Connect with us

WORLD

ဗြိတိန်နိုင်ငံတွင် COVID-19 ရောဂါဖြင့် သေဆုံးသူ ၁၀၀,၀၀၀ ကျော် အထိ ရောက်ရှိလာ

ဗြိတိန်နိုင်ငံတွင် ပိတ်သိမ်းထားသည့် စားသောက်ဆိုင်ရှေ့တစ်ခု၌ လူများ နှာခေါင်းစည်းတပ်၍ ဖြတ်လျှောက်သွားသည်ကို ဇန်နဝါရီ ၁၉ ရက်က မြင်တွေ့ရစဉ်(ဆင်ဟွာ)

လန်ဒန် ၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး

ဗြိတိန်နိုင်ငံအစိုးရ ၏ ဇန်နဝါရီ ၂၆ ရက်ထုတ်ပြန်ကြေညာချက်အရ ယင်းနေ့တွင် ဗြိတိန်နိုင်ငံ၌ COVID-19 ရောဂါဖြင့် ထပ်မံသေဆုံးသူ ၁,၆၃၁ ဦးရှိခဲ့ပြီး သေဆုံးသူ စုစုပေါင်း ၁၀၀,၁၆၂ ဦးအထိ ရောက်ရှိလာခဲ့ကြောင်း သိရသည်။

စာရင်းပြုစုချက်များအရ ဗြိတိန်နိုင်ငံတွင် ဇန်နဝါရီ ၂၆ ရက်၌ COVID-19 ရောဂါ ထပ်မံကူးစက်ခံရသူ ၂၀,၀၈၉ ဦးရှိခဲ့ပြီး ရောဂါကူးစက်ခံရသူ စုစုပေါင်း ၃,၆၈၉,၇၄၆ ဦးရှိလာခဲ့ကြောင်း သိရှိရသည်။
ဗြိတိန်နိုင်ငံဝန်ကြီးချုပ် Boris Johnson က ဇန်နဝါရီ ၂၆ ရက်၌ ကျင်းပပြုလုပ်သည့် ကပ်ရောဂါဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် ကပ်ရောဂါကြောင့် သေဆုံးခဲ့ရသူများအတွက် ဝမ်းနည်းမိကြောင်း ၊ ကံအကြောင်းမလှ၍ COVID-19 ရောဂါကြောင့် သေဆုံးခဲ့ရသူများအား အောက်မေ့တမ်းတလျက် ဆောင်ရွက်ရမည့် အကောင်းဆုံးသော နည်းလမ်းမှာ အတူတကွ ကပ်ရောဂါအား ကြိုးပမ်းတိုက်ဖျက်သွားခြင်းဖြစ်ကြောင်း ၊ ဗြိတိန်နိုင်ငံ၌ လက်ရှိတွင် COVID-19 ရောဂါ ကာကွယ်ဆေးထိုးနှံပေးသည့် လုပ်ငန်းကို အစွမ်းကုန်တွန်းအားပေးဆောင်ရွက်နေကြောင်း နှင့် လက်ရှိချိန်အထိ လူပေါင်း ၆.၈ သန်းကျော် ကို COVID-19 ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ဗြိတိန်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန က ဗြိတိန်နိုင်ငံအနေဖြင့် အခြားနိုင်ငံများအား မျိုးရိုးဗီဇအစီအစဉ်ဆိုင်ရာ ကိစ္စရပ်များတွင် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ဗီဇပြောင်းလဲ COVID-19 ရောဂါပိုးအသစ်များကို ခွဲခြမ်းစိတ်ဖြာအတည်ပြုရာတွင် ကူညီပေးသွားမည်ဖြစ်ကြောင်း ဇန်နဝါရီ ၂၆ ရက်၌ ထုတ်ပြန်ကြေညာခဲ့သည်။

ဗြိတိန်နိုင်ငံကျန်းမာရေးဝန်ကြီး Matt Hancock က လတ်တလောရက်ပိုင်းအတွင်း ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ဗြိတိန်နိုင်ငံ ကျန်းမာရေးစနစ်သည် လက်ရှိတွင် လွန်စွာကြီးမား သည့် ဖိအားနှင့်ရင်ဆိုင်နေရကြောင်း ၊ သို့သော် COVID-19 ရောဂါထပ်မံကူးစက်ခံရသူ ဦးရေမှာ လျော့ကျလာခဲ့ပြီး ယခင်ဆောင်ရွက်ခဲ့သည့် ဆောင်ရွက်မှုများက ထိရောက်မှုရှိသည် ကို တွေ့ရှိလာရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

———————————————-
(English Version)

(国际疫情)英国累计新冠死亡病例超10万例

  新华社伦敦1月26日电(记者张家伟 金晶)英国政府26日发布的数据显示,该国当天新增新冠死亡病例1631例,累计死亡病例100162例。
  数据还显示,英国当天新增确诊病例20089例,累计确诊病例3689746例。
  英国首相约翰逊当天出席疫情发布会,对在疫情中逝去的生命表示哀悼。他说,缅怀因新冠病毒不幸去世者的最好方式就是共同努力战胜这一病毒。英国正在全力推动新冠疫苗接种工作,目前已有超过680万人接种了疫苗。
  此外,英国卫生部26日表示,将为其他国家提供基因测序方面的协助,以分析并确认新的变异新冠病毒。
  英国卫生大臣马修•汉考克日前表示,英国公共卫生体系目前承受巨大压力。不过,新冠确诊病例数的增幅在减缓,早期迹象表明当前采取的多项措施正在发挥作用。(完)

Photo
1月19日,戴口罩的人们走过英国伦敦一家关闭的餐厅。新华社记者韩岩摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.