Connect with us

Social, Education & Health

မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန် ဆင်ဟွာ သတင်းဌာန၏ မြန်မာဘာသာ အွန်လိုင်းမီဒီယာ (Xinhua Myanmar) သို့လာရောက် လေ့လာ အားပေးခဲ့

မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန် ဆင်ဟွာ သတင်းဌာန၏ မြန်မာဘာသာ အွန်လိုင်း မီဒီယာဌာနသို့ လာရောက်လေ့လာနေစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ စက်တင်ဘာ ၁၁ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန်သည် မြန်မာနိုင်ငံ အခြေစိုက် နိုင်ငံတကာ အကြီးဆုံး သတင်းဌာနများထဲတွင် တစ်ခု အပါအဝင် ဖြစ်သော တရုတ်ပြည်သူ့သမ္မတ နိုင်ငံပိုင် ဆင်ဟွာ သတင်းဌာန၏ မြန်မာဘာသာ အွန်လိုင်းမီဒီယာ (Xinhua Myanmar) သို့စက်တင်ဘာ ၁၁ ရက်တွင် လာရောက် လေ့လာ အားပေး ကြည့်ရှုခဲ့သည်။

ထို့ပြင် တရုတ်-မြန်မာ နှစ်နိုင်ငံ ပြည်သူတို့၏ အစဉ်အလာ ရှိရင်းစွဲ ချစ်ကြည်ရေးနှင့် အပြန်အလှန် နားလည်မှု တိုးပွား စေရန်အတွက် ရည်ရွယ် ဖွင့်လှစ်ထားသော ဆင်ဟွာ သတင်းဌာန မြန်မာဘာသာ အွန်လိုင်း မီဒီယာ၏ (Xinhua Myanmar) သတင်းတင်ဆက်ပုံ အဆင့်ဆင့်နှင့် လုပ်ငန်း ဆောင်ရွက်နေသည့် အခြေအနေများ ကိုလည်း အားပေး လေ့လာ ကြည့်ရှုခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန် ဆင်ဟွာ သတင်းဌာန၏ မြန်မာဘာသာ အွန်လိုင်း မီဒီယာဌာန (Xinhua Myanmar) သို့ လာရောက် လေ့လာနေစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန် ဆင်ဟွာ သတင်းဌာန၏ မြန်မာဘာသာ အွန်လိုင်း မီဒီယာဌာန (Xinhua Myanmar) သို့ လာရောက် လေ့လာနေစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန် ဆင်ဟွာ သတင်းဌာန၏ မြန်မာဘာသာ အွန်လိုင်း မီဒီယာဌာန (Xinhua Myanmar) သို့ လာရောက် လေ့လာနေစဉ် (ဆင်ဟွာ)

ဆင်ဟွာ သတင်းဌာန၏ မြန်မာဘာသာ အွန်လိုင်း မီဒီယာသည် ဆင်ဟွာ သတင်းဌာန နိုင်ငံတကာ သတင်း ထုတ်ပြန်ရေး စနစ်၏ ပထမဦးဆုံး အများသုံး မဟုတ်သည့် ဘာသာဖြင့် နိုင်ငံတကာ သတင်း ထုတ်ပြန်ရေး လုပ်ငန်း တရပ် ဖြစ်သည်။ ဆင်ဟွာ သတင်းဌာနသည် ကာလ တစ်လျှောက်လုံးတွင် နေ့စဉ် ၂၄ နာရီ စဉ်ဆက် မပြတ် တရုတ် ၊ အင်္ဂလိပ် ၊ ပြင်သစ် ၊ စပိန် ၊ ရုရှား ၊ အာရပ် ၊ ပေါ်တူဂီနှင့် ဂျပန်စသည့် ဘာသာစကား (၈) မျိုးဖြင့် ကမ္ဘာ့နိုင်ငံ အသီးသီးသို့ စာသတင်း ၊ ဓာတ်ပုံသတင်းနှင့် ဗွီဒီယိုသတင်း များကို ထုတ်လွှင့် လျက်ရှိပါသည်။ ထို့ကြောင့် မြန်မာဘာသာ စကားသည် ဆင်ဟွာ သတင်းဌာန နိုင်ငံတကာ သတင်း ထုတ်ပြန်ရေး စနစ်၏ နဝမမြောက် တရားဝင်သုံး ဘာသာစကား ဖြစ်လာပါသည်။

ဆင်ဟွာ သတင်းဌာနကို ၁၉၃၁ ခုနှစ်တွင် စတင်ထူထောင်ခဲ့သည် ။ ယခုအခါ နိုင်ငံ တကာ အကြီးဆုံး သတင်းဌာန များထဲတွင် တစ်ခု အပါအဝင် ဖြစ်သည်။ ဆင်ဟွာ ရန်ကုန် ဗျူရိုကို ၁၉၅၆ ခုနှစ် တွင် ဖွင့်လှစ် ခဲ့သည်။ ဆင်ဟွာ သတင်းဌာန၏ မြန်မာဘာသာ Online မီဒီယာ ကို ၂၀၁၅ ခုနှစ် ဇန်နဝါရီလတွင် စတင် တည်ထောင်ခဲ့ပြီး မေလ ၈ ရက်နေ့တွင် တရားဝင် စတင် ဖွင့်လှစ်ခဲ့သည်။ ဆင်ဟွာ သတင်းဌာန၏ စိတ်ဝင်စားဖွယ် ကောင်းသော နယ်ပယ်စုံ သတင်း အချက်အလက်များကို ပြန်လည် စိစစ် ရွေးချယ်ပြီး ကဏ္ဍစုံ သတင်းများအား မြန်မာဘာသာဖြင့် ရေးသား၍ ထုတ်ပြန်လျက် ရှိပါသည်။

ဆင်ဟွာ သတင်းဌာန မြန်မာဘာသာ အွန်လိုင်းမီဒီယာ (Xinhua Myanmar) သည် မြန်မာပြည်သူ လူထုများ ထိတွေ့ဆက်ဆံသော သတင်း စာမျက်နှာ ဖြစ်ပြီး မြန်မာနိုင်ငံမှ စာဖတ် ပရိတ်သတ် အနေဖြင့် မိမိတို့၏ လက်ကိုင်ဖုန်းမှ ဆင်ဟွာမြန်မာ မိုဘိုင်း Application (App) ကို အသုံးပြု၍ သော်လည်းကောင်း ၊ ဆင်ဟွာ မြန်မာဘာသာ ဝက်ဘ်ဆိုက် (Website) ၊ ဖေ့ဘွတ်ခ် (Facebook) ၊ ယူကျု (You Tube) ၊ တွစ်တာ (Twitter) နှင့် ဂူးဂဲပလပ်စ် (Google +) စသည့် မီဒီယာ အမျိုးမျိုးမှ လည်းကောင်း ဆင်ဟွာ မြန်မာဘာသာ သတင်း ၊ ဆင်ဟွာ မြန်မာဘာသာ ဓာတ်ပုံနှင့် ဆင်ဟွာ မြန်မာဘာသာ အသံသွင်း သတင်း ဗွီဒီယိုများအား အဆင်ပြေစွာ ကြည့်ရှု နိုင်ပါသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.