Connect with us

WORLD

တရုတ်နိုင်ငံ စစ်တပ်က အီရန်နိုင်ငံ စစ်တပ်အတွက် ကူးစက်ရောဂါ တိုက်ဖျက်ရေး ဆေးဘက်ဆိုင်ရာပစ္စည်းများ ပေးပို့

အီရန်နိုင်ငံ တီဟီရန်မြို့တွင် COVID-19 တိုက်ဖျက်ရေးအတွက် လမ်းပေါ်တွင် ပိုးသတ်ဆေးဖျန်းနေသော မီးသတ်သမားများအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ စစ်တပ်က နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) တိုက်ဖျက်ရေးအတွက် nucleic acid ရောဂါစမ်းသပ်ကိရိယာများ၊ ရောဂါကာကွယ်ရေးဝတ်စုံနှင့် တစ်ခါသုံး နှာခေါင်းစည်းများ အပါအဝင် ဆေးဘက်ဆိုင်ရာပစ္စည်းများအား အီရန်နိုင်ငံ စစ်တပ်သို့ပေးပို့ခဲ့ကြောင်း တရုတ်နိုင်ငံ အမျိုးသား ကာကွယ်ရေးဝန်ကြီးဌာနက မတ် ၁၉ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါ ပစ္စည်းများသည် အီရန်နိုင်ငံသို့ မတ် ၁၉ ရက်က ရောက်ရှိခဲ့ကြောင်း ဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက်၌ ပြောကြားခဲ့သည်။

COVID-19 ရောဂါသည် နယ်စည်းမခြားသော ဗိုင်းရပ်စ်ဖြစ်ပြီး တရုတ်နိုင်ငံ စစ်တပ်အနေဖြင့် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများမှ စစ်တပ်များနှင့်အတူ ကမ္ဘာ့လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများကို ကိုင်တွယ်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် လူသားမျိုးနွယ် ကံကြမ္မာအကျိုးတူ အသိုက်အဝန်းတစ်ခုတည်ဆောက်ရေးအတွက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။  (Xinhua)