမ်းအင်အုပ်ချုပ်ရေး ဋ္ဌာန မှ လိန်ခိုင်ဖိန် က ယခုဒီဇင်ဘာလ တွင် ဒေသများ၏ လျှပ်စစ် မလုံလောက်မှုကို အဆုံးသတ်ပေးနိုင်မည်ဖြစ်ပြီး လူနေမှု အဆင့်အတန်း မြင့်မားလာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကျေးလက်ဒေသ စွမ်းအင် ပေးဝေမှုများ အား အဆင့်မြှင့်တင် လုပ်ဆောင်ပေးမှုသည် ပြည်နယ်ဆိုင်ရာ ၁၃ကြိမ်မြောက် ငါးနှစ် စီမံကိန်း (၂၀၁၆-၂၀၂၀) ၏ အဓိကသော့ချက်တစ်ခုဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ချက်များအရ သိရသည်။ (Xinhua)