Connect with us

ASEAN

မလေးရှားနိုင်ငံတွင် COVID-19 ရောဂါ ကူးစက်ခံရသူ ၄ သိန်းကျော်အထိ ရောက်ရှိလာ

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် အမျိုးသားတစ်ဦး နှာခေါင်းစည်းတပ်၍ သွားလာနေစဉ် (ဆင်ဟွာ)

ကွာလာလမ်ပူ ၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ)

မလေးရှားနိုင်ငံကျန်းမာရေးဝန်ကြီးဌာန၏ ဧပြီ ၂၈ ရက်၌ ထုတ်ပြန်ခဲ့သော ကပ်ရောဂါဆိုင်ရာ စာရင်းပြုစုချက်အရ နိုင်ငံအတွင်း COVID-19 ရောဂါကူးစက်ခံရသူပေါင်း ၄၀၁,၅၉၃ ဦးအထိရောက်ရှိလာခဲ့ပြီး ရောဂါကြောင့် သေဆုံးသူ ၁,၄၇၇ ဦးအထိရောက်ရှိလာခဲ့ကြောင်း သိရသည်။

စာရင်းပြုစုချက်အရ မလေးရှားနိုင်ငံတွင် ပြီးခဲ့သော ၂၄ နာရီအတွင်း COVID-19 ရောဂါထပ်မံကူးစက်ခံရသူ ၃,၁၄၂ ဦးရှိခဲ့ပြီး ဖေဖော်ဝါရီ ၂၄ ရက်မှစတင်၍ ပထမဆုံးအကြိမ် တစ်ရက်အတွင်း လူပေါင်း ၃ ထောင်ကျော် ရောဂါ ကူးစက်ခံရခြင်းဖြစ်ကြောင်း ၊ ရောဂါကူးစက်ခံရမှုများစွာ ဖြစ်ပွားခဲ့သည့် ဒေသများမှာ မလေးရှားနိုင်ငံမြို့တော် ကွာလာလမ်ပူ နှင့် အနီးတစ်ဝိုက်ရှိ ဆီလန်ဂေါ ပြည်နယ် နှင့် ကလန်တန် ပြည်နယ်တို့ဖြစ်ကြကြောင်း သိရသည်။

မလေးရှားနိုင်ငံတွင် ယခုနှစ် ဇန်နဝါရီလကုန်ပိုင်း၌ တစ်ရက်တည်း ရောဂါထပ်မံကူးစက်ခံရသူ ၅ ထောင်ကျော်အထိ ရှိခဲ့ပြီး နိုင်ငံအတွင်း ဒေသအများတွင် တင်းကျပ်သော ကပ်ရောဂါကာကွယ်ရေး ထိန်းချုပ်မှုများဆောင်ရွက်ခဲ့ကြောင်း ၊ မတ်လကုန်ပိုင်း၌ နေ့စဉ်ရောဂါထပ်မံကူးစက်ခံရသူ လူပေါင်း ၁ ထောင်အောက်သို့ပြန်လည်ကျဆင်း လာခဲ့ကြောင်း သိရသည်။ သို့သော် မလေးရှားနိုင်ငံတွင် ကပ်ရောဂါကာကွယ်ရေးဆောင်ရွက်မှုများ ပြန်လည်ဖြေလျှော့ပေးခဲ့ပြီးနောက် ဧပြီ ၁၅ ရက်မှစတင်၍ နေ့စဉ်ရောဂါထပ်မံကူးစက်ခံရသူ လူ၂ ထောင်အထက်သို့ ပြန်လည်ရောက်ရှိလာကြောင်း သိရှိရသည်။ (Xinhua)
————————————
(Chinese Version)
(国际疫情)马来西亚累计新冠确诊病例超过40万
2021-04-28 22:27:56 分类: 疾病
  新华社吉隆坡4月28日电(记者林昊 郁玮)马来西亚卫生部28日发布的疫情数据显示,该国累计新冠确诊病例截至当天已超过40万,达401593例;累计死亡1477例。
  数据显示,过去24小时该国新增确诊病例3142例,单日新增病例数自2月24日以来首次超过3000例。新增病例较多的地区是首都吉隆坡及其周边的雪兰莪州、北部吉兰丹州。
  马来西亚单日新增病例数1月底曾超过5000例,在全国绝大部分地区实施严格防疫措施“行动管制令”后下降,3月底一度降至1000例以下。马疫情在防疫措施放宽后反弹,自4月15日以来单日新增病例一直保持在2000例以上。(完)

Photo
2月2日,在马来西亚吉隆坡,一名男子戴着口罩走在街上。新华社发(张纹综摄)