Connect with us

CHINA

တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် ကာကွယ်ဆေးထိုးနှံပြီးသူ စုစုပေါင်း (၃.၂၃)သန်းရှိ

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့ ကျင်ချန်ဆေးရုံ COVID-19 ကာကွယ်ဆေးထိုးနှံပေးသည့် နေရာတွင် ကာကွယ်ဆေးထိုးနှံရန် မေးမြန်စုံစမ်းနေသည်ကို ဧပြီ ၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ကူမင်း၊ ဧပြီ ၆ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ယူနန်ပြည်နယ်၌ နယ်စပ်ခရိုင်မြို့နယ်(၂၅)ခုစသည့် အဓိကနေရာများတွင် ကာကွယ်ဆေးထိုးနှံမှု လုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်လျက်ရှိရာ ဧပြီ ၅ ရက် အထိ ပြည်နယ်အတွင်း ကာကွယ်ဆေး ထိုးနှံပြီးသူ (၃.၂၃၂)သန်း ရှိကြောင်း ယူနန်ပြည်နယ် ကျန်းမာရေးကော်မရှင်၏ ဧပြီ ၆ ရက် သတင်းစာရှင်းလင်းပွဲအရ သိရသည်။

ယူနန်ပြည်နယ် အဓိကနေရာဒေသများတွင် ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းများ ထိထိမိမိဆောင်ရွက်နိုင်ရန် အစီအစဉ် ရေးဆွဲခဲ့ပြီး ပြည်နယ်တစ်ခုလုံးရှိ ဆေးကုသရေးနှင့်ကျန်းမာရေးအရင်းအမြစ်များဖြင့် နယ်စပ်ခရိုင်မြို့နယ် (၂၅)ခု စသည့်ဒေသများတွင် ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း ယူနန်ပြည်နယ် ကျန်းမာရေးကော်မရှင် ဒုတိယညွှန်ကြားရေးမှူး ဟဲရှန့်ချွင်က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့ ကျင်ချန်ဆေးရုံ COVID-19 ကာကွယ်ဆေးထိုးနှံပေးသည့်နေရာတွင် ကာကွယ်ဆေးထိုးနှံပေးနေသည်ကို ဧပြီ ၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

လက်ရှိ ယူနန်တွင် ကာကွယ်ဆေးထိုးနှံပေးရေး ကူညီပံ့ပိုးမှုအဖွဲ့ (၄၄၅)ဖွဲ့ရှိပြီး မြို့နှင့် ပြည်နယ်အဆင့် ဆေးရုံများမှာ နယ်စပ်ပြည်နယ်ခွဲခရိုင်ဒေသများသို့ ကူညီဆောင်ရွက်ပေးရန် အဆင့်သုံးဆင့်ခွဲ ဆောင်ရွက်လျက်ရှိကြောင်း၊ ကာကွယ်ဆေးစုစည်းထိုးနှံပေးသည့် ယာယီနေရာများတွင် တစ်စုတစ်စည်းတည်း ကာကွယ်ဆေး ထိုးနှံပေးခြင်းများအပြင် လိုအပ်ပါက ဝေလံခေါင်ဖျား လူနေကြဲသည့် ကျေးရွာများထိ ရွှေ့လျားသွားရောက်ကာ ကာကွယ်ဆေးထိုးနှံပေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့ ကျင်ချန်ဆေးရုံ COVID-19 ကာကွယ်ဆေးထိုးနှံပေးသည့် နေရာတွင် မြို့နေပြည်သူများ တန်းစီစောင့်ဆိုင်းနေသည်ကို ဧပြီ ၁ ရက် တွေ့ရစဉ်(ဆင်ဟွာ)

ပြီးခဲ့သည့်နှစ် နှစ်ကုန်ပိုင်းမှစ၍ ယူနန်ပြည်နယ်၌ အဓိကလူအုပ်စုများကို ကာကွယ်ဆေးထိုးနှံပေးမှုများ စတင်ခဲ့ရာ အေးခဲပို့ဆောင်မှု၊ နယ်စပ်ဂိတ်အဝင်ရောဂါစစ်ဆေးမှု၊ ဆေးကုသရေးနှင့်ရောဂါကာကွယ်ထိန်းချုပ်ရေးစသော ကဏ္ဍများရှိ ရောဂါကူးစက်မှုအန္တရာယ်မြင့်မားသည့် လူအုပ်စုများကို စနစ်တကျ ကာကွယ်ဆေးထိုးနှံပေးခဲ့သည်။ ယခု မတ်လကုန်မှစ၍ အမျိုးသားအဆင့် စီမံမှုများအရ ယူနန်ပြည်နယ်တွင် ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းများကို အရှိန်အဟုန်မြှင့် တွန်းအားပေး ဆောင်ရွက်ခဲ့သည်။

ဧပြီ ၅ ရက်အထိ ယူနန်ပြည်နယ်တွင် ဝယ်ယူထားသည့် ကိုဗစ်ကာကွယ်ဆေး (၃.၉၀၀၃) သန်းရှိပြီး အသုံးပြုပြီးကာကွယ်ဆေး(၃.၆၃၅)သန်း၊ ကာကွယ်ဆေးထိုးနှံပြီးသူ (၃.၂၃၂)သန်း ရှိကြောင်း ၊ ၎င်းတို့အနက် ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးသူ (၄၀၃,၀၀၀)ရှိပြီး ကာကွယ်ဆေး တစ်ကြိမ် ထိုးနှံပြီးသူ (၂.၈၂၉)သန်း
ရှိကြောင်း ဟဲရှန့်ချွင်က ဆိုသည်။ ဧပြီ ၅ ရက်တွင် ယူနန်၌ ကာကွယ်ဆေး(၅၀၂,၀၀၀) ထိုးနှံပေးခဲ့ကြောင်း သိရသည်။

လက်ရှိ ယူနန်ပြည်နယ်တွင် ကာကွယ်ဆေးထိုးနှံပေးသည့် နေရာ (၁,၈၇၆)ခု ရှိပြီး ၎င်းတို့အနက် အတည်တကျ ကာကွယ်ဆေးထိုးနှံသည့်နေရာ (၁,၆၄၂)ခု၊ ယာယီ ကာကွယ်ဆေး ထိုးနှံသည့်နေရာ (၂၃၄)ခု အသီးသီး ရှိကြောင်းသိရသည်။ (Xinhua)  
——————————————
(English Version)

(聚焦疫情防控)云南:点对点支援25个边境县市疫苗接种 全省累计完成接种逾323万人

  新华社昆明4月6日电(记者严勇)记者从云南省卫生健康委员会等部门4月6日召开的新闻发布会上获悉,云南目前正开展点对点支援25个边境县市等重点地区的疫苗接种工作。截至4月5日,云南累计完成新冠疫苗接种323.2万人。

云南省卫生健康委员会副主任和向群介绍,云南省拟定了针对重点地区的疫苗接种对口支援方案,整合调动全省医疗卫生资源,开展点对点支援25个边境县市等重点地区疫苗接种工作。

云南目前组建了445个机动支援接种队,按照立足自身、梯次支援、属地统筹的原则,分三个层级由内地州市和省级医院对口支援边境州县,依托规范的临时集中接种点进行集中接种,并根据需要到边远的、人口分散的农村地区,以“流动接种队”形式走到群众身边,提供流动接种服务。

 据悉,云南于去年年底启动重点人群新冠疫苗接种工作,有序组织了冷链物流、口岸检疫、医疗疾控等感染风险较高人群的疫苗接种。今年3月下旬以来,按照国家应接尽接、梯次推进、突出重点、保证安全的统一部署,云南加快推进疫苗接种工作。
和向群说,截至4月5日,云南采购到位疫苗共390.03万支,已累计接种363.5万剂,累计完成接种323.2万人,其中完成两剂次接种40.3万人,完成一剂次接种282.9万人。4月5日当天,云南共计接种50.2万剂。

  据悉,云南目前部署了1876个接种点,其中固定接种点1642个,临时接种点234个。(完)

图说1: 4月1日,人们在瑞丽市景成医院新冠疫苗接种点咨询接种事宜。
图说2:4月1日,在瑞丽市景成医院新冠疫苗接种点,医护人员给市民接种疫苗。
图说3:4月1日,群众在瑞丽市景成医院新冠疫苗接种点排队等待接种疫苗。

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.