Connect with us

CHINA

တရုတ်နိုင်ငံ ဟောင်ကောင်ဒေသတွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးသူ (၁)သန်းကျော်ရှိလာ

ဟောင်ကောင်၊ မေ ၆ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ဟောင်ကောင်ဒေသတွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးသူ (၁)သန်းကျော်ရှိပြီဖြစ်ရာ ၎င်းတွင် အသက် ၁၆နှစ်နှင့်အထက် ကာကွယ်ဆေးထိုးနှံနိုင်သူ (၁၅)ရာခိုင်နှုန်းပါဝင်ကြောင်း ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ အစိုးရက မေ ၅ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ကာကွယ်ဆေးထိုးနှံမှုအစီအစဉ်ကို အားပေးကြသည့် မြို့နေပြည်သူများကို ကျေးဇူးတင်ရှိကြောင်းနှင့် ကာကွယ်ဆေးမထိုးရသေးသူများ စောလျင်စွာထိုးနှံကြဖို့ တိုက်တွန်းကြောင်း ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ အစိုးရ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။ ကာကွယ်ဆေးထိုးနှံမှုနှုန်းမြင့်မှသာ လူမှုစီးပွားဘဝများ အမြန်ဆုံး ပြန်လည်သက်ဝင်နိုင်မည်ဖြစ်ကြောင်း ၊ တစ်ချိန်တည်းမှာပင် ဗီဇပြောင်း ဗိုင်းရပ်စ်၏အန္တရာယ်ကို ရင်ဆိုင်နေရရာ မိမိနှင့်မိမိအနီးရှိသူများကို ကာကွယ်ရန်အတွက် ကာကွယ်ဆေးထိုးနှံမှုကို မဆိုင်းမတွဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဟောင်ကောင်ဒေသတွင် ကာကွယ်ဆေးထိုးနှံမှုအစီအစဉ်များကို ဖေဖော်ဝါရီ ၂၆ ရက်က တရားဝင်စတင် ဆောင်ရွက်ခဲ့ရာ မေ ၅ ရက်အထိဆိုလျှင် (၆၉)ရက်မြောက် ရှိပြီဖြစ်ကြောင်း သိရသည်။ လက်ရှိ ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပြီးသူ (၁.၀၀၅၄)သန်းရှိရာ (၅၈၈,၀၀၀)မှာ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပြီးဖြစ်ကြောင်း သိရသည်။ (Xinhua)
———————————————-
(Chinese Version)
(港澳台)香港接种新冠疫苗市民突破百万
2021-05-05 23:38:10
新华社香港5月5日电(记者韦骅)香港特区政府5日公布,已经有超过100万香港市民接种新冠疫苗,约占香港16岁或以上合资格接种人口的15%。
 香港特区政府发言人感谢市民支持疫苗接种计划,并呼吁尚未接种疫苗人士尽早接种。他说,高疫苗接种率才可以尽快恢复经济和民生活动;同时,面对变种病毒株的威胁,为了保护自己和身边的人,接种疫苗刻不容缓。
 香港新冠疫苗接种计划自2月26日正式展开,5月5日是计划推行的第69天。目前共有约100.54万名市民已接种第一剂疫苗,约58.8万名市民已接种第二剂疫苗。(完)
新华社照片,香港,2021年4月8日
香港新增10例新冠肺炎确诊病例
4月8日,香港小朋友在户外玩耍。
(配本社同题文字稿)
新华社记者 卢炳辉 摄