Connect with us

WORLD

ဒိုမီနီကန်သမ္မတနိုင်ငံက တရုတ်နိုင်ငံ၏ Sinovac ကိုဗစ် ကာကွယ်ဆေးများ လက်ခံရရှိ

တရုတ်နိုင်ငံ၏ Sinovac COVID-19 ကာကွယ်ဆေးများ ဖေဖော်ဝါရီ ၂၃ ရက်တွင် ဒိုမီနီကန်သမ္မတနိုင်ငံ Santo Domingo အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိလာစဉ်(ဆင်ဟွာ)

ဆန်တိုဒိုမီနီဂို၊ဖေဖော်ဝါရီ ၂၅ ရက်(ဆင်ဟွာ)

ဒိုမီနီကန်သမ္မတနိုင်ငံသည် တရုတ်နိုင်ငံ Sinovac ဆေးဝါးကုမ္ပဏီမှထုတ်လုပ်သော COVID-19 ကာကွယ်ဆေးများကို ဖေဖော်ဝါရီ ၂၃ ရက် ညပိုင်းက လက်ခံရရှိကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

ကာကွယ်ဆေးများ တင်ဆောင်လာသော ကုန်တင်လေယာဉ်သည် ဒိုမီနီကန်သမ္မတနိုင်ငံ မြို့တော် ဆန်တိုဒိုမီနီဂို(Santo Domingo) အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာခဲ့ရာ ဒုတိယသမ္မတ Raquel Pena ခေါင်းဆောင်သော တရားဝင်ကိုယ်စားလှယ်အဖွဲ့က လက်ခံရယူခဲ့ကြောင်း သိရသည်။

“ COVID-19 ရောဂါတိုက်ဖျက်ဖို့ ဒီလိုအရေးပါတဲ့ ကာကွယ်ဆေးတွေ ရောက်ရှိလာခြင်းဟာ အမျိုးသားကာကွယ်ဆေးထိုးနှံရေး အစီအစဉ်ကို စတင်ဆောင်ရွက်ဖို့ တွန်းအားဖြစ်စေပါတယ် ၊ ပြီးတော့ ဒိုမီနီကန်ပြည်သူတွေအတွက် ငြိမ်းချမ်းမှု ၊ မျှော်လင့်ချက် နဲ့ တည်ငြိမ်အေးချမ်းမှုကို ဆောင်ကြဉ်းပေးမှာဖြစ်ပါတယ် ” ဟု Pena ကဆိုသည်။

“ ဒီကြိုးပမ်းအားထုတ်မှုတွေက နိုင်ငံအတွက် ဗိုင်းရပ်စ်ချေမှုန်းရေး အပြီးသတ်လုပ်ဆောင်ဖို့ ကူညီနိုင်ပါလိမ့်မယ် ။ ကျနော်တို့အားလုံး ၊ တရုတ် ၊ ဒိုမီနီကန် နဲ့ အခြားသော ကမ္ဘာ့နိုင်ငံတွေဟာ ကျန်းမာသန်စွမ်းတဲ့ လူမှုအသိုက်အဝန်းတစ်ခုကို တည်ဆောက်ဖို့ အစပြုလိုက်ခြင်းပါပဲ” ဟု ဒိုမီနီကန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Zhang Run က ပြောကြားခဲ့သည်။ (Xinhua)
——————————-
(Englsih Version)
Dominican Republic receives China’s Sinovac vaccine

SANTO DOMINGO, Feb. 24 (Xinhua) — The Dominican Republic received a shipment of vaccines developed by Chinese pharmaceutical company Sinovac on Tuesday night, authorities said.
The cargo was received at the airport in the capital by an official delegation headed by the country’s Vice President Raquel Pena.
“The arrival of this important batch of vaccines against COVID-19 will strengthen the already started national vaccination plan, and thus bring peace, hope and tranquility to the Dominican family,” said Pena.
“We hope that these efforts can help the country to finally defeat the virus and that all of us, China, the Dominican Republic and the countries of the world begin to build a health community,” Chinese Ambassador to the Dominican Republic Zhang Run said.

Staff members unload a batch of China’s Sinovac COVID-19 vaccines from the plane at the international airport of Santo Domingo, the Dominican Republic, Feb. 23, 2021. (Photo by Sun Ning/Xinhua)