Connect with us

Myanmar

အောင်လအန်ဆန်နှင့် ဗစ်တာလီဘစ်ဒက်ရှ် တို့၏ စိန်ခေါ်ပွဲကို ဖေဖော်ဝါရီ ၂၅ ရက်တွင် စင်ကာပူနိုင်ငံ၌ ကျင်းပမည်

မြန်မာ့ စပါးအုံး ခေါ် အောင်လအန်ဆန်အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ)

မြန်မာ MMA ကစားသမား အောင်လအန်ဆန်နှင့် ရုရှားနိုင်ငံသား ကစားသမား ဗစ်တာလီဘစ်ဒက်ရှ်တို့၏ စိန်ခေါ်ပွဲကို ဖေဖော်ဝါရီ ၂၅ ရက်တွင် စင်ကာပူနိုင်ငံ၌ ပြုလုပ်မည့် Full Circle အမည်ရ MMA ပြိုင်ပွဲတွင် ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း One Championship မှ သိရသည်။

“အဲဒီပြိုင်ပွဲမှာ စိန်ခေါ်ပွဲ ၁၁ ပွဲ၊ ကမ္ဘာ့ချန်ပီယံလုပွဲ ၃ ပွဲ ပါဝင်မှာပါ’’ ဟု One Championship တာဝန်ရှိသူ တစ်ဦးက ဆင်ဟွာသို့ ယနေ့ပြောသည်။

မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဟောင်း ၂ ဦးဖြစ်သည့် အောင်လအန်ဆန်နှင့် ဗစ်တာလီဘစ်ဒက်ရှ်ပွဲအား မစ်ဒယ်ဝိတ်တန်းစိန်ခေါ်ပွဲအဖြစ် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ အောင်လအန်ဆန်သည် ကမ္ဘာ့ချန်ပီယံဆုအား ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလတွင် လက်လွှတ်ရပြီးနောက် စိန်ခေါ်ပွဲများသာ ထိုးသတ်နေရပြီး ကမ္ဘာ့ချန်ပီယံဆုအတွက် ပြန်လည်စိန်ခေါ်ခွင့်မရသေးကြောင်း သိရသည်။

အောင်လအန်ဆန်နှင့် ဘစ်ဒက်ရှ်တို့ ယခုအကြိမ်တွေ့ဆုံထိုးသတ်မှုသည် တတိယအကြိမ်ဖြစ်ပြီး ပြီးခဲ့သည့် နှစ်ကြိမ်တွင် တစ်ကြိမ်စီ အနိုင်ရထားခဲ့ကြောင်း သိရသည်။ အောင်လအန်ဆန်သည် ၂၀၁၇ ခုနှစ် ဇွန်လတွင် ဗစ်တာလီဘစ်ဒက်ရှ်ကို အလဲထိုးကာ အနိုင်ယူခဲ့သည်ဟု ဒိုင်များ၏ တညီတညွတ်တည်း ဆုံးဖြတ်မှုနှင့် အတူ မစ်ဒယ် ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို ရယူဆွတ်ခူးခဲ့ကြောင်း သိရသည်။ (Xinhua)

 

 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.