Connect with us

Social, Education & Health

ကွမ်းလုံ တံတား စီမံကိန်း ခွင့်ပြုစာတမ်း လဲလှယ်ခြင်းအခမ်းအနား ကျင်းပ

တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် အဖွင့် အမှာစကား ပြောကြားစဉ်။

နေပြည်တော်၊ မတ်လ ၂၀ ရက် (ဆင်ဟွာ)

တရုတ်-မြန်မာ နှစ်နိုင်ငံ ဆက်သွယ်ရေး လမ်းကြောင်း၏ အရေးကြီး အစိတ်အပိုင်းဖြစ်သော မြန်မာ နိုင်ငံရှိ ကွမ်းလုံ တံတား စီမံကိန်း ခွင့်ပြုစာတမ်း လက်မှတ်ရေးထိုးခြင်းနှင့် လဲလှယ်ခြင်း အခမ်းအနား ကို နေပြည်တော် ဆောက်လုပ်ရေး ဝန်ကြီးဌာနတွင် ယနေ့ညနေပိုင်းက ကျင်းပခဲ့ရာ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်က အဖွင့် အမှာစကားကို လည်းကောင်း၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ကျေးဇူးတင် စကားကို လည်း ကောင်းအသီးသီး ပြောကြားခဲ့ကြသည်။

သံအမတ်ကြီး မစ္စတာဟုန်လျန်က “ သံလွင်မြစ် ကျော်ဖြတ်တဲ့ ကွမ်းလုံတံတားကြီးဟာ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသမှ ပြည်မကြီးကို ဝင်ရောက်တဲ့ အရေးပါတဲ့ ဒေသမှာ တည်ရှိပြီး တရုတ်-မြန်မာ မဟာ ဆက်သွယ်ရေး လမ်းကြောင်းရဲ့ အရေးကြီးတဲ့ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်၊ ၁၉၆၀ ပြည့်လွန် နှစ်က တရုတ်နိုင်ငံက တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်၊ နှစ်ပါင်း ငါးဆယ်ကျော်ပြီးတဲ့နောက် ကွမ်းလုံ တံတား အဟောင်းက ပျက်စီး ယိုယွင်းလာပြီး အလေးချိန်ခံနိုင်အားကျဆင်းကာ တံတားတစ်လျှောက် ဒေသစီးပွား ဖွံ့ဖြိုး တိုးတက်ဖို့ လိုအပ်ချက်နှင့် အံမဝင် ခွင်မကျဖြစ်မှုတွေ ပိုများ လာပါတယ်၊ ဒါကြောင့် မြန်မာနိုင်ငံရဲ့ တောင်းဆိုချက်အရ ကွမ်းလုံတံတား အသစ်ကြီး တစ်စင်းကို မြန်မာနိုင်ငံက ဘာမျှ ကုန်ကျစရာမလိုဘဲ တရုတ်နိုင်ငံက ကူညီ တည်ဆောက်ပေးမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်” ဟု ပြောကြားခဲ့သည်။

ယခုကဲ့သို့ တည်ဆောက်နိုင်ရေးအတွက် ၂၀၁၆ ခုနှစ် သြဂုတ်လအတွင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်နိုင်ငံချစ်ကြည်ရေး ခရီးစဉ်တွင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် တရုတ်နိုင်ငံ ဝန်ကြီးချုပ်ရှေ့မှောက်၌ အဆိုပါ စီမံကိန်း ဆောင်ရွက်နိုင်ခြေ လေ့လာ သုံးသပ်ရေး စာတမ်း လဲလှယ်ခြင်း အခမ်းအနားကို ကျင်းပခဲ့ကြောင်း၊ ယခု တရားဝင် ဆောင်ရွက် တော့ မည် ဖြစ်ကြောင်း၊ စီမံကိန်း ဆိုင်ရာ သဘောတူ စာချုပ်အရ တံတားသစ်ကြီးနှင့်အတူ နှစ်ဘက်ကမ်း ချိတ်ဆက်သည့် ကားလမ်း တည်ဆောက်ရေးကိုပါ ကူညီသွားမှာ ဖြစ်ကြောင်း၊ ၄ ဒသမ ၂ ကီလိုမီတာ ရှည်လျားသော တံတားသစ် တည်ဆောက်ပြီးစီးပါက မြန်မာနိုင်ငံ ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် နယ်စပ်ဒေသအအကြား လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်စည်ပို့ဆောင်ရေး အခြေအနေများ များစွာ တိုးမြင့်လာစေမှာ ဖြစ်ကြောင်း၊ ထို့အပြင် အနီး ဝန်းကျင်ရှိ မိုင်းတုံ – ချင်းရွှေဟော် နယ်စပ်ဂိတ်လည်း ပိုမို စည်ပင်ဝပြောလာစေပြီး ဒေသတွင်း အလုပ်အကိုင်ရရှိရေး၊ ဝင်ငွေတိုးရေး၊ ရှမ်းပြည်နယ် တည်ငြိမ် အေးချမ်းမှု မြှင့်တင်ရေးနှင့် တရုတ် – မြန်မာ နယ်စပ် ဒေသ လူ့ အဖွဲ့အစည်း အေးချမ်း တည်ငြိမ်ရေးအတွက် အရေးပါလာမည်ဖြစ် ကြောင်းလည်း ထည့်သွင်း ပြောကြားခဲ့သည်။

“မကြာသေးမီကလည်း မူဆယ်-ထီးချိုင့် – မန္တလေး ကားလမ်းနဲ့ နေပြည်တော် – ကျောက်ဖြူ ကားလမ်း ပူးပေါင်း တည်ဆောက်ရေးအတွက် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပါတယ်၊ နှစ်နိုင်ငံ မီးရထားလမ်းနဲ့ လျှပ်စစ် ဓာတ်အား စနစ် အပြန်အလှန် ချိတ်ဆက်ရေး ဆိုင်ရာ ပူးပေါင်း ဆောင်ရွက် မှု ကိုလည်း စတင် ဆွေးနွေးနေပါပြီ၊ တရုတ်နိုင်ငံဟာ ငွေကြေး၊ နည်းပညာ၊ လူ့စွမ်းအား အရင်းအမြစ် စတဲ့ကဏ္ဍများမှ အားသာချက်များကို ဆက်လက် ဖော်ထုတ်ပြီး မြန်ဆန် ချောမွေ့ထိရောက်သော အထွေထွေအခြေခံ အဆောက်အအုံ ကွန်ယက်များကို ကူညီ လုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်” ဟုလည်း သံအမတ်ကြီးက ဖြည့်စွက် ပြောကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စု ဝန်ကြီး ကျေးဇူးတင်စကား ပြောကြားရာတွင် “နှစ်နိုင်ငံ ချစ်ကြည်ရေးနဲ့ ကုန်သွယ်မှု ကဏ္ဍတွေကို မြှင့်တင်ဖို့အတွက် ကွမ်းလုံတံတား အသစ်တစ်စင်း တည်ဆောက်ဖို့ လိုအပ်လာပါတယ်၊ ဒီတံတား တည်ရှိရာ သိန္နီ – ကွမ်းလုံ – ချင်းရွှေဟော် လမ်းဟာ ရှမ်းပြည်နယ် မြောက်ပိုင်းအတွက်သာမက တရုတ် – မြန်မာ နှစ်နိုင်ငံ ဆက်သွယ်ရေးအတွက်ပါ မရှိမဖြစ် အရေးပါ နေပါတယ်၊ ဒါကြောင့် ဒီတံတားစီမံကိန်းဟာ ရှမ်းပြည်နယ် မြောက်ပိုင်းအတွက်ရော ခေတ်သစ်ပိုးလမ်းမကြီး One Belt One Road ရဲ့ အစိတ်အပိုင်းအဖြစ်ပါ တိုးတက်စေနိုင်မယ်၊ နျစ်နိုင်ငံ ချစ်ကြည်ရေးအတွက် အရေးပါ ထင်ရှားတဲ့ Landmark ကြီး ဖြစ်လာမယ်လို့ အခိုင်အမာ ယုံကြည်မိပါတယ်” ဟု ထည့်သွင်းပြောကြားခဲ့သည်။

ထို့နောက် တံတား စီမံကိန်း ခွင့်ပြု စာတမ်း လက်မှတ်ရေးထိုးခြင်း၊ လဲလှယ်ခြင်းများကို ဆက်လက် ဆောင်ရွက်ကြပြီး အမှတ်တရ ဓာတ်ပုံများ ရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.