Connect with us

ASEAN

တရုတ်နိုင်ငံ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့နှင့် ဆေးကုသရေးသုံး အထောက်အပံ့ပစ္စည်းများ ဖိလစ်ပိုင်နိုင်ငံသို့ ရောက်ရှိလာ

တရုတ်နိုင်ငံ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့သည် ဆေးကုသရေး အထောက်အပံ့ပစ္စည်းများသယ်ဆောင်ကာ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ နိုင်ငံတကာ လေဆိပ်သို့ ဧပြီ ၅ ရက်တွင် ရောက်ရှိလာစဉ် (ဆင်ဟွာ)

မနီလာ ၊ ဧပြီ ၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံအစိုးရမှ စေလွှတ်သော ကပ်ရောဂါတိုက်ဖျက်ရေး ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့တစ်ဖွဲ့သည် ဧပြီ ၅ ရက်တွင် ဖိလစ်ပိုင်နိုင်ငံ မြို့တော် မနီလာသို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံမှ  လှူဒါန်းပေးအပ်သော ရောဂါကာကွယ်ရေးအထောက်အပံ့ပစ္စည်းများ၊ ဆေးကုသရေး စက်ပစ္စည်းများနှင့် တရုတ် တိုင်းရင်းဆေးဝါးများ သည်လည်း တရုတ်ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့နှင့်အတူ တပါတည်း ရောက်ရှိလာခဲ့ကြောင်း သိရသည်။ 

တရုတ်နိုင်ငံ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့သည် ဆေးကုသရေး အထောက်အပံ့ပစ္စည်းများသယ်ဆောင်ကာ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ နိုင်ငံတကာ လေဆိပ်သို့ ဧပြီ ၅ ရက်တွင် ရောက်ရှိလာစဉ် (ဆင်ဟွာ)

အဆိုပါ ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်အဖွဲ့ကို တရုတ်နိုင်ငံ အမျိုးသား ကျန်းမာရေး ကော်မရှင်မှဖွဲ့စည်းထားခြင်းဖြစ်ပြီး ဖူကျန့်ပြည်နယ်မှ ရွေးချယ်စေလွှတ်ခြင်းဖြစ်ကာ ဖူကန့် ပြည်နယ်ဆေးရုံ၊ ဖူကျန့်ရောဂါကာကွယ်ထိန်းချုပ်ရေးစင်တာ၊ ဖူကျန့်ဆေးတက္ကသိုလ် အမှတ်(၁)ဆေးရုံ၊ ဖူကျန့် တရုတ်တိုင်းရင်းဆေးတက္ကသိုလ် ပြည်သူ့ဆေးရုံစသည်တို့မှ အသက်ရှူလမ်းကြောင်းနှင့်ပြင်းထန်ရောဂါ ကုသရေးဆိုင်ရာဌာန၊ အသက်ရှူလမ်းကြောင်း ရောဂါဆိုင်ရာ တရုတ်တိုင်းရင်းဆေးနှင့်အနောက်တိုင်းဆေးပညာ ပူးတွဲကုသရေးဌာန၊တရုတ် တိုင်းရင်းဆေးဌာန၊ ကူးစက်ရောဂါစီမံထိန်းချုပ်ရေးနှင့် အဏုဇီ၀ဓာတ်ခွဲစစ်ဆေးရေးဌာနများမှ ကျွမ်းကျင်ပညာရှင် ၁၂ ဦး ပါဝင်ကြောင်း သိရသည်။

တရုတ်နိုင်ငံ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့သည် ဆေးကုသရေး အထောက်အပံ့ပစ္စည်းများသယ်ဆောင်ကာ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ နိုင်ငံတကာ လေဆိပ်သို့ ဧပြီ ၅ ရက်တွင် ရောက်ရှိလာစဉ် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး Teodoro Locsin  ၊ ကျန်းမာရေး ဝန်ကြီး Francisco Duqueနှင့် ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး ဝှမ်ရှီးလျန်တို့သည် မနီလာ အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပညာရှင်အဖွဲအား ကြိုဆိုခဲ့ကြသည်။

Teodoro Locsin က ကပ်ရောဂါတိုက်ဖျက်ရေးတွင် ကူညီအားဖြည့်ဆောင်ရွက်ပေးရန်  ပညာရှင်အဖွဲ့စေလွှတ်ပေးသည့် တရုတ်နိုင်ငံအစိုးရကို ဖိလစ်ပိုင်နိုင်ငံ အစိုးရကိုယ်စားကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။တရုတ်နိုင်ငံသည် COVID-19 ကပ်ရောဂါတိုက်ဖျက်ရေးတွင် အတွေ့အကြုံကောင်းများရှိရာ ထိုတွေ့အကြုံများအား ဖိလစ်ပိုင်ရှိ ဆေးဘက်ဆိုင်ရာပညာရှင်များအား မျှဝေပေးရန် မျှော်လင့်ကြောင်း၊ တရုတ်နိုင်ငံ၏ အားဖြည့်ကူညီဆောင်ရွက်မှုများအား ထာ၀ရအမှတ်ရနေမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့သည် ဆေးကုသရေး အထောက်အပံ့ပစ္စည်းများသယ်ဆောင်ကာ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ နိုင်ငံတကာ လေဆိပ်သို့ ဧပြီ ၅ ရက်တွင် ရောက်ရှိလာစဉ် (ဆင်ဟွာ)

ဝှမ်ရှီးလျန်က ယခုပညာရှင်အဖွဲ့သည်  တရုတ်နိုင်ငံအစိုးရမှ အာဆီယံနိုင်ငံများသို့ ကူညီဆောင်ရွက်ရန် စေလွှတ်သည့် တတိယမြောက် အဖွဲ့ဖြစ်ကြောင်း ၊ ပညာရှင်အဖွဲ့ဝင်များသည် ဟူပေပြည်နယ် ကပ်ရောဂါတိုက်ဖျက်ရေးတွင် ပါဝင် ဆောင်ရွက်ဖူးရာ အတွေ့အကြုံများသလို ဆေးကုသမှုနည်းပညာ မြင့်မားရာ ဖိလစ်ပိုင်နိုင်ငံ၏ ကပ်ရောဂါ ကာကွယ်၊ထိန်းချုပ်ရေးနှင့် ကုသရေးကို လက်တွေ့ကျကျ ကူညီဆောင်ရွက်ပေးနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ 

တရုတ်နိုင်ငံ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့သည် ဆေးကုသရေး အထောက်အပံ့ပစ္စည်းများသယ်ဆောင်ကာ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ နိုင်ငံတကာ လေဆိပ်သို့ ဧပြီ ၅ ရက်တွင် ရောက်ရှိလာစဉ် (ဆင်ဟွာ)

ဆေးဘက်ဆိုင်ရာ ပညာရှင်အဖွဲ့ ခေါင်းဆောင် ကျန့်ဟွေ့ဝန်ကလည်း   ၎င်းတို့အဖွဲ့၏ အဓိက တာဝန်မှာ ဖိလစ်ပိုင်နိုင်ငံ ဆေးဘက်ဆိုင်ရာ ဌာနများနှင့် အတွေ့အကြုံ မျှဝေဖလှယ်မှုများကို တိုးမြှင့်ဆောင်ရွက်သွားရန်နှင့် ရောဂါကာကွယ်ထိန်းချုပ်မှုကို ကူညီဆောင်ရွက်သွားရန် ဖြစ်ကြောင်း ဆိုသည်။

တရုတ်နိုင်ငံ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့သည် ဆေးကုသရေး အထောက်အပံ့ပစ္စည်းများသယ်ဆောင်ကာ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ နိုင်ငံတကာ လေဆိပ်သို့ ဧပြီ ၅ ရက်တွင် ရောက်ရှိလာစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့သည် ဆေးကုသရေး အထောက်အပံ့ပစ္စည်းများသယ်ဆောင်ကာ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ နိုင်ငံတကာ လေဆိပ်သို့ ဧပြီ ၅ ရက်တွင် ရောက်ရှိလာစဉ် (ဆင်ဟွာ)

ထိုမတိုင်မီက တရုတ်နိုင်ငံအစိုးရသည် ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ တရုတ်သံရုံးမှတစ်ဆင့် ဆေးဘက်ဆိုင်ရာ အထောက်အပံ့ပစ္စည်းများကို နှစ်သုတ် ပေးပို့ ကူညီခဲ့သလို တရုတ်နိုင်ငံရှိ ဒေသန္တရ အစိုးရအဖွဲ့အစည်းများ၊ ကုမ္ပဏီလုပ်ငန်းများနှင့် ရန်ပုံငွေအသင်းအဖွဲ့များကလည်း ဆေးဘက်ဆိုင်ရာ အသုံးအဆောင် အထောက်အပံ့ပစ္စည်းများလှူဒါန်းခဲ့ကြောင်း သိရသည်။

ဖိလစ်ပိုင်နိုင်ငံ၌ ဧပြီ ၅ ရက် ဒေသစံတော်ချိန် ၁၆ နာရီအထိ COVID-19 အတည်ပြုလူနာ စုစုပေါင်း ၃,၂၄၆ ဦး ရှိပြီး ၎င်းတို့အနက် သေဆုံးသူ ၁၅၂ ဦး ရှိကြောင်း  ဖိလစ်ပိုင်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ ကိန်းဂဏန်းများအရ သိရသည်။   (Xinhua)