Connect with us

WORLD

အင်ဒိုနီးရှားနိုင်ငံတွင် COVID-19 ရောဂါကြောင့် ကျန်းမာရေးဝန်ထမ်း ၆၄၇ ဦးသေဆုံး

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ ရပ်ကွက်ကျန်းမာရေးစင်တာတစ်ခုတွင် ကလေးတစ်ဦးထံမှ နှာခေါင်းတို့ဖတ်ရယူနေသည့် ကျန်းမာရေးဝန်ထမ်းတစ်ဦးကို တွေ့ရစဉ် (ဆင်ဟွာ)

ဂျကာတာ၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်
အင်ဒိုနီးရှားနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ် မတ်လမှ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၇ ရက်အထိ ကျန်းမာရေးဝန်ထမ်း ၆၄၇ ဦးထက်မနည်း COVID-19 ရောဂါကြောင့် သေဆုံးခဲ့ကြောင်း အင်ဒိုနီးရှား ဆေးဘက်ဆိုင်ရာအသင်းက ဇန်နဝါရီ ၂၈ ရက်၌ ပြောကြားခဲ့သည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သေဆုံးခဲ့သည့် ကျန်းမာရေးဝန်ထမ်း ၄၆၇ ဦးအနက် ဆရာဝန် ၂၈၉ ဦး၊ သွားဆရာဝန် ၂၇ ဦး၊ သူနာပြု ၂၂၁ ဦး၊ သားဖွားဆရာမ ၈၄ ဦးနှင့် ဆေးရောင်းသူ ၁၁ ဦး၊ ကျန်းမာရေးဓာတ်ခွဲခန်းဝန်ထမ်း ၁၅ ဦးတို့ ဖြစ်ကြောင်း သိရသည်။

COVID-19 စစ်ဆေးမှု အရေအတွက်နည်းပါးခြင်းက ကပ်ရောဂါကို လုံလောက်စွာကိုင်တွယ်နိုင်ခြင်း မရှိကြောင်းနှင့် ကျန်းမာရေးဝန်ထမ်းများ ဗိုင်းရပ်စ်ကူးစက်ခံရခြင်းဖြစ်ကြောင်း ဆေးဘက်ဆိုင်ရာအသင်း ရောဂါလျော့ပါးရေးအဖွဲ့ အကြီးအကဲ Adib Khumaidi က ပြောခဲ့သည်။

“လက်ရှိအချိန် အင်ဒိုနီးရှားမှာ ရောဂါစစ်ဆေးမှု အရေအတွက်ဟာ စုစုပေါင်းလူဦးရေးရဲ့ ၅ ရာခိုင်နှုန်းသာရှိပါတယ်” ဟု Khumaidi က ပြောခဲ့သည်။

ကျန်းမာရေးဝန်ထမ်း သေဆုံးမှုအများဆုံး ပြည်နယ်မှ အရှေ့ဂျာဗားပြည်နယ်ဖြစ်ပြီး သေဆုံးသူ ၁၈၈ ဦးရှိကြောင်း သိရသည်။

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင်မူ COVID-19 ရောဂါကြောင့် ဆရာဝန် ၄၃ ဦး၊ သွားဆရာဝန် ၁၀ ဦး၊ သူနာပြု ၂၅ ဦး၊ ဆေးရောင်းသူ ၂ ဦး၊ ကျန်းမာရေးဓာတ်ခွဲခန်းဝန်ထမ်း ၃ ဦးနှင့် သားဖွားဆရာမ ၇ ဦးတို့ သေဆုံးခဲ့ကြောင်း သိရသည်။
——————————-
(English Version)
647 medical workers in Indonesia die of COVID-19

JAKARTA, Jan. 28 (Xinhua) — At least 647 medical workers in Indonesia have died of COVID-19 from March 2020 to Wednesday, the Indonesian Medical Association said on Thursday.
Of the 647 medical workers, 289 were doctors, 27 dentists, 221 nurses, 84 midwives, 11 pharmacists, 15 medical laboratory staff members.
Head of the association’s mitigation team Adib Khumaidi said the small number of COVID-19 diagnostic tests had caused insufficient handling of the pandemic and many medical workers were exposed to the virus.
“The number of tests in Indonesia now is less than 5 percent of the total population,” Khumaidi said.
The province with the highest number of medical worker deaths is East Java, which reported 188 deaths.
In the country’s capital Jakarta, the COVID-19 killed 43 doctors, 10 dentists, 25 nurses, two pharmacists, three medical lab staff members, and seven midwives. Enditem
A health worker in protective gears (L) collects a swab sample from a boy at a community health center in Jakarta, Indonesia, Jan. 7, 2021. (Xinhua/Zulkarnain)