Connect with us

Social, Education & Health

တရုတ်နိုင်ငံရှိ လူဦးရေ ၁၅ ရာခိုင်နှုန်းကျော်မှာ အသက် ၆၀ ကျော်များ ဖြစ်နေ

ကျန်းမာရေး အိပ်ရာ ကုတင်များဖြင့် အိပ်နေကြသည့် သက်ကြီး ရွယ်အိုများအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

ပေကျင်း၊ မေ ၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတွင် စုစုပေါင်း လူဦးရေ၏ ၁၆.၁ ရာခိုင်နှုန်း ဖြစ်သော အရေအတွက်အားဖြင့် ၂၂၂ သန်းမှာ အသက် ၆၀ ပြည့်ပြီး သို့မဟုတ် လွန်ခဲ့သည့် နှစ်ကုန်ပိုင်းက အသက် ၆၀ ပြည့်ခဲ့ပြီးသူများဖြစ်ကြောင်း အဆင့်မြင့် အရာရှိ တစ်ဦး က မေလ ၃ ရက်က ကြေညာခဲ့သည်။

တရုတ်နိုင်ငံ အဆင့်မြင့် ဝန်ဆောင်မှု ကွန်ရက်က နေအိမ်၊ လူမှုအသိုက်အဝန်းနှင့် စောင့်ရှောက်ရေး အခြေပြု လုပ်ငန်းများအား ထည့်သွင်းကာ စာရင်း ကောက်ယူထားခြင်း ဖြစ်ကြောင်း မြို့ပြရေးရာ ဒုတိယ ဝန်ကြီး ကောင်းရှောင်ပင်း (Gao Xiaobing) က မေလ ၃ ရက်မှ ၅ ရက် အထိ ပြုလုပ်သည့် တရုတ်နိုင်ငံ အပြည်ပြည်ဆိုင်ရာ အဆင့်မြင့် ဝန်ဆောင်မှု ငါးကြိမ်မြောက် ပြပွဲတွင် ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ၏ ခေတ်သစ် လူ့အဖွဲ့အစည်း တည်ဆောက်ရာတွင် သက်ကြီး စောင့်ရှောက်မှု ဝန်ဆောင်မှုများ တိုးတက်လာရေးမှာ အလေးထားရမည့် လုပ်ငန်း တစ်ရပ်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းက သက်ကြီးရွယ်အိုများ အတွက် ကျန်းမာရေး အိပ်ရာကုတင် ၆.၈ သန်းရှိခဲ့ပြီး ပျမ်းမျှ အားဖြင့် သက်ကြီးရွယ်အို ဦးရေ ၁,၀၀၀ လျှင် အိပ်ရာကုတင် ၃၀.၈ လုံး ဝန်းကျင် ရှိကြောင်း မြို့ပြရေးရာ ဝန်ကြီး ဋ္ဌာန စာရင်းအရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.