Connect with us

WORLD

တရုတ်နိုင်ငံမှ COVID-19 တိုက်ဖျက်ရေး ဆေးဘက်ဆိုင်ရာအဖွဲ့ မလေးရှားနိုင်ငံသို့ရောက်ရှိ 

တရုတ်နိုင်ငံမှ COVID-19 တိုက်ဖျက်ရေး ဆေးဘက်ဆိုင်ရာအဖွဲ့ မလေးရှားနိုင်ငံသို့ မထွက်ခွာမီ တရုတ်နိုင်ငံတောင်ပိုင်းရှိ ကွမ်တုန်းပြည်နယ် ကွမ်ကျိုးမြို့၌ တွေ့ရစဉ် (ဆင်ဟွာ)

ကွာလာလမ်ပူ၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ) 

COVID-19 ရောဂါတိုက်ဖျက်ရေးတွင် ကူညီရန်အတွက် တရုတ်နိုင်ငံအစိုးရမှ စေလွှတ်ခဲ့သော ဆေးဘက်ဆိုင်ရာ ပညာရှင်အဖွဲ့သည် ဧပြီ ၁၈ ရက်တွင် မလေးရှားနိုင်ငံသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

အဖွဲ့ဝင်ရှစ် ဦး ပါသည့်ဆေးပညာရှင်အဖွဲ့ကို ကွာလာလမ်ပူအပြည်ပြည်ဆိုင်ရာလေဆိပ် တွင် မလေးရှားနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး မစ္စတာ Bai Tian နှင့်မလေးရှားနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနမှအရာရှိများကကြိုဆိုခဲ့ကြကြောင်း သိရသည်။

တရုတ်နိုင်ငံမှ COVID-19 တိုက်ဖျက်ရေး ဆေးဘက်ဆိုင်ရာအဖွဲ့ မလေးရှားနိုင်ငံသို့ မထွက်ခွာမီ တရုတ်နိုင်ငံတောင်ပိုင်းရှိ ကွမ်တုန်းပြည်နယ် ကွမ်ကျိုးမြို့၌ တွေ့ရစဉ် (ဆင်ဟွာ) 

အဆိုပါဆေးဘက်ဆိုင်ရာပညာရှင် အဖွဲ့ သည် မလေးရှားနိုင်ငံ တွင် နှစ်ပတ်ကြာ နေထိုင်မည်ဖြစ်ကြောင်း၊ ထို့အပြင် ၎င်းတို့ ၏ COVID-19 တိုက်ဖျက် ရေးနှင့် ပတ်သက်သည့် အတွေ့အကြုံများကို မလေးရှားနိုင်ငံရှိ ဆေးဘက်ဆိုင်ရာ ပညာရှင်များသို့ မျှဝေကာ မလေးရှားနိုင်ငံ ၏ ကပ်ရောဂါ ကာကွယ်တားဆီးရေး လုပ်ငန်းများတွင် ကြိုးပမ်းကူညီသွားမည်ဖြစ်ကြောင်း မလေးရှားနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး ၏ ပြောကြားချက်အရ သိရသည်။ 

“အခုအချိန်က နှစ်နိုင်ငံ အစိုးရများနဲ့ တရုတ်နိုင်ငံနဲ့ မလေးရှားနိုင်ငံ ပြည်သူတွေ အနေနဲ့ အခက်အခဲများ ကို ကျော်လွှားဖို့နဲ့ အပြန်အလှန် စောင့်ရှောက်ဖို့ အတူတကွ လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။ ဒါက တရုတ်နိုင်ငံ နဲ့ မလေးရှားနှစ်နိုင်ငံကြား နွေးထွေးတဲ့ ဆက်ဆံရေး ကိုပြသရာလည်းရောက်ပါတယ်’’ ဟု Bai က ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)