Connect with us

WORLD

နီယူအေနိုင်ငံမှ ခရီးသွားများ နယူးဇီလန်နိုင်ငံသို့ quarantine ဝင်ရောက်ရန်မလိုဘဲ သွားရောက်နိုင်မည်

နယူးဇီလန်နိုင်ငံ အော့ကလန်မြို့လယ်နှင့် မြောက်ဘက်ကမ်းခြေရှိ Devonport ကျေးရွာအားတွေ့ရစဉ် (ဆင်ဟွာ)

ဝယ်လင်တန်၊ မတ် ၁၃ ရက် (ဆင်ဟွာ)

နီယူအေနိုင်ငံမှ နယူးဇီလန်နိုင်ငံသို့သွားရောက်လည်ပတ်မည့် ခရီးသည်များသည် နယူးဇီလန်ဒေသစံတော်ချိန် မတ် ၂၄ ရက် (နီယူအေ ဒေသစံတော်ချိန် မတ် ၂၃ ရက်)မှစ၍ quarantine ဝင်ရောက်ရန်မလိုဘဲ သွားရောက်နိုင်မည်ဖြစ်ကြောင်း နယူးဇီလန်နိုင်ငံဝန်ကြီးချုပ် Jacinda Ardern နှင့် နီယူအေနိုင်ငံဝန်ကြီးချုပ် Dalton Tagelagi တို့၏ မတ် ၁၃ ရက်တွင်ထုတ်ပြန်သည့် ပူးတွဲကြေညာချက်အရ သိရသည်။

ယင်း quarantine မဲ့ ခရီးသွားလာခွင့်သည် နီယူအေနိုင်ငံမှ နယူးဇီလန်နိုင်ငံသို့ သွားရောက်ရန်အတွက်သာဖြစ်ကြောင်း ပူးတွဲကြေညာချက်အရ သိရသည်။

နှစ်နိုင်ငံအစိုးရတာဝန်ရှိသူများသည် နှစ်နိုင်ငံအကြား အပြန်အလှန် quarantine မဲ့ ခရီးသွားလာနိုင်ရေးအတွက် ဘေးကင်းလုံခြုံမှုလုပ်ထုံး လုပ်နည်းများအားလုံး နှင့် တုံ့ပြန်ဆောင်ရွက်နိုင်မှုစွမ်းရည်များ သေချာစွာလုပ်ဆောင်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ကြေညာချက်အရ သိရသည်။

အလားတူ နယူးဇီလန်နိုင်ငံမှ သြစတြေးလျနိုင်ငံသို့ ၊ ကွတ်ကျွန်းစုနိုင်ငံမှ (Cook Islands) မှ နယူးဇီလန်နိုင်ငံသို့ အသွားခရီးစဥ်များအတွက် quarantine မဲ့ အစီအစဉ်အား စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။ (Xinhua)
————————————-
(English Version)
Passengers from Niue to travel into New Zealand quarantine-free

WELLINGTON, March 13 (Xinhua) — Prime Minister of New Zealand Jacinda Ardern and Premier of Niue Dalton Tagelagi announced in a joint statement on Saturday that passengers from Niue can travel to New Zealand quarantine-free from March 24 New Zealand time (March 23 Niue time).
The quarantine-free travel will be one-way from Niue to New Zealand only, according to the joint statement.
Officials of both governments are working towards ensuring all safety protocols and response capabilities are in place for the two-way quarantine-free travel between the two countries, according to the statement.
Similar one-way quarantine-free travel arrangement was also implemented from New Zealand to Australia and from Cook Islands to New Zealand. Enditem