Connect with us

WORLD

အမေရိကန် နိုင်ငံ တွင် COVID-19 ရောဂါကြောင့် သေဆုံးသူ ၆ သောင်းကျော်ထိ ရှိလာကြောင်း ထုတ်ပြန်ကြေညာ

အမေရိကန် နိုင်ငံ တွင် COVID-19 ရောဂါ ဖြစ်ပွား နေမှု အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

နယူးယောက် ၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ Johns Hopkins တက္ကသိုလ် ၏ ဧပြီ ၂၉ ရက် ထုတ်ပြန်ကြေညာချက် အရ အမေရိကန် နိုင်ငံ တွင် COVID-19 ရောဂါကြောင့် သေဆုံးသူ စုစုပေါင်း ၆ သောင်းကျော် အထိ ရောက်ရှိလာ ခဲ့ကြောင်း သိရှိရသည်။

အမေရိကန် နိုင်ငံ အရှေ့ပိုင်း စံတော်ချိန် ဧပြီ ၂၉ ရက် ၁၆ နာရီ တွင် စစ်ဆေးခဲ့သည့် စာရင်းပြုစုချက် အရ အမေရိကန် နိုင်ငံ ၌ COVID-19 ရောဂါကြောင့် သေဆုံးသူ စုစုပေါင်း ၆၀,၂၀၇ ဦး ထိ ရှိခဲ့ကြောင်း သိရှိရသည်။

အမေရိကန် နိုင်ငံ တွင် COVID-19 ရောဂါ ဖြစ်ပွား နေမှု အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

အမေရိကန် နိုင်ငံ တွင် COVID-19 ရောဂါ ဖြစ်ပွား နေမှု အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

အမေရိကန် နိုင်ငံ တွင် COVID-19 ရောဂါ ဖြစ်ပွား နေမှု အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

စာရင်းပြုစုချက်အရ အမေရိကန် နိုင်ငံ တွင် COVID-19 ရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၁,၀၃၀,၄၈၇ ဦး ရှိကြောင်း ၊ ကပ်ရောဂါ အဆိုးရွားဆုံး ဖြစ်ပွား နေသည်မှာ နယူးယောက် ပြည်နယ် ဖြစ်ပြီး ကူးစက်ခံရသူ စုစုပေါင်း ၂၉၉,၆၉၁ ဦး ရှိပြီး လူပေါင်း ၂၃,၃၈၄ ဦး သေဆုံး ခဲ့ကြောင်း ၊ ထို့ပြင် COVID-19 ရောဂါ ကြောင့် အမေရိကန် နိုင်ငံ နယူးဂျာစီ ပြည်နယ် တွင်  ၆,၇၇၁ ဦး ၊ မစ်ရှီဂန် ပြည်နယ် တွင် ၃,၆၇၃ ဦး နှင့် မက်ဆာချူးဆက် ပြည်နယ် တွင် ၃,၁၅၃ ဦး အသီးသီး သေဆုံး ခဲ့ကြောင်း သိရှိရသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.