Connect with us

ASEAN

ဂျပန်ဝန်ကြီးချုပ် အာဘေးက အိုလံပစ်ပွဲတော် ရွှေ့ဆိုင်းခြင်းမှာ ရွေးချယ်စရာတစ်ခု ဖြစ်ဟု ပြောကြား

အိုလံပစ် မီးရှူးတိုင် ဂျပန်နိုင်ငံသို့ မတ် ၂၀ ရက်တွင် ရောက်ရှိလာခဲ့သည်ကို တွေ့ရစဉ်(ဆင်ဟွာ)

 

တိုကျို ၊ မတ် ၂၃ ရက်(ဆင်ဟွာ)

ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက တိုကျိုအိုလံပစ် အားကစားပြိုင်ပွဲအား ကမ္ဘာတစ်ဝှမ်း ကိုရိုနာ ဗိုင်းရပ်စ် ရောဂါ ပြန့်နှံ့မှုကြောင့် ရွှေ့ဆိုင်းရနိုင်ဖွယ်ရှိကြောင်း မတ် ၂၃ ရက်တွင် ကျင်းပသော လွှတ်တော်အစည်းအဝေးတွင် ပြောကြားခဲ့သည်။ 

လတ်တလောတွင် ကြုံတွေ့နေရသည့် ဇူလိုင် ၂၄ ရက်တွင် ကျင်းပရန် စီစဉ်ထားသော တိုကျိုအိုလံပစ် အားကစားပြိုင်ပွဲအား ကမ္ဘာအနှံ့ရှိ အားကစား အဖွဲ့အစည်းများမှ ဖိအားပေးမှု လျော့ကျသွားစေရန် ဝန်ကြီးချုပ်၏ အားကစားပွဲနှင့် ပတ်သက်ပြီး ပထမဆုံးအကြိမ် ထုတ်ဖော် ပြောကြားမှု ဖြစ်သည်။ “အကယ်၍ အားကစားပြိုင်ပွဲတွေ ကျင်းပဖို့ ခက်ခဲတဲ့ အခြေအနေမှာဆိုရင် အားကစားသမားတွေရဲ့ ကျန်းမာရေး ကို ထိပ်တန်း ဦးစားပေးတဲ့အနေနဲ့ ရွှေ့ဆိုင်းဖို့ ဆုံးဖြတ်ရပါမယ်။”ဟု ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ ပြောကြားချက်ကို ကျိုဒို သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။ 

အိုလံပစ် အမှတ်တံဆိပ်နားတွင် နှာခေါင်းစည်း တပ်ဆင်ထားသည့် လူတစ်ဦးအား တွေ့ရစဉ်(ဆင်ဟွာ) 

သို့သော် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက အိုလံပစ်ပြိုင်ပွဲအား ဖျက်သိမ်းသွားမည်ဟု ဆိုလိုခြင်း မဟုတ်ကြောင်း ပြောကြားခဲ့သည်။“ပွဲဖျက်သိမ်းဖို့က ရွှေးချယ်စရာ မဟုတ်ပါဘူး။”ဟု ၎င်းက ပြောကြားခဲ့သည်။နိုင်ငံတကာ အိုလံပစ်ကော်မတီ(IOC) ဥက္ကဋ္ဌ Thomas Bach က မတ် ၂၂ ရက်တွင် အားကစားသမားများထံသို့ ပေးပို့သော အိတ်ဖွင့်ပေးစာ တစ်စောင်တွင် IOC က ၂၀၂၀ တိုကျို အိုလံပစ်ကော်မတီ နှင့် ဂျပန်အစိုးရတို့ အကြား ဆွေးနွေးမှုတွင် ပွဲရွှေ့ဆိုင်းခြင်း အစီအစဉ် အပါအဝင် ကမ္ဘာတစ်ဝှမ်း ကျန်းမာရေး အခြေအနေ လျှင်မြန်စွာ ပြန်လည် တိုးတက်လာမှုအား ပြီးပြည့်စုံသော အကဲဖြတ်မှုနှင့်  အိုလံပစ်ပြိုင်ပွဲများ အပေါ် သက်ရောက်မှု အသေးစိတ် ဆွေးနွေးမှုများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ရေးသားထားသည်။ IOC အနေဖြင့် လာမည့် လေးပတ် အတွင်း ယင်းဆွေးနွေးမှုများ ပြီးပြတ်သွားမည်ဟု ယုံကြည်ကြောင်း ဥက္ကဋ္ဌ Thomas Bach က ပြောကြားခဲ့သည်။ IOC ဥက္ကဋ္ဌ Thomas Bach က “ဖျက်သိမ်းဖို့က ဒီအစီအစဉ်ထဲမှာ မပါပါဘူး။”ဟု အလေးအနက် ပြောကြားခဲ့သည်။ (Xinhua)