Connect with us

Social, Education & Health

ဟူပေပြည်နယ်တစ်ခုလုံးတွင် ဝူဟန့်မြို့မှအပ ကျန်မြို့ဒေသများတွင် အသစ်ထပ်တိုးလူနာမရှိ 

ဟူပေပြည်နယ် ဝူဟန့်မြို့တွင် ရောဂါသက်သာပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရရှိသူများအား တွေ့ရစဉ်(ဆင်ဟွာ)

ဝူဟန့်၊ မတ် ၆ ရက်(ဆင်ဟွာ) 

ဟူပေပြည်နယ် ကျန်းမာရေးကော်မတီ၏ မတ် ၆ ရက်တွင် ထုတ်ပြန်ချက်များအရ ၂၀၂၀ ပြည့်နှစ် မတ် ၅ ရက် ၀၀:၀၀ နာရီမှ ၂၄:၀၀ နာရီအတွင်း ဟူပေပြည်နယ်တစ်ခုလုံး၌ အသစ်ထပ်တိုးအတည်ပြုလူနာ ၁၂၆ ဦးရှိရာ ၎င်းတို့မှာ ဝူဟန့်တွင်သာဖြစ်ပြီး ကျန်မြို့ဒေသ ၁၆ ခုတွင် အသစ်ထပ်တိုးလူနာ မရှိခဲ့ကြောင်း သိရသည်။ 

ဟူပေပြည်နယ်တစ်ခုလုံးတွင် ထပ်တိုးသေဆုံးသူ ၂၉ ဦးရှိရာ ၎င်းတို့အနက် ဝူဟန့် မြို့တွင် ၂၃ ဦး၊ ရှောက်ကန်မြို့တွင် ၂ ဦး၊ စီရန့်မြို့တွင် ၁ ဦး၊ အဲ့ကျိုးမြို့တွင် ၁ ဦး၊ ဟွမ်ကန်မြို့တွင် ၁ ဦး၊ အန်းစ စီရင်စုတွင် ၁ ဦးဖြစ်ပြီး ကျန်မြို့ဒေသ ၁၁ ခုတွင် သေဆုံးသူမရှိဟု သိရသည်။

ဟူပေပြည်နယ်တွင် ရောဂါသက်သာပျောက်ကင်း၍ ထပ်မံ ဆေးရုံဆင်းခွင့်ရသူ ၁,၄၈၇ ဦး ရှိရာ ဝူဟန့်တွင် ၁,၀၃၈ ဦး၊ ရှောက်ကန်တွင် ၉၀ ဦး၊ ရှင်းကျိုးတွင် ၅၇ ဦး ၊ ဟွမ်ကန်တွင် ၅၄ ဦး၊ ရီချန်းတွင် ၄၆ ဦး ၊ ဟွမ်စီတွင် ၃၇ ဦး၊ ဆွေကျိုးတွင် ၃၅ ဦး၊ ရှန်းရန်တွင် ၃၁ ဦး၊ အန်းစီတွင် ၁၉ ဦး၊ အဲကျိုးတွင် ၁၈ ဦး၊ ရှင်းမန်တွင် ၁၆ ဦး ၊ စီရန့်တွင် ၁၂ ဦး၊ ရှန်နင်တွင် ၁၀ ဦး ၊ ရှန်းထောင်တွင် ၉ ဦး၊ ချန်ကျန်းတွင် ၈ ဦးနှင့် ထျန်းမန်တွင် ၇ ဦး တို့ဖြစ်ကြကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ် မတ် ၅ ရက် ၂၄ : ၀၀ နာရီ အချိန်အထိဆိုလျှင် ဟူပေပြည်နယ်၌ COVID-19ရောဂါ အတည်ပြုလူနာ စုစုပေါင်း ၆၇,၅၉၂ ဦးရှိရာ ရောဂါသက်သာပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရသူ စုစုပေါင်း ၄၁,၉၆၆ ဦးရှိပြီး သေဆုံးသူ စုစုပေါင်း ၂,၉၃၁ ဦးရှိကြောင်း  သိရသည်။ (Xinhua)