Connect with us

Social, Education & Health

တရုတ်နိုင်ငံ၌ COVID-19 ကာကွယ်ဆေး ၂၁ မျိုး လက်တွေ့စမ်းသပ်မှုအဆင့်ထဲသို့ ရောက်ရှိ

တရုတ်နိုင်ငံ ပေကျင်းမြို့၌ Sinopharm ကာကွယ်ဆေး ထုတ်ပိုးနေကြသည့် ဝန်ထမ်းများအား မေ ၃၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဇွန် ၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၌ COVID-19 ကာကွယ်ဆေး ၂၁ မျိုးသည် လက်တွေ့စမ်းသပ်မှုအဆင့်သို့ ရောက်ရှိနေပြီးဖြစ်ကြောင်း အမျိုးသားကျန်းမာရေးကော်မရှင် (NHC)၏ တာဝန်ရှိသူတစ်ဦးက ဇွန် ၆ ရက်တွင် ပြောကြားခဲ့သည်။ယခုအချိန်ထိ COVID-19 ကာကွယ်ဆေး ၄ မျိုးကို ချွင်းချက်ဖြင့် ဈေးကွက်တင်ပို့မှု ခွင့်ပြုချက် ရရှိထားပြီးဖြစ်ကြောင်း နှင့် ကာကွယ်ဆေး ၃ မျိုးမှာ နိုင်ငံအတွင်း အရေးပေါ်အသုံးပြုရန်အတွက် ခွင့်ပြုထားပြီးဖြစ်ကြောင်း NHC ၏ ဒုတိယအကြီးအကဲ Zeng Yixin ၏ ပြောကြားချက်အရ သိရသည်။

စုစုပေါင်း COVID-19 ကာကွယ်ဆေး ၈ မျိုးကို ပြည်ပတွင် လက်တွေ့စမ်းသပ်မှုအဆင့်- ၃ အတွက် အတည်ပြုထားပြီးဖြစ်ကြောင်း နှင့် messenger RNA (mRNA) COVID-19 ကာကွယ်ဆေး တစ်မျိုးကို ပြည်ပတွင် လက်တွေ့စမ်းသပ်မှု အဆင့်-၃ အတွက် ကျင့်ဝတ်ဆိုင်ရာလိုအပ်ချက်များကို ဆောင်ရွက်နေကြောင်း သိရသည်။ (Xinhua)

#China #vaccine #clinical #trial #တရုတ်နိုင်ငံ #ကာကွယ်ဆေး #လက်တွေ့စမ်းသပ်မှု #ဆင်ဟွာ #xinhua #myanmar #xinhuamyanmar
…………………………………………
(English Version)

21 COVID-19 vaccines enter clinical trials in China: official

BEIJING, June 7 (Xinhua) — China has witnessed 21 COVID-19 vaccines enter clinical trials, an official with the National Health Commission (NHC) said Sunday.
So far, four COVID-19 vaccines have been granted conditional marketing approval and three have been authorized for emergency use within the country, according to Zeng Yixin, deputy head of the NHC.

A total of eight COVID-19 vaccines have been approved for phase III clinical trial overseas, and one messenger RNA (mRNA) COVID-19 vaccine met the ethical requirements for phase III clinical trial overseas, Zeng said. Enditem1.Staff members work at the packaging line of the Sinopharm vaccines in Beijing, capital of China, May 31, 2021. (Xinhua)