Connect with us

WORLD

ဂျာမနီနိုင်ငံ၏ COVID-19 ကပ်ရောဂါသည် လွန်စွာခက်ခဲသည့်အဆင့်သို့ ရောက်ရှိနေကြောင်း ဂျာမနီဝန်ကြီးချုပ် ပြောကြား

ဂျာမနီနိုင်ငံ Frankfurt မြို့ Römerberg ရင်ပြင် ရှိ လူများနှာခေါင်းစည်းဝတ်ဆင်ရန် သတိပေးသည့်ဆိုင်းဘုတ်အား ဇန်နဝါရီ ၂၀ ရက်၌ တွေ့ရစဉ်(ဆင်ဟွာ)

 

ဘာလင် ၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး

ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် အိန်ဂျလာမာကဲလ် က ဂျာမနီနိုင်ငံ၏ COVID-19 ကပ်ရောဂါအခြေအနေသည် လက်ရှိအချိန်တွင် လွန်စွာခက်ခဲသည့်အဆင့်သို့ ရောက်ရှိနေပြီး ပြည်သူများအားလုံးအနေဖြင့် တာဝန်ရှိစွာ လုပ်ကိုင်ဆောင်ရွက်မှုကို ဆက်လက်ထိန်းသိမ်းသွားကာ ယခုနှစ်အတွင်း ကပ်ရောဂါအား ထိန်းချုပ်နိုင်ရန်နှင့် တိုက်ဖျက်နိုင်ရန်အတွက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ဇန်နဝါရီ ၂၁ ရက်၌ ပြောကြားခဲ့သည်။

ဂျာမနီနိုင်ငံဝန်ကြီးချုပ် က ဇန်နဝါရီ ၂၁ ရက်၌ ကျင်းပပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဂျာမနီ နိုင်ငံ၌ လက်ရှိချိန်တွင် COVID-19 ရောဂါထပ်မံကူးစက်ခံရသူ နှင့် ရောဂါဝေဒနာဆိုးရွားစွာ ဖြစ်ပွားနေသည့် လူဦးရေ အရေအတွက်သည် ကျဆင်းလာသော်လည်း COVID-19 ရောဂါကြောင့် ထပ်မံသေဆုံးသည့် လူဦးရေက မြင့်မားနေဆဲဖြစ်ကြောင်း ၊ ထို့ပြင် ဂျာမနီနိုင်ငံတွင် ဗီဇပြောင်း COVID-19 ရောဂါပိုးကိုလည်း တွေ့ရှိခဲ့ရပြီး ယင်းဖြစ်ရပ်အပေါ်လွန်စွာအလေးထားရင်ဆိုင်ရမည် ဖြစ်ကာ ရောဂါပြန့်ပွားမှုကို အတတ်နိုင်ဆုံးလျော့ကျအောင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် အိန်ဂျလာမာကဲလ် က ဂျာမနီနိုင်ငံအစိုးရ အနေဖြင့် COVID-19 ရောဂါကာကွယ်ဆေး ထုတ်လုပ်မှုကို အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပြီး ယခုနှစ် နွေရာသီပြီးဆုံးချိန်တွင် ပြည်သူလူထုအားလုံး COVID-19 ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးစီးအောင် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ အီးယူအဖွဲ့ဝင်နိုင်ငံခေါင်းဆောင်များ အနေဖြင့် ဇန်နဝါရီ ၂၁ ရက်ညပိုင်းအချိန်တွင် ဗီဒီယို ကွန်ဖရန့်အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ကာ COVID-19 ကပ်ရောဂါ နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း ၊ ဆွေးနွေးပွဲတွင် အီးယူအနေဖြင့် အတတ်နိုင်ဆုံး တပြေးညီ တူညီသည့် ကပ်ရောဂါ ကာကွယ်ရေးဆောင်ရွက်ချက်များဆောင်ရွက်ပြီး COVID-19 ရောဂါ ပြန့်ပွားမှု ၊ ဗီဇပြောင်းလဲမှု နှင့် ကာကွယ်ဆေးထိုးနှံမှု စသည့်အခြေအနေများကို ကိုင်တွယ်နိုင်ရန် ဆွေးနွေးခဲ့ကြကြောင်း ပြောကြားခဲ့သည်။

ဂျာမနီနိုင်ငံ ဖက်ဒရယ်အစိုးရ နှင့် ပြည်နယ်အစိုးရ အသီးသီး တို့က အဓိကကျသော ကပ်ရောဂါ ကာကွယ်ရေး ကန့်သတ်ချက်များကို ဖေဖော်ဝါရီ ၁၄ ရက် အထိတိုးမြှင့်ဆောင်ရွက်သွားရန် ဇန်နဝါရီ ၁၉ ရက်၌ သဘောတူညီခဲ့ကြကြောင်း ၊ သဘောတူညီချက်အရ ယဉ်ကျေးမှု နှင့် အားကစား အပန်းဖြေနေရာများ ၊ လူနေမှုဘဝအတွက် မဖြစ်မနေ မလိုအပ်သည့်ဈေးဆိုင်များ နှင့် ဆံသဆိုင် ကဲ့သို့သော ဝန်ဆောင်မှုလုပ်ငန်းများက ဆက်လက်ပိတ်သိမ်းသွားရမည်ဖြစ်ကြောင်း ၊ ပညာရေးတွင် ဘွဲယူရမည့် အတန်းမှ လွဲ၍ မူကြိုကျောင်း နှင့် အခြားစာသင်ကျောင်းများ က အွန်လိုင်းမှ တစ်ဆင့် ဆက်လက်၍ ပညာသင်ကြားသွားရမည်ဖြစ်ကြောင်း ၊ ပြည်သူလူထုများ က အများပြည်သူသယ်ယူပို့ဆောင်ရေးယာဥ်များပေါ် လိုက်ပါစဉ် နှင့် ကုန်တိုက်များ၌ ဈေးဝယ်စဉ်တွင် မဖြစ်မနေ နှာခေါင်းစည်းဝတ်ဆင်ရမည်ဖြစ်ကြောင်း ၊ အလုပ်ရှင်များအနေဖြင့်လည်း ဝန်ထမ်းများအား အတတ်နိုင်ဆုံးနေအိမ်မှ လုပ်ငန်းဆောင်ရွက်မှု ပြုလုပ်ခြင်းကို မဖြစ်မနေခွင့်ပြုပေးရမည်ဖြစ်ကြောင်း ပါဝင်ခဲ့သည်။

ဂျာမနီနိုင်ငံ ကူးစက်ရောဂါထိန်းချုပ်ရေးအဖွဲ့အစည်းဖြစ်သည့် Robert Koch အင်စတီကျု ၏ ဇန်နဝါရီ ၂၁ ရက် ထုတ်ပြန်ကြေညာချက်အရ ယင်းနေ့ သုညနာရီအချိန်ထိ လွန်ခဲ့သည့် ၂၄ နာရီအတွင်း ဂျာမနီနိုင်ငံ ၌ COVID-19 ရောဂါ ထပ်မံကူးစက်ခံရသူ ၂၀,၃၉၈ ဦးရှိခဲ့ပြီး ရောဂါ ကူးစက်ခံရသူစုစုပေါင်း ၂,၀၈၈,၄၀၀ ဦးအထိရောက်ရှိခဲ့ကြောင်း ၊ COVID-19 ရောဂါကြောင့် ထပ်မံသေဆုံးခဲ့ရသူ ၁,၀၁၃ ဦးရှိခဲ့ပြီး သေဆုံးသူ စုစုပေါင်း ၄၉,၇၈၃ ဦးလာခဲ့ကြောင်း ၊ ဂျာမနီနိုင်ငံတွင် လူပေါင်း ၁,၄၀၁,၆၉၃ ဦး က COVID-19 ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးခဲ့ကြောင်း သိရှိရသည်။ (Xinhua)

————————————————

(Chinese Version)
默克尔:德国新冠疫情处在“极为艰难阶段”
  新华社柏林1月21日电(记者张毅荣)德国总理默克尔21日表示,德国新冠疫情正处在“极为艰难阶段”,所有人必须继续“负责任行事”,一切为今年控制住疫情并最终战胜疫情的目标服务。
  默克尔当天在记者会上说,尽管德国新增确诊病例数和重症病例数开始减少,但新增死亡病例数仍居高不下。此外,德国已发现变异新冠病毒,必须非常严肃地对待其风险,尽可能减缓其扩散。
  默克尔表示,德国政府将尽一切努力支持新冠疫苗生产,力求今年夏季结束时所有民众都能接种疫苗。
 默克尔说,欧盟国家首脑21日晚将以视频会议形式讨论新冠疫情,推动欧盟尽可能采取统一的防疫措施,并掌握新冠病毒的传播、变异和疫苗接种等情况。
  德国联邦政府与各州政府19日达成协议,将主要防疫限制措施延长至2月14日。协议规定,文体休闲场所、非生活必需品商店、理发店等服务业继续关闭;幼儿园和学校除毕业班以外的年级继续远程教学;民众在搭乘公共交通工具和在商店购物时必须戴医用口罩;雇主必须允许雇员尽可能居家办公等。
  根据德国疾控机构罗伯特•科赫研究所21日发布的数据,截至当天零时,德国过去24小时新增新冠确诊病例20398例,累计确诊2088400例;新增死亡病例1013例,累计死亡49783例。德国已完成1401693剂新冠疫苗接种。
Photo
这是1月20日在德国法兰克福罗马广场拍摄的一处提醒人们佩戴口罩的警示牌。(新华社记者逯阳摄)