Connect with us

CHINA

သမ္မတရှီကျင့်ဖိန်က COVID-19 ကိုအသုံးချ၍ ကမ္ဘာလုံးဆိုင်ရာစနစ် အားအင်ချိနဲ့အောင် ကြိုးပမ်းလုပ်ဆောင်ခြင်းအပေါ် ဆန့်ကျင်ကြောင်းပြောကြား

ကနေဒါနိုင်ငံတိုရန်တိုမြို့ရှိ COVID-19 ရောဂါ ကုသရေးစတင် အပြင်ဘက်တွင် ကာကွယ်ရေးဝတ်စုံ PPE ဝတ်ဆင်ထားသော ဆေးဘက်ဆိုင်ရာဝန်ထမ်းတစ်ဦးအား နိုဝင်ဘာ ၁၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ နိုဝင်ဘာ ၁၈ ရက်(ဆင်ဟွာ) ဘာသာပြန်/ကိုငယ်

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က COVID-19 ကပ်ရောဂါကို အသုံးချ၍ ကမ္ဘာလုံးဆိုင်ရာစနစ် အားအင်ချိနဲ့အောင် ကြိုးပမ်းလုပ်ဆောင်ခြင်း နှင့် “စီးပွားရေးလမ်းခွဲမှု” နှင့် “အပြိုင်စနစ်ထူထောင်မှု” ဖြစ်အောင်လုပ်ဆောင်နေခြင်းများသည် ယင်းနိုင်ငံတစ်နိုင်ငံ၏ ကိုယ်ပိုင်အကျိုးစီးပွားများ နှင့် ကမ္ဘာ့နိုင်ငံအားလုံး၏ ဘုံအကျိုးစီးပွားများကို ထိခိုက်နစ်နာမှုဖြင့်သာ အဆုံးသတ်ရစေလိမ့်မည်ဖြစ်ကြောင်း နိုဝင်ဘာ ၁၇ ရက်တွင် ပြောကြားခဲ့သည်။

၁၂ ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေးကို ပေကျင်းမြို့မှနေ၍ ဗီဒီယိုလင့်ဖြင့် တက်ရောက်မိန့်ခွန်းပြောကြားစဉ် သမ္မတရှီက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
၎င်းက တံခါးဖွင့်ကမ္ဘာ့စီးပွားရေးတစ်ခု တည်ဆောက်ရေး ကြိုးပမ်းအားထုတ်ကြရန် တိုက်တွန်းခဲ့ပြီး ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒ ရည်မှန်းချက်အတွက် အမျိုးသားလုံခြုံရေးရှုထောင့်အမြင်ကို အသုံးချနေခြင်းအပေါ် ဆန့်ကျင်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.