Connect with us

WORLD

 အမေရိကန်တွင် ကိုဗစ် အတည်ပြုလူနာ ၅ သန်းကျော်ရှိလာ၊ ဗိုင်းရပ်စ် ပြောင်းလဲလာမှုနှင့်စပ်လျဉ်း၍ ဂျပန်ကျွမ်းကျင်ပညာရှင် ရှင်းလင်းပြောကြား

အမေရိကန်နိုင်ငံ နယူးယောက်မြို့မြင်ကွင်းတစ်နေရာအား ဇူလိုင် ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၁၀ ရက်(ဆင်ဟွာ)

ဩဂုတ် ၉ ရက်ထိ ရရှိခဲ့သော ကမ္ဘာ့ကပ်ရောဂါ သတင်းအချက်အလက်များအရ အမေရိကန်နိုင်ငံတွင် ကိုဗစ် အတည်ပြုလူနာ ၅ သန်းကျော်ရှိလာပြီဖြစ်သည်။  တစ်ချိန်တည်းမှာပင် ဗိုင်းရပ်စ် လက္ခဏာ ပြောင်းလဲလာမှု နှင့်စပ်လျဉ်း၍ တွေ့ရှိချက်အပေါ် ဂျပန် ကျွမ်းကျင်ပညာရှင်က ရှင်းလင်းပြောကြားခဲ့သည်များကို စုစည်း ဖော်ပြလိုက်ပါသည်။  

 (၁) ကမ္ဘာလုံးဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ ဩဂုတ် ၉ ရက် ဗဟိုဥရောပစံတော်ချိန်(CET) ၁၀ နာရီအထိ ကိန်းဂဏန်းများအရ ကမ္ဘာတစ်ဝန်းCOVID-19ရောဂါအတည်ပြုလူနာအရေအတွက်သည် ပြီးခဲ့သောရက်ကထက် ၂၇၃,၅၅၂ ဦး တိုးမြင့်လာခဲ့ကြောင်း ၊ သေဆုံးသူအရေအတွက် ၆,၂၀၇ဦး ထပ်တိုးလာခဲ့ကြောင်း နှင့် စုစုပေါင်း အတည်ပြုလူနာ ၁၉,၄၆၂,၁၁၂ ဦးနှင့် စုစုပေါင်း သေဆုံးသူ ၇၂၂,၂၈၅ ဦး အသီးသီး ရှိလာ ကြောင်း သိရသည်။ 

အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ပေကျင်း စံတော်ချိန် ဩဂုတ် ၁၀ ရက် ၇ နာရီ ၃၄ မိနစ်တွင် ထုတ်ပြန်သည့် ကိန်းဂဏန်းအချက်အလက်များအရ ကမ္ဘာတစ်ဝန်း COVID-19ရောဂါဖြစ်ပွားသူ စုစုပေါင်း ၁၉,၇၆၉,၅၆၀ ဦး၊  စုစုပေါင်း သေဆုံးသူ ၇၂၉,၃၅၁ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။ အမေရိကန်နိုင်ငံသည် တစ်ကမ္ဘာလုံးတွင် ကပ်ရောဂါအခြေအနေ အဆိုးဝါးဆုံး နိုင်ငံဖြစ်ပြီး အတည်ပြုလူနာ ၅,၀၄၁,၄၇၃ ဦး နှင့် သေဆုံးသူ ၁၆၂,၉၁၃ ဦးရှိကြောင်း သိရသည်။

(၂) သတင်းအချက်အလက်စုစည်းချက်များ

အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ဩဂုတ် ၉ ရက်တွင် ထုတ်ပြန်သည့် နောက်ဆုံးရ ကိန်းဂဏန်းများအရ အမေရိကန်တွင် ကိုဗစ် အတည်ပြုလူနာ ၅ သန်းကျော် ရှိလာပြီဖြစ်ကြောင်း သိရသည်။ ယင်းမှာ ၁၇ ရက်တာ ကာလအတွင်းတွင် အတည်ပြုလူနာ ၄ သန်းမှ ၅ သန်းကျော်အထိ တိုးမြင့်ခဲ့ခြင်းဖြစ်သည်။ အမေရိကန် ကူးစက်ရောဂါ ပညာရှင်များက လက်ရှိ ကပ်ရောဂါ တုံ့ပြန်ရေးတွင် အမေရိကန်သည် အပိုင်းအခြားသစ်တစ်ခုကို ကြုံတွေ့နေရကြောင်း၊ ကပ်ရောဂါသည် အလွန်အမင်း ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေကြောင်း ယူဆကြသည်။  

ဂျပန်နိုင်ငံတွင် ဇွန်လမှစ၍ ပျံ့နှံ့သည့် နိုဗယ်လ်ကိုရိုနာဗိုင်းရပ်စ် ပြောင်းလဲမှုတွင် မျိုးရိုးဗီဇ အစီအစဉ်သစ်ရှိသည်ဟူသော ဂျပန်နိုင်ငံ Yomiuri Shimbunသတင်းစာ ဖော်ပြမှုနှင့်စပ်လျဉ်း၍ ဆင်ဟွာသတင်းဌာနက ဂျပန်နိုင်ငံ အမျိုးသား ကူးစက်ရောဂါ သုတေသနဌာန ပညာရှင်အား ဩဂုတ် ၉ ရက်တွင် ဆက်သွယ်မေးမြန်းခဲ့ရာ ယင်းသတင်းသည် မှားယွင်းမှုရှိကြောင်း၊ အမှန်စင်စစ် လက်ရှိ ဂျပန်နိုင်ငံတွင် ကူးစက်နေသည့် နိုဗယ်ကိုရိုနာဗိုင်းရပ်စ်သည့် အခြေခံအားဖြင့် အနည်းငယ်သာ ပြောင်းလဲမှု ရှိကြောင်း ပြောကြားခဲ့သည်။ 

NHK၏ စာရင်းများအရ ဩဂုတ် ၉ ရက် ဒေသစံတော်ချိန် ၂၀:၀၀နာရီ အထိ ဂျပန်နိုင်ငံတွင် ထပ်တိုးအတည်ပြုလူနာ ၁,၃၅၁ ဦး ၊ ထပ်တိုးသေဆုံးသူ ၄ ဦးရှိပြီး စုစုပေါင်း အတည်ပြုလူနာ ၄၈,၈၁၇ဦး၊ သေဆုံးသူ ၁,၀၄၇ ဦး ရှိကြောင်း သိရသည်။ အရေးပေါ်အခြေအနေအဖြစ် နောက်တစ်ဖန်ကြေညာရမည့်အခြေအနေကို တတ်နိုင်သမျှ ရှောင်ရှားဆောင်ရွက်သွားရမည်ဟု ယင်းနေ့တွင် ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ပြောကြားခဲ့သည်။

ဘရားဇီးနိုင်ငံတွင် ကိုဗစ်အတည်ပြုလူနာ အရေအတွက်သည် ဩဂုတ် ၈ ရက်တွင် ၃ သန်းကျော် ရှိလာပြီး စုစုပေါင်း သေဆုံးသူ ၁ သိန်းကျော် ရှိလာရာ အမေရိကန်နိုင်ငံ ပြီးလျှင် ကိုဗစ် ကူးစက်မှုနှင့်သေဆုံးမှု ကမ္ဘာ့ဒုတိယအများဆုံး နိုင်ငံဖြစ်ခဲ့သည်။ ပညာရှင်များက ဘရာဇီး၏ကပ်ရောဂါအခြေအနေသည့် အမြင့်နေရာကာလတွင် တည်ငြိမ်နေပြီး အပြောင်းအလဲအချိုးအကွေ့မရောက်ရှိသေးဟု ဆိုသည်။  

ကမ္ဘောဒီးယားနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ ဩဂုတ် ၉ ရက် ကြေညာချက်အရ ကမ္ဘောဒီးယားတွင် ပြည်ပမှဝင်ရောက်လာသူ အသစ်ထပ်တိုးလူနာ ၂ ဦးရှိပြီး စုစုပေါင်း အတည်ပြုလူနာ ၂၄၈ ဦးရှိရာ ၎င်းတို့အနက် ၂၁၇ ဦးမှာ ရောဂါ သက်သာပျောက်ကင်းပြီဖြစ်ကြောင်း သိရသည်။ ပြည်ပမှ ရောဂါဝင်ရောက်လာနိုင်မှု ဖိအားများ ရှိနေသော်လည်း ကမ္ဘောဒီးယားနိုင်ငံသည် ပြည်တွင်းစီးပွားရေးနှင့် လူနေမှုပုံစံများကို ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးမှန်မှန်ဆောင်ရွက်သည့် အခြေအနေမျိုးတွင် ပုံမှန်လမ်းကြောင်းသို့ ပြန်လည်ရောက်ရှိရန် တစ်စတစ်စ တွန်းအားပေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)