Connect with us

Social, Education & Health

တရုတ်နိုင်ငံတွင် ခေါင်းနှစ်လုံးနှင့် မြွေဟောက် ကို တိရစ္ဆာန် ဥယျာဉ်တွင် စောင့်ရှောက်ထား

တရုတ်နိုင်ငံ နန်နင်းမြို့ရှိ တိရစ္ဆာန် ဥယျာဉ်တွင် ခေါင်းနှစ်လုံးနှင့် မြွေဟောက် အား ပြသနေစဉ် (ဆင်ဟွာ)

နန်နင်း၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း နန်နင်းမြို့ရှိ တိရစ္ဆာန်ရုံ တစ်ခုတွင် ခေါင်းနှစ်လုံးနှင့် မြွေဟောက် တစ်ကောင် ကို ပြသထားသည်။ အဆိုပါ ရှားပါး သတ္တဝါသည် ၁၅ ရက်သားခန့် ရှိနေပြီး အသက် ဆက်ရှင်သန်နိုင်ရန် ကျွမ်းကျင်သူများအား ခေါ်ယူရန် လိုအပ်ကြောင်း တိရစ္ဆာန် ဥယျာဉ် တာဝန်ရှိသူက ပြောပါသည်။

စင်တီမီတာ ၂၀ အရှည်ရှိသော မြွေတွင် ခေါင်းနှစ်လုံး ဦးနှောက်နှစ်ခု ရှိသော်လည်း အစာအိမ် တစ်ခုသာ ပါရှိသည်။ ယင်းမြွေအား မြွေမွေးမြူရေး ခြံတစ်ခု၌ မွေးဖွားခဲ့ပြီး ပိုကောင်းသော စောင့်ရှောက်မှု ခံယူနိုင်ရန် တိရစ္ဆာန် ဥယျာဉ်သို့ လွှဲပြောင်း ပေးခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ထိုမြွေ၏ အလေးချိန်သည် ၅၀ ဂရမ်ရှိပြီး ပုံမှန် မြွေဟောက်ထက် ၁၅ ဂရမ်ခန့် ပေါ့နေကြောင်း သိရသည်။

တိရစ္ဆာန်ဥယျာဉ် ထိန်းသိမ်းသူ လီခဲ့ချီ က၂၀၀၇ ခုနှစ် ကတည်းက မြွေများအား စောင့်ရှောက် ခဲ့ခြင်း ဖြစ်သော် လည်း အခုလို ခေါင်း နှစ်လုံးနှင့် မြွေကိုတော့ ခုချိန်ထိ မတွေ့ခဲ့ဖူးဘူးဟု ပြောပါသည်။ သားဥ ဖောက်ချိန်တွင် အပူချိန်နှင့် စိုထိုင်းဆ ပြောင်းလဲခြင်းများကြောင့် သန္ဓေသား ပုံသဏ္ဍာန် ပြောင်းလဲသွားခြင်း ဖြစ်နိုင်ကြောင်း သူက ပြောပါသည်။

“ ခေါင်းတစ်လုံးက ညာဘက်ကို သွားချင်ချိန်မှာ နောက်ခေါင်းတစ်လုံးက ဘယ်ဘက်ကို သွားချင်နေတယ်။ ဒီလို ထပ်တူမကျမှု ဟာ သူ့ကို တောက်လျှောက် ထိခိုက်စေနိုင်ပါတယ်” ဟု လီက ပြောသည်။

လွန်ခဲ့သော တစ်ပတ်က ပထမဆုံး မြွေရေခွံ လဲခဲ့ပြီး ထိုအချိန်ကတည်းက ခုချိန်ထိ အစာ မစားသေးဘူးဟု ဆိုသည်။ တိရစ္ဆာန် ဥယျာဉ် ထိန်းသိမ်းသူများကတော့ မြွေလေး အသက်ဆက်ရှင်ရန် အစာတု ကျွေးမွေးခြင်း ဖြင့် လုပ်ဆောင်နေသော်လည်း ဒါဟာ ရေရှည်ခံမည့် နည်းလမ်းတော့ မဖြစ်နိုင်ပါဘူး ဟုဆိုသည်။

ဒါကြောင့် တိရစ္ဆာန် ဥယျာဉ် ထိန်းသိမ်းသူများက ကမ္ဘာအနှံ့မှ မြွေကျွမ်းကျင်သူများထံမှ အကြံဉာဏ် တောင်းခံ ထားပါသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.