Connect with us

Social, Education & Health

တရုတ်နိုင်ငံတွင် HIV ဝေဒနာရှင်တစ်ဦး အား ပထမဆုံး နှလုံးခွဲစိတ်မှု အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့

တရုတ်နိုင်ငံတွင် ပြုလုပ်ခဲ့သည့် နှလုံးခွဲစိတ်မှုတစ်ခုအားတွေ့ရစဉ် (ဆင်ဟွာ)

ရှန်ဟိုင်း၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတွင် ပထမဆုံး နှလုံးခွဲစိတ်မှု ခံယူခဲ့သော HIV ဝေဒနာရှင်တစ်ဦးသည် ဖေဖော်ဝါရီ ၉ ရက်တွင် ၎င်းဆေးကုသမှုခံယူခဲ့သည့် ရှန်ဟိုင်း ဆေးရုံမှ ဆင်းလာပြီဖြစ်ကြောင်း သိရသည်။

AIDS ရောဂါရှာဖွေရေး နှင့် ကုသရေးဆိုင်ရာ ရှန်ဟိုင်းစင်တာ ဒါရိုက်တာ လုဟောင်ကျိုး က ယခုခွဲစိတ်မှုသည် တရုတ်နိုင်ငံတွင် HIV ဝေဒနာရှင်တစ်ဦးအား ပထမဆုံး အောင်မြင်စွာ နှလုံးခွဲစိတ်နိုင်မှုတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။အသက် ၅၈နှစ်အရွယ် အမျိုးသားဝေဒနာရှင်သည် နှလုံးသွေးကြောကျဉ်းဝေဒနာခံစားခဲ့ရပြီး ခွဲစိတ်ကုသမှသာလျှင် ရောဂါသက်သာလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဖူတန်တက္ကသိုလ်လက်အောက်ရှိ ကျုံးရှန်းဆေးရုံမှ ခွဲစိတ်ဆရာဝန်တစ်ဦးဖြစ်သည့် စန်းရှောင်နင် က လူနာအား ဇန်နဝါရီ ၆ရက်တွင် ခွဲစိတ်မှုပြုလုပ်ပြီးနောက် HIV နှင့်ဆက်စပ်သည့် နောက်ဆက်တွဲရောဂါများကို ကုသရန် ပြောင်းရွှေ့ပေးခဲ့ကြောင်း ပြောကြားခဲ့သည်။စန်း က “HIV ဝေဒနာရှင်တွေကို ခွဲစိတ်တဲ့အခါ ရောဂါကူးစက်နိုင်တဲ့ အန္တရာယ်ရှိပေမယ့် ခွဲစိတ်ကုသရေးအဖွဲ့ က ဒါကို မကြောက်ရွံ့ခဲ့ပါဘူး။ ဒါဟာ ကျွန်တော်တို့ပြုလုပ်ရမဲ့ တာဝန်ပါ” ဟုပြောကြားခဲ့သည်။ရှန်ဟိုင်းအများပြည်သူကျန်းမားရေးစင်တာ ဒါရိုက်တာ ကျူးတုန်းယု က HIV/AIDS ရောဂါဝေဒနာခံစားနေရသည့် လူနာများအား ခွဲစိတ်ကုသရန် ဆေးရုံများက မကြာခဏ ငြင်းဆန်ကြသော်လည်း စင်တာ၏ AIDS ရောဂါရှာဖွေရေး နှင့် ကုသရေးစင်တာ သည် ယင်းအခက်အခဲကို ဖြေရှင်းနိုင်ရန်အတွက် ၇နှစ်ကြာ ကြိုးစားအားထုတ်ခဲ့ရကြောင်း ပြောကြားခဲ့သည်။စင်တာသည် အရိုး၊အာရုံကြော၊ ကင်ဆာ မှ စ၍ မျက်လုံးဆိုင်ရာ ခွဲစိတ်မှုများလိုအပ်နေသည့် AIDS ဝေဒနာရှင်များကို ခွဲစိတ်ကုသမှုခံယူနိုင်ရန် ကူညီပေးနေကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117