Connect with us

WORLD

တရုတ်နိုင်ငံနှင့် အီဂျစ်နိုင်ငံတို့ COVID-19 ရောဂါ ကာကွယ်ဆေးဆိုင်ရာ သဘောတူညီမှု စာချုပ်ချုပ်ဆို

အီဂျစ်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး လျောင်လိချန်(ဝဲဘက်) ၊ အီဂျစ်နိုင်ငံ ကျန်းမာရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး Hala Zayed (အလယ်) နှင့် ဒုတိယဝန်ကြီး Mohamed Hassani တို့အား သဘောတူညီမှုစာချုပ်ချုပ်ဆိုသည့် အခမ်းအနား တွင် မြင်တွေ့ရစဉ်(ဆင်ဟွာ)

ကိုင်ရို ၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး

အီဂျစ်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး လျောင်လိချန် က ဒီဇင်ဘာ ၃၁ ရက် ၌ တရုတ်နိုင်ငံ အမျိုးသားကျန်းမာရေးကော်မတီကိုယ်စား အီဂျစ်နိုင်ငံကျန်းမာရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး Mohamed Hassani နှင့် အတူတကွ “တရုတ်-အီဂျစ် COVID-19 ရောဂါကာကွယ်ဆေး ပူးပေါင်းဆောင်ရွက်မှု သဘောတူညီမှုစာချုပ်” ကို လက်မှတ်ရေးထိုးခဲ့ကြသည်။

လက်မှတ်ရေးထိုးခြင်း အခမ်းအနားအား အီဂျစ်နိုင်ငံ ကျန်းမာရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တွင်ကျင်းပ ပြုလုပ်ခဲ့ပြီး တရုတ်နိုင်ငံ သံအမတ်ကြီး လျောင်လိချန် အနေဖြင့် ဒီဇင်ဘာ ၃၁ ရက်တွင် အီဂျစ်နိုင်ငံ ကျန်းမာရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာနဝန်ကြီး Hala Zayed နှင့် တွေ့ဆုံဆွေးနွေးမှု တစ်ရပ်ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

တရုတ်နိုင်ငံသံအမတ်ကြီး လျောင်လိချန် က ရောဂါပိုးသည် နယ်စည်းမခြားကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီး မှ ပြည်သူလူထုတိုင်း ကာကွယ်ဆေး နှင့် ဆေးဝါး ရရှိနိုင်မည့် အခွင့်အရေး ရှိကြောင်း ၊ တရုတ်နိုင်ငံမှ ကာကွယ်ဆေးအများအပြားက နိုင်ငံအများအပြား တွင် တတိယအဆင့် လူ၌ စမ်းသပ်မှုအဆင့် ပြုလုပ်နေပြီး လုပ်ငန်းတိုးတက်မှု အဆင်ပြေချောမွေ့ကြောင်း ၊ တရုတ်နိုင်ငံ အနေဖြင့် ပြည်တွင်း၌ ကာကွယ်ဆေးအား အရေးပေါ် အသုံးပြုရန် ခွင့်ပြုပေးခဲ့ပြီး China National Pharmaceutical Group မှ ထုတ်လုပ်သည့် COVID-19 ရောဂါ ကာကွယ်ဆေး က တရုတ်နိုင်ငံ အမျိုးသား ဆေးဝါး ကြီးကြပ်ရေးဌာန ၏ ဈေးကွက်တွင် ဖြန့်ဝေရန် ခွင့်ပြုချက် ရရှိပြီးဖြစ်ကြောင်း ၊ လက်ရှိချိန်တွင် လက်တွေ့စမ်းသပ်မှုများမှရရှိသည့် ကိန်းဂဏန်းများအရ တရုတ်နိုင်ငံ မှ ထုတ်လုပ်သည့် COVID-19 ရောဂါ ကာကွယ်ဆေးက လုံခြုံမှု နှင့် ထိရောက်မှု ပိုမိုကောင်းမွန်သည်ကို တွေ့ရှိရကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် သံအမတ်ကြီး လျောင်လိချန် က “တရုတ်-အီဂျစ် COVID-19 ရောဂါ ကာကွယ်ဆေး ပူးပေါင်းဆောင်ရွက်မှု သဘောတူညီမှုစာချုပ်” ချုပ်ဆိုလိုက်ခြင်းသည် နှစ်နိုင်ငံသက်ဆိုင်ရာ ဌာနများ COVID-19 ရောဂါ ကာကွယ်ဆေး တီထွင်ထုတ်လုပ်မှု နှင့် အသုံးပြုမှု စသည့် ကဏ္ဍများ ၌ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုတိုးမြှင့်ပေးနိုင်စေမည် ဖြစ်ကြောင်း ၊ ပြင်းထန်သသည့် ကပ်ရောဂါ နှင့် ရင်ဆိုင်ရချိန်တွင် တရုတ်-အီဂျစ် နှစ်နိုင်ငံ အနေဖြင့် အေးအတူပူအမျှ အပြန်အလှန် ကူညီထောက်ပံ့ ကြပြီး သဘောတူညီမှုစာချုပ် ချုပ်ဆိုခြင်းသည်လည်း နှစ်နိုင်ငံ အတူတကွ ကျန်းမာရေးဆိုင်ရာ အသိုက်အဝန်း တည်ဆောက်မှု ကို ပေါ်လွင်စေခဲ့ကြောင်း ပြောကြား ခဲ့သည်။
အီဂျစ်နိုင်ငံ ကျန်းမာရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး Hala Zayed က အီဂျစ်နိုင်ငံ နှင့် တရုတ် နိုင်ငံ အကြားတွင် ထူးခြားသည့် ချစ်ကြည်ရေး တည်ရှိပြီး ဘက်စုံမဟာဗျူဟာမိတ်ဖက် ဆက်ဆံရေး ကို ဆက်လက်နက်ရှိုင်းအောင် ဆောင်ရွက်သွားကာ နှစ်နိုင်ငံ ကဏ္ဍအသီးသီး အထူးသဖြင့် ကျန်းမာရေး ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုတိုးချဲ့နိုင်အောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၊ တရုတ်နိုင်ငံ အနေဖြင့် အစိုးရ နှင့် လုပ်ငန်း ကုမ္ပဏီ အကြား ပူးပေါင်းဆောင်ရွက်မှု ကို ပြုလုပ်၍ အီဂျစ်နိုင်ငံ ကပ်ရောဂါ နှင့် ရင်ဆိုင်ကြုံတွေ့နေရချိန်တွင် ခိုင်မြဲသည့် ထောက်ခံမှု နှင့် ကြီးမားသည့် ထောက်ပံ့မှုများကို ပြုလုပ်ပေးခဲ့သည့် အတွက် အီဂျစ် နိုင်ငံ အနေဖြင့် လွန်စွာ ချီးမွမ်းကျေးဇူးရှိတင်ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် ဝန်ကြီး Hala Zayed က China National Pharmaceutical Group မှ ထုတ်လုပ်သည့် COVID-19 ရောဂါ ကာကွယ်ဆေး က အီဂျစ်နိုင်ငံတွင် တတိယအဆင့် လူ၌ လက်တွေ့ စမ်းသပ်မှု ပြုလုပ်ခဲ့ရာတွင် အဆင်ပြေချောမွေ့ပြီး လုံခြုံမှု နှင့် ထိရောက်မှု တို့က သိပ္ပံနည်းလမ်းအရ သက်သေပြနိုင်ခဲ့ကြောင်း ၊ အီဂျစ်နိုင်ငံ အနေဖြင့် တရုတ်နိုင်ငံ နှင့် ရောဂါကာကွယ်ဆေး အပါအဝင် ကပ်ရောဂါ တိုက်ဖျက်ရေး လုပ်ငန်းများတွင် အမှန်စင်စစ် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားလိုပြီး တရုတ်နိုင်ငံအနေဖြင့် ဆက်လက်၍ အီဂျစ်နိုင်ငံ အပေါ် ထောက်ခံအားပေးသွားရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

—————————————–

(Chinese Version)
(国际)中国与埃及签署关于新冠病毒疫苗合作意向书
2021-01-01 06:30:44 分类: 政治法律
  新华社开罗12月31日电(记者吴丹妮)中国驻埃及大使廖力强31日代表中国国家卫生健康委员会和埃及卫生与人口部副部长穆罕默德•哈桑尼共同签署《中埃关于新冠病毒疫苗合作意向书》。
  签字仪式在埃及卫生与人口部举行。廖力强当天还和埃及卫生与人口部部长哈拉•扎耶德举行会见。
  廖力强表示,病毒无国界,各国人民都有获得疫苗和药物的权利。中国已有多种疫苗正在多国开展三期临床试验,进展顺利。中国已在国内批准疫苗紧急使用,国药集团中国生物新冠灭活疫苗已获得国家药监局批准附条件上市。迄今的临床试验数据显示,中国新冠疫苗具有较好的安全性和有效性。
  廖力强认为,《中埃关于新冠病毒疫苗合作意向书》的签署将有力推动两国相关机构加强在新冠疫苗研发、生产和使用领域的合作。面对来势汹汹的疫情,中埃两国风雨同舟、守望相助,意向书的签署是中埃两国共建卫生健康共同体的生动诠释。
  扎耶德表示,埃中关系特殊友好,全面战略伙伴关系持续深化,两国各领域尤其是卫生领域合作进一步拓展。中方发挥政府和企业合力,在抗击新冠疫情期间给予埃方坚定支持和大力援助,埃方对此高度赞赏并衷心感谢。
  扎耶德说,中国国药集团疫苗在埃及开展三期临床试验进展顺利,安全性和有效性得到科学认证。埃及真诚愿意与中国开展包括疫苗在内的抗疫合作,期待中方继续给予支持。(完)

Photo
新华社照片,开罗,2020年12月31日
(XHDW)中国与埃及签署关于新冠病毒疫苗合作意向书
12月31日,在埃及首都开罗,中国驻埃及大使廖力强(左)、埃及卫生与人口部部长哈拉•扎耶德(中)和埃及卫生与人口部副部长穆罕默德•哈桑尼出席签字仪式。
当日,中国驻埃及大使廖力强代表中国国家卫生健康委员会和埃及卫生与人口部副部长穆罕默德•哈桑尼共同签署《中埃关于新冠病毒疫苗合作意向书》。
新华社记者 邬惠我 摄