Connect with us

ASEAN

အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီအား မတ်လကုန်အထိ ပိတ်ထားမည်ဟု ကြေညာ 

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မြင်ကွင်းများအား မတ် ၂၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

နယူးဒေလီ၊ မတ် ၂၃ ရက်(ဆင်ဟွာ) 

ကပ်ရောဂါ ပြန့်ပွားမှုကိုကာကွယ်ရန် န္ဒိယနိုင်ငံ မြို့တော် နယူးဒေလီကို မတ် ၂၃ ရက် ဒေသစံတော်ချိန် ၆:၀၀ နာရီမှစ၍ မတ် ၃၁ ရက် ၂၄:၀၀ အထိ မြို့ပိတ်လိုက်ပြီဖြစ်ကြောင်း၊ လူနေမှုအတွက်လိုအပ်သည့် အခြေခံစက်မှုလုပ်ငန်းများသာ လည်ပတ်မည်ဖြစ်ကြောင်း နယူးဒေလီ မြို့ဝန်ကြီးချုပ်  Arvind Kejriwal က မတ် ၂၂ ရက်တွင် ကြေညာခဲ့သည်။

မြို့ပိတ်ထားသည့်ကာလအတွင်း တစ်မြို့လုံးရှိ ကိုယ်ပိုင်အိမ်စီးကားအားလုံးနှင့် လိုင်းကားအချို့၏ မောင်းနှင်သွားလာမှုကို ရပ်တန့်ထားမည်ဖြစ်ပြီး လိုအပ်သည့်သွားလာမှုများအတွက် ဒေလီပို့ဆောင်ရေး ကော်ပိုရေးရှင်း(DTC) စီစဉ်ပေးသွားမည်ဖြစ်ကြောင်း ၊ ရေမီးပေးဝေရေးဆိုင်ရာ စသည့်ဌာနများမှအပ တစ်မြို့လုံးရှိ ကုန်သွယ်စီးပွားအဆောက်အဦများ၊ စက်ရုံများ၊ အခမ်းအနားကျင်းပသည့်နေရာများနှင့်ဘာသာရေးအဆောက်အဦနေရာများကို ယာယီ ပိတ်ထားမည်ဖြစ်ကြောင်း ၊ နယူးဒေလီမြို့နှင့်ပြင်ပအဆက်အသွယ်ကို ကုန်ပစ္စည်းသယ်ယူပို့ဆောင်မှုများကိုသာ သွားလာခွင့် ပြုမည်ဖြစ်ကြောင်း Arvind Kejriwal က  မတ်၂၂ ရက်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

 အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မြင်ကွင်းများအား မတ် ၂၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

မြို့ပိတ်ကာလအတွင်း သတင်းမီဒီယာနှင့် ဆက်သွယ်ရေး၊စာတိုက်ဝန်ဆောင်မှုများမပါဝင်ကြောင်း ၊ ဓါတ်ဆီဆိုင်၊ ဆေးဆိုင်စသည်တို့မှာ ပုံမှန်လည်ပတ်မည်ဖြစ်ပြီး စားသောက်ဆိုင်များကို အစားအသောက်ပို့ဆောင်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။ယင်းနေ့တွင်ပင် ရာဇဌာန်ပြည်နယ်(Rajasthan)၊ ပန်ဂျပ်ပြည်နယ်(Punjab)၊ အနောက်ဘန်ဂေါပြည်နယ်(West Bengal) စသည့်ဒေသများက နယ်စပ်ပိတ်ထားကြောင်း ကြောညာခဲ့သည်။ တစ်ချိန်တည်းတွင်ပင် အိန္ဒိယ မီးရထားဌာနကလည်း မတ် ၂၂ ရက် နံနက် ၄:ဝဝ နာရီ မှစ၍ မတ် ၃၁ ရက် ၂၄ နာရီအထိ ခရီးသည်တင်ရထားပို့ဆောင်မှုကို တစ်နိုင်ငံလုံး ယာယီရပ်နားထားမည်ဖြစ်ကြောင်း၊ သို့သော်လည်း နိုင်ငံတစ်ဝန်းဒေသအသီးသီး၏ အခြေခံထောက်ပံ့ရေးပစ္စည်းပံ့ပိုးမှုအတွက် ကုန်တင်ရထားများကို သွားလာခွင့်ပြုမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

 အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မြင်ကွင်းများအား မတ် ၂၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

 အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မြင်ကွင်းများအား မတ် ၂၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

 အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မြင်ကွင်းများအား မတ် ၂၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

 အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မြင်ကွင်းများအား မတ် ၂၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ မတ် ၂၂ ရက် ညပိုင်းတွင် ထုတ်ပြန်သည့် နောက်ဆုံးရ ကိန်းဂဏန်းများအရ  ယင်းနေ့အထိ နယူးဒေလီမြို့တွင် COVID-19 ရောဂါ အတည်ပြုလူနာ ၂၈ ဦးရှိပြီး သေဆုံးသူ ၁ ဦးရှိကြောင်း ၊ တစ်နိုင်ငံလုံးတွင် အတည်ပြုလူနာစုစုပေါင်း ၃၆၀ ဦးရှိပြီး သေဆုံးသူ ၇ ဦး ရှိကြောင်း သိရသည်။(Xinhua)