Connect with us

MYANMAR

မြန်မာနိုင်ငံသို့လာရောက်သည့် ခရီးသွားများအပေါ် COVID-၁၉ ရောဂါထိန်းချုပ်ရန် ကြိုတင်ကာကွယ်ရေး ကန့်သတ်ချက်များ ထုတ်ပြန်

ရန်ကုန်မြို့လယ်၌ နှာခေါင်းစည်းတပ်၍ သွားလာသူ တစ်ဦးအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ မတ် ၁၆ ရက်(ဆင်ဟွာ)

COVID-၁၉ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါအား ထိန်းချုပ်ရန် အတွက် မြန်မာနိုင်ငံသို့ လာရောက်သည့် ခရီးသွားများအပေါ် ကြိုတင်ကာကွယ်ရေး ကန့်သတ်ချက်များအား နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ ကြေညာချက်အရ လည်းကောင်း ၊ ကမ္ဘာတစ်ဝန်း COVID-၁၉ ရောဂါ လျင်မြန်စွာ ကူးစက်ပျံ့နှံ့မှုနှုန်း များပြားလျက်ရှိသည့် နိုင်ငံ/ဒေသများမှ လာရောက်သော ခရီးသွားများမှတစ်ဆင့် မြန်မာပြည်သူများ အပေါ် ကျရောက်နိုင်သည့် ကူးစက်ရောဂါအန္တရာယ်ကို ထိန်းချုပ်ကန့်သတ်သွားနိုင်ရန် အတွက် မြန်မာနိုင်ငံ အစိုးရ အနေဖြင့် အချက် ၄ ချက် ပါဝင်သည့် ကြိုတင်ကာကွယ်မှု အစီအမံများကို ချမှတ်ခဲ့ကြောင်း သိရသည်။အဆိုပါ သတ်မှတ်ချက်များသည် မတ် ၁၅ ရက်မှ စတင်၍ အတည်ဖြစ်မည် ဖြစ်ကြောင်း ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။ (Xinhua)