Connect with us

Social, Education & Health

ကူးစက်ရောဂါဖြစ်ပွားမှုအတွင်း မွေးကင်းစကလေးငယ်ကို စောင့်ရှောက်ပေးသော ဆရာဝန် တစ်ဖြစ်လဲ ယာယီမေမေ

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် ချန်ကျန်းမြို့ရှိ မိခင်နှင့်ကလေး ကျန်းမာရေးဆေးရုံတွင် မွေးကင်းစကလေးငယ် တျန်တျန်နှင့် ၎င်း၏ယာယီမေမေအဖြစ် စောင့်ရှောက်ပေးနေသော ဒေါက်တာ စူးဟွေ့တို့အား တွေ့ရစဉ် (ဆင်ဟွာ)

ချန်ကျန်း၊ မတ် ၆ ရက် (ဆင်ဟွာ)

ယခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်က ဟူပေပြည်နယ် ချန်ကျန်းမြို့ရှိ မိခင်နှင့်ကလေး ကျန်းမာရေးဆေးရုံတွင် မွေးဖွားခဲ့သည့် သမီးလေး တျန်တျန်သည် ၎င်း၏မိခင်မှာ နိုဗယ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရကြောင်း အတည်ပြုခံရပြီးနောက် ဆေးရုံ၏ သီးသန့်ကြပ်မတ်ဆောင်သို့ ပြောင်းရွှေ့နေထိုင်ခဲ့ရသည်။

ဆန်းရှီးပြည်နယ် ချန်ကျစ်ပြည်သူ့ဆေးရုံမှ ဆရာဝန်တစ်ဦးဖြစ်သော စူးဟွေ့က တျန်တျန်၏မိခင် သီးသန့်ခွဲခြားစောင့်ကြည့်နေစဉ်အတွင်း သမီးလေး တျန်တျန်၏ ယာယီမေမေဖြစ်လာခဲ့ပြီး ၎င်း၏ ကောင်းမွန်စွာ ပြုစုစောင့်ရှောက်မှုအောက်တွင် တျန်တျန်လေးမှာ ရုပ်ပိုင်းဆိုင်ရာ လက္ခဏာအားလုံး ပုံမှန်အနေအထားဖြင့် ကျန်းမာသော ကလေးတစ်ယောက်ဖြစ်လာခဲ့သည်။

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် ချန်ကျန်းမြို့ရှိ မိခင်နှင့်ကလေး ကျန်းမာရေးဆေးရုံတွင် မွေးကင်းစကလေးငယ် တျန်တျန်နှင့် ၎င်း၏ယာယီမေမေအဖြစ် စောင့်ရှောက်ပေးနေသော ဒေါက်တာ စူးဟွေ့တို့အား တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် ချန်ကျန်းမြို့ရှိ မိခင်နှင့်ကလေး ကျန်းမာရေးဆေးရုံတွင် မွေးကင်းစကလေးငယ် တျန်တျန်နှင့် ၎င်း၏ယာယီမေမေအဖြစ် စောင့်ရှောက်ပေးနေသော ဒေါက်တာ စူးဟွေ့တို့အား တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် ချန်ကျန်းမြို့ရှိ မိခင်နှင့်ကလေး ကျန်းမာရေးဆေးရုံတွင် မွေးကင်းစကလေးငယ် တျန်တျန်နှင့် ၎င်း၏ယာယီမေမေအဖြစ် စောင့်ရှောက်ပေးနေသော ဒေါက်တာ စူးဟွေ့တို့အား တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် ချန်ကျန်းမြို့ရှိ မိခင်နှင့်ကလေး ကျန်းမာရေးဆေးရုံတွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသဖြင့် ခွဲခြားစောင့်ကြည့်ခံနေရသည့် တျန်တျန်၏မိခင်က သမီးလေး တျန်တျန်ကို စောင့်ရှောက်ပေးခဲ့သော ယာယီမေမေ ဒေါက်တာစူးဟွေ့ထံမှ စာအား လက်ခံနေစဉ် (ဆင်ဟွာ) 

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် ချန်ကျန်းမြို့ရှိ မိခင်နှင့်ကလေး ကျန်းမာရေးဆေးရုံတွင် စောင့်ကြပ်ကြည့်ရှုခံနေရသော တျန်တျန်၏မိခင်အား ယာယီမေမေ ဒေါက်တာစူးဟွေ့က သွားရောက်တွေ့ဆုံနေစဉ် (ဆင်ဟွာ)

 တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် ချန်ကျန်းမြို့ရှိ မိခင်နှင့်ကလေး ကျန်းမာရေးဆေးရုံတွင် သမီးလေး တျန်တျန်ထံ စာရေးသားနေသော ယာယီမေမေ ဒေါက်တာစူးဟွေ့အား တွေ့ရစဉ် (ဆင်ဟွာ)

ဖေဖော်ဝါရီ ၂၉ ရက်တွင်မူ ယာယီမေမေ ဒေါက်တာစူးဟွေ့၏ ဆန္ဒမွန်များဖြင့်ရေးသားထားသော စာတစ်စောင်နှင့်အတူ တျန်တျန်လေးသည် မိသားစုနှင့်အတူ ပြန်လည်နေထိုင်ရန် ဆေးရုံမှဆင်းသွားခဲ့ပြီဖြစ်သည်။ စူးဟွေ့က စာထဲတွင် ၎င်းအနေဖြင့် တျန်တျန်၏ သူငယ်ချင်းများကို ကာကွယ်၊ စောင့်ရှောက်လေ့ရှိသော စိတ်ကူးယဉ်ဇာတ်ကောင် စူပါသူရဲကောင်းတစ်ဦးဖြစ်သည့် “Babymax” ဖြစ်လိုကြောင်းနှင့် သမီးလေးကို ကာကွယ်ပေးသွားချင်ကြောင်း ရေးသားထားသည်။  (Xinhua)