Connect with us

MYANMAR

COVID-19 ပျံ့နှံ့မှုထိန်းချုပ်ကာကွယ်ရေးတွင် ပြည်သူများပူးပေါင်းပါဝင်မှု အဓိကကျ၍ ပူးပေါင်းပါဝင်ရန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် တိုက်တွန်း

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီအစည်းအဝေး တက်ရောက်စဉ်(အတိုင်ပင်ခံရုံး)

ရန်ကုန်၊ မတ် ၁၆ ရက် (ဆင်ဟွာ)

Coronavirus Disease 2019 (COVID-19) ပျံ့နှံ့မှုထိန်းချုပ်ကာကွယ်ရေးတွင် ပြည်သူများပူးပေါင်းပါဝင်မှု အဓိကကျ၍ ပူးပေါင်းပါဝင်ရန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ညပိုင်းတွင် ပြောကြားသည့် ပြည်သူလူထုသို့ အစီရင်ခံ တင်ပြသည့် မိန့်ခွန်းအတွင်း ထည့်သွင်းပြောကြားခဲ့သည်။

”အရေးအကြီးဆုံးအချက်ကတော့ ပြည်သူသာလျှင် အဓိကပါပဲ။ အစိုးရက ဘယ်လိုကောင်းတဲ့ အစီအစဉ်တွေ ချမှတ်တာမျိုးပဲဖြစ်ဖြစ်၊ ပြည်သူတွေ ပူးပေါင်းပါဝင်မှ ဖြစ်မှာပါ” ဟု အတိုင်ပင်ခံပုဂ္ဂိုလ်က ဆိုသည်။အဆိုပါ COVID-19ရောဂါနှင့်ပတ်သတ်ပြီး မလိုအပ်ဘဲ လူစုလူဝေးမဖြစ်အောင် ဆောင်ရွက်ရန်၊ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို လိုက်နာရန်နှင့် သတင်းမှားများ မပျံ့နှံ့စေရန် အစိုးရိမ်လွန်သည့် ကိစ္စများမဖြစ်စေရန် ပြည်သူများ အဓိကဖြစ်ပြီး ပြည်သူများ အပြည့်အဝ ပူးပေါင်းဆောင်ရွက်လျှင် အစိုးရဆောင်ရွက်နေသည့် ကိစ္စကို အကောင်အထည်ဖော်နိုင်မှာပါမည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

လက်ရှိအချိန်အထိ မြန်မာနိုင်ငံတွင် COVID-19 ကူးစက်ခံရသူ တစ်ယောက်မျှ မရှိသေးကြောင်း၊ ပြည်သူများမနစ်နာစေရေး နိုင်ငံ့စီးပွားရေး လည်ပတ်နိုင်စေရေး အခွန်လျော့ချခြင်း၊ အတိုးနှုန်းများလျော့ချပေးခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။”CMP လို့ အများသိကြတဲ့ ကုန်ကြမ်းယူ ကုန်ချောပေးတဲ့စနစ်နဲ့ပတ်သတ်တဲ့ လုပ်ငန်းတွေ ဟိုတယ်နဲ့ခရီးသွားလုပ်ငန်းတွေ အသေးစား လက်လုပ်လက်စားလုပ်ငန်းတွေကို အသေးစားချေးငွေထုတ်ပေးဖို့ အခွန်ကင်းလွတ်ခွင့်ရဖို့ စီစဉ်ပေးသွားမယ်” ဟု  ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ပို့ကုန်လ ုပ်ငန်းများမှ ကြိုတင်ကောက်ခံသည့် ဝင်ငွေခွန် ၂ ရာခိုင်နှုန်းကိုလည်း ယခု ဘဏ္ကာနှစ်ကုန်ထိ ကင်းလွတ်ခွင့်ပေးမည်ဖြစ်ကြောင်း သိရသည်။ပြည်သူပြည်သားတွေအနေဖြင့် တက်နိုင်သမျှ ပူးပေါင်းပါဝင်ထည့်ဝင်နိုင်စေမည့် COVID-19 ကာကွယ်ကုသ ထိန်းချုပ်ရေး ဆိုင်ရာ ရန်ပုံငွေ တစ်ရပ်ကို ထူထောင်သွားမည်ဖြစ်ပြီး စေတနာရှင်ပြည်သူများ အနေဖြင့် ထည့်ဝင်လှူဒါန်းသွားရန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က တိုက်တွန်းခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.