Connect with us

WORLD

အမေရိကန် FDA အကြီးအကဲက COVID-19 ကာကွယ်ဆေးအတွက် အချိန်သတ်မှတ်ပေးရန် ငြင်းဆို

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့ရှိ လွှတ်တော်အဆောက်အဦရှေ့တွင် သွားလာနေသူများကို ဇူလိုင် ၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဇူလိုင် ၆ ရက်(ဆင်ဟွာ)

 “ ယခုနှစ် နှစ်ကုန်ပိုင်းမတိုင်မီ” ကာကွယ်ဆေးရရှိနိုင်လိမ့်မည်ဟု အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ ပြောဆိုမှုအပေါ် အမေရိကန်နိုင်ငံ အစားအစာ နှင့် ဆေးဝါး စီမံခန့်ခွဲမှု(FDA) အဖွဲ့ကော်မရှင်နာမင်းကြီး Stephen Hahn က COVID-19 ကာကွယ်ဆေးအတွက် အချိန်ဇယားတစ်ခု သတ်မှတ်ပေးရန် ဇူလိုင် ၅ ရက်တွင် ငြင်းဆိုလိုက်ကြောင်း သိရသည်။ 

“ ကာကွယ်ဆေးတစ်ခု ဘယ်အချိန် ရမလဲ ဆိုတာကို ကျွန်တော်ကြိုတင် မခန့်မှန်းနိုင်ပါဘူး” ဟု ဇူလိုင် ၅ ရက်က ABC သတင်းဌာနနှင့်ပြုလုပ်သော တွေ့ဆုံးမေးမြန်းခန်းတွင် Hahn က ပြောကြားခဲ့သည်။ “ ကာကွယ်ဆေးတစ်ခု ရရှိဖို့အတွက် အရှိန်နှေးကွေးလွန်းနေတာကိုပဲ ကျွန်တော်တို့တွေ့နေရတယ် ၊ အမေရိကန်ပြည်သူတွေကို ကျိုးနွံစွာနဲ့ပဲပြောပါရစေ၊ ကာကွယ်ဆေးတစ်ခုဟာ ထိရောက်တဲ့ ကာကွယ်ဆေးဖြစ်ဖို့ ၊ ဘေးကင်းလုံခြုံမှု ရှိဖို့နဲ့အတူ အချက်အလက် နဲ့ သိပ္ပံပညာရပ်ပေါ်မှာ အခြေခံတဲ့ ဆုံးဖြတ်ချက်တစ်ခုကိုပဲ ကျနော်တို့လုပ်ရမှာပါ ” ဟု ၎င်းကဆိုသည်။

ဝါရှင်တန်ဒီစီမြို့၌ ကျင်းပပြုလုပ်သည့် ဇူလိုင် ၄ ရက် “အမေရိကန်လွတ်လပ်ရေးနေ့”နှစ်ပတ်လည် အခမ်းအနားတွင် သမ္မတထရမ့်က မိန့်ခွန်းပြောကြားရာ၌ နိုင်ငံအနေဖြင့် ယခုနှစ် နှစ်ကုန်ပိုင်းမတိုင်မီ COVID-19 အတွက် ကုထုံးတစ်ခု သို့မဟုတ် ကာကွယ်ဆေးတစ်ခု ရရှိလိမ့်မည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

Hahn က ဇူလိုင် ၂ ရက်တွင် ပြောကြားရာ၌ မကြားသေမီက ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ထုတ်လုပ်ရန် ကြိုးပမ်းအားထုတ်နေမှုအပေါ် ၎င်းအနေဖြင့် “ သတိထား၍ အကောင်းဘက်က ရှုမြင်” ကြောင်း ၊ “ ယခုနှစ်ကုန်ပိုင်း သို့မဟုတ် နောက်နှစ်အစောပိုင်း”တွင် အပြီးသတ်ရက်စွဲဖြစ်ရန် အလားအလာရှိကြောင်း ဆိုခဲ့သည်။ မေရိကန်နိုင်ငံတွင် ဇူလိုင် ၅ ရက် မွန်းလွဲပိုင်းအထိ COVID-19 ရောဂါကူးစက်ခံထားရသူပေါင်း ၂,၈၅၂,၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၁၂၉,၇၀၀ ဦးရှိကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်၏ အချက်အလက်များအရ သိရသည်။(Xinhua)