Connect with us

WORLD

တရုတ်နိုင်ငံ ဟောင်ကောင်တွင် ကိုဗစ်အသစ်ထပ်တိုးအတည်ပြုလူနာ (၆၀) ဦး ရှိ၊ တစ်ရက်အတွင်း ထပ်တိုးလူနာဦးရေ (၁၁)ရက်ဆက်တိုက် (၅၀)ကျော် ရှိလာ

တရုတ်နိုင်ငံ ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသတွင် နှာခေါင်းစည်းတပ်သွားလာနေသူများအား ဇန်နဝါရီ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟောင်ကောင်၊ ဇန်နဝါရီ ၂၈ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

တရုတ်နိုင်ငံ ဟောင်ကောင်ဒေသတွင် ဇန်နဝါရီ ၂၇ ရက် ၀၀:၀၀ နာရီအထိ ကိုဗစ်အသစ်ထပ်တိုးအတည်ပြုလူနာ (၆၀)ဦး ရှိရာ ၎င်းတို့အနက် (၅၇)ဦးမှာ ဒေသတွင်းကူးစက်မှုများဖြစ်ပြီး ပြင်ပကူးစက်မှု(၃) ဦး ရှိကြောင်း ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ ကျန်းမာရေးဌာန ရောဂါကြိုတင်ကာကွယ်ရေးစင်တာ၏ ယင်းနေ့ ထုတ်ပြန်ချက်များအရ သိရသည်။

ဇန်နဝါရီ ၁၇ ရက်မှစ၍ ဟောင်ကောင်တွင် တစ်ရက်အတွင်း ထပ်တိုးအတည်ပြုလူနာ ဦးရေသည် (၁၁)ရက် ဆက်တိုက် (၅၀)ကျော် ရှိခြင်းဖြစ်ရာ စုစုပေါင်းအတည်ပြုလူနာ (၁၀,၂၈၂)ဦး ရှိကြောင်း သိရသည်။ ဒေသတွင်း ကူးစက်မှု (၅၇)ဦးတွင် (၂၁)ဦး၏ ကူးစက်မှုလမ်းကြောင်းကို ရှင်းလင်းစွာမသိရှိရသေးကြောင်း၊ ကျန်ကူးစက်မှုများသည် အခြားဒေသတွင်းကူးစက်မှု အတည်ပြုလူနာနှင့်ဆက်စပ်ကြောင်း ၊ တိုက်အဆောက်အဦနေရာများကို တိုး၍ မဖြစ်မနေ ဆေးစစ်မှုများကို ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ယင်းနေ့ညနေပိုင်းက ကျင်းပသော သတင်းစာရှင်းလင်းပွဲ တွင် ရောဂါကာကွယ်ရေးစင်တာ ကူးစက်ရောဂါ ကာကွယ်ရေးဌာန အကြီးအကဲ ကျန်းကျူကျွင်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသတွင် နှာခေါင်းစည်းတပ်သွားလာနေသူများအား ဇန်နဝါရီ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသတွင် နှာခေါင်းစည်းတပ်သွားလာနေသူများအား ဇန်နဝါရီ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသတွင် နှာခေါင်းစည်းတပ်သွားလာနေသူများအား ဇန်နဝါရီ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသတွင် နှာခေါင်းစည်းတပ်သွားလာနေသူများအား ဇန်နဝါရီ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဇန်နဝါရီ ၂၇ ရက် နံနက် ၆ နာရီတွင် အထူးဒေသအစိုးရက ရိုမာတိရှိ အသွားအလာကန့်သတ်ထားသောနေရာ၌ အချိန် ၁၁ နာရီကြာ ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ယင်းနေရာရှိ ပြည်သူ (၃၃၀) ဦး၏ ဆေးစစ်မှုတွင် ကိုဗစ်အတည်ပြုလူနာ (၁)ဦး တွေ့ရှိခဲ့ကြောင်း သိရသည်။ ကူးစက်ရောဂါထိန်းချုပ်ရာတွင် မည်သည့် ကူးစက်မှု ဇစ်မြစ်ကိုမျှ ပေါ့ပေါ့တန်တန်မထားနိုင်ကြောင်း၊ ဒေသအစိုးရအနေဖြင့် ကပ်ရောဂါတိုက်ဖျက်ရေးကို ကောင်းမွန်စွာဆောင်ရွက်ပြီး မြို့နေပြည်သူကူးစက်မှု လုံးဝမရှိအောင် အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူး ကယ်ရီလမ်းက ယင်းနေ့ ၎င်း၏လူမှုကွန်ရက်မီဒီယာတွင် ရေးသားခဲ့သည်။

ဟောင်ကောင်ဒေသ ကျန်းမာရေးစီမံခန့်ခွဲမှုဌာန၏ ပြောကြားချက်များအရ လက်ရှိအချိန်အထိ ကိုဗစ်အတည်ပြုလူနာ (၈၅၆) ဦး သည် အစိုးရဆေးရုံ (၂၂)ခုနှင့် AsiaWorld-Expoပြခန်း ရပ်ကွက်ကျန်းမာရေးစောင့်ရှောက်မှုနေရာများတွင် အသီးသီး ကုသမှုခံယူလျက်ကြောင်း၊ ၎င်းတို့အနက် (၃၁)ဦးသည် အသက်အန္တရာယ် ရှိနိုင်ပြီး (၃၁)ဦးမှာ ရောဂါပြင်းထန်ကြောင်းနှင့်အခြားသူများမှာ ရောဂါအခြေအနေတည်ငြိမ်ကြောင်း သိရသည်။ ဟောင်ကောင်တွင် Negative pressure လူနာကုတင် အသုံးပြုမှုသည် (၇၀) ရာခိုင်နှုန်းရှိပြီး Negative pressure လူနာခန်းအသုံးပြုမှုသည် (၇၇) ရာခိုင်နှုန်းရှိကြောင်း သိရသည်။ (Xinhua)
—————————
(Chinese Version)
(港澳台)香港新增60例新冠肺炎确诊病例 单日新增本地确诊病例连续11天逾50例
2021-01-27 21:42:11

 新华社香港1月27日电(记者朱宇轩)香港特区政府卫生署卫生防护中心27日公布,截至当日零时,香港新增60例新冠肺炎确诊病例,其中本地感染病例57例、输入性病例3例。自1月17日起,香港单日新增本地确诊病例连续11天超过50例。香港累计报告新冠肺炎确诊病例达10282例。
在当日下午举行的疫情简报会上,卫生防护中心传染病处主任张竹君介绍,新增的57例本地感染病例中有21例感染源不明,其余病例与其他本地确诊病例相关。另外,新增多幢大厦须进行强制检测。
 27日上午6时,特区政府完成油麻地指明“受限区域”强制性新冠病毒检测,整个行动约11个小时。经检测约330名区域内居民,特区政府发现了1例新冠肺炎确诊病例。特区行政长官林郑月娥当日在社交平台上表示,在传染病的控制中,不能小看任何一个感染源头,特区政府下一个目标就是用好抗疫工具,走在社区出现居民感染前,逐步实现“清零”。
 医管局介绍,截至目前,仍有856名确诊病人分别在22家公立医院和亚洲国际博览馆社区治疗设施留医,其中32人情况危殆,31人情况严重,余者情况稳定。香港已启用的负压病床使用率为70%,启用的负压病房使用率为77%。(完)

图说 :新华社照片,香港,2021年1月26日
1月26日,戴口罩的市民在香港沙田公园里散步。