Connect with us

Social, Education & Health

တရုတ် နိုင်ငံ အနေဖြင့် အီရန် နိုင်ငံ ၏ ကပ်ရောဂါ တိုက်ဖျက်ရေး တွင် အတတ်နိုင်ဆုံး ဆက်လက် ကူညီထောက်ပံ့ ပေးသွားမည် ဖြစ်ကြောင်း ပြောကြား 

တရုတ် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်း အား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း ၊ မတ် ၆ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်း က တရုတ် နိုင်ငံ အနေဖြင့် အီရန် နိုင်ငံ ၏ ကပ်ရောဂါ တိုက်ဖျက်ရေး တွင် အတတ်နိုင်ဆုံး ဆက်လက် ကူညီထောက်ပံ့ ပေးသွားမည် ဖြစ်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့်လည်း ကပ်ရောဂါ ထိန်းချုပ် ကာကွယ်ရေး တွင် အီရန် နိုင်ငံ နှင့် ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ ဆောင်ရွက်ရန် တိုက်တွန်းကြောင်း မတ်လ ၅ ရက် တွင် ကျင်းပ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ တွင် ပြောကြား ခဲ့သည်။

ကျောက်လိကျန်း က တရုတ် နိုင်ငံ အနေဖြင့် လက်ရှိအချိန်တွင် အီရန် နိုင်ငံ တွင် ဖြစ်ပွား နေသည့် COVID-19 ရောဂါ နှင့် ပတ်သက်၍ အနီးကပ် စောင့်ကြည့်မှု ပြုလုပ်နေကြောင်း ၊ လတ်တလောရက် ပိုင်း အတွင်း တရုတ် နိုင်ငံ က အီရန် နိုင်ငံ အား COVID-19 ရောဂါ ရှိမရှိ စစ်ဆေးသည့် ပစ္စည်းများ အပြင် ကပ်ရောဂါ တိုက်ဖျက်ရာ တွင် လိုအပ်သော ဆေးဘက်ဆိုင်ရာ ပစ္စည်းများအား ထောက်ပံ့ပေး ခဲ့ပြီး အီရန် နိုင်ငံ ကပ်ရောဂါ တိုက်ဖျက်ရေး အတွက် ပညာရှင် အဖွဲ့ များကို လည်း စေလွှတ် ပေး ခဲ့ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် အီရန် နိုင်ငံ အား ကူညီထောက်ပံ့မှု များ ဆက်လက် ဆောင်ရွက်ပေး သွားမည် ဖြစ်ပြီး ကမ္ဘာ့ အများပြည်သူ ကျန်းမာရေး လုံခြုံမှု အတွက် အတူတကွ ထိန်းသိမ်းသွားရမည် ဖြစ်ကြောင်း ၊ အီရန် နိုင်ငံ အစိုးရ နှင့် ပြည်သူလူထု တို့ က ကပ်ရောဂါ အား တိုက်ဖျက်နေသည့် အရေးပါသည့် အချိန်ကာလ တွင် အီရန် နိုင်ငံ အား တစ်ဖက်သတ် အရေးယူ ပိတ်ဆို့မှုများ ဆောင်ရွက်ခြင်း သည် လူသားချင်း စာနာထောက်ထားသည့် စိတ်ဓာတ် အား ဆန့်ကျင် ရာရောက် သဖြင့် တရုတ် နိုင်ငံ က သက်ဆိုင်ရာ နိုင်ငံများ မှ အရေးယူပိတ်ဆို့မှုများ အား ဖယ်ရှားပေးရန် တိုက်တွန်းလိုကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် ကျောက်လိကျန်း က တရုတ် နိုင်ငံ ကြက်ခြေနီ အသင်း ပညာရှင်များ အဖွဲ့ က ဖေဖော်ဝါရီ ၂၉ ရက် ၌ အီရန် နိုင်ငံ သို့ ရောက်ရှိခဲ့ပြီး လတ်တလောရက်ပိုင်း အတွင်း လုပ်ငန်းဆောင်ရွက်မှု များစွာ ဆောင်ရွက်ခဲ့ကာ တရုတ် နိုင်ငံ ၏ ကပ်ရောဂါ တိုက်ဖျက်ရေး အတွေ့အကြုံများ ကို အီရန် နိုင်ငံ အား မျှဝေ ပေးခဲ့ကြောင်း ၊ တရုတ် နိုင်ငံ ပညာရှင် အဖွဲ့ အနေဖြင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) ၏ ပညာရှင် အဖွဲ့ နှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့ပြီး WHO ၏ မြင့်မားစွာ ချီးမွမ်းထောက်ခံမှု ကိုလည်း ရရှိခဲ့ကြောင်း ၊ WHO အနေဖြင့် တရုတ် နိုင်ငံ ပညာရှင် အဖွဲ့ နှင့် အနီးကပ် ညှိနှိုင်းဆောင်ရွက်မှု ထားရှိပြီး တရုတ် နိုင်ငံ ကပ်ရောဂါ တိုက်ဖျက်ရေး အတွေ့အကြုံ နှင့် ပေါင်းစပ် ကာ အီရန် နိုင်ငံ နှင့် သင့်လျော် သည့် ကပ်ရောဂါ တိုက်ဖျက်ရေး နည်းလမ်း ကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။  (Xinhua)