Connect with us

Agriculture

စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို ပံ့ပိုးပေးနိုင်ရန်အတွက် ဝန်ကြီးဌာနဆောင်ရွက်လျက်ရှိ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူအားတွေ့ရစဉ် (ဓာတ်ပုံ-- ကုန်သည်စက်မှုအသင်းချုပ်)

ရန်ကုန်၊ မတ် ၂၇ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းကဏ္ဍသည် ထုတ်ကုန်အများဆုံးထုတ်လုပ်နိုင်သည့် အရေးပါသောကဏ္ဍတစ်ရပ်အဖြစ် အဓိကပါဝင်လျက်ရှိရာ ၎င်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက် များစွာရှိကြောင်း ၎င်း လိုအပ်ချက်များကို ပံ့ပိုးပေးနိုင်ရန်အတွက် ဝန်ကြီးဌာန အနေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက အစိုးရနှင့် ပုဂ္ဂလိကတွေ့ဆုံဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

Agriculture Master Plan (စိုက်ပျိုးမာစတာပလန်) တစ်ခုကို ယခုအခါ ဝန်ကြီးဌာနအနေဖြင့် ပြည်ပနိုင်ငံတစ်ခု နှင့်ပူးပေါင်းကာ မျိုးကောင်းမျိုးသန့်ရရှိထုတ်လုပ်နိုင်ရေး၊ မြေသြဇာအရည်အသွေးပြည့်မီစွာပံ့ပိုးနိုင်ရေး၊ တောင်သူများ ပိုးသတ်ဆေးအသုံးချမှုကိုထိရောက်စွာပညာပေးနိုင်ရေး၊ Good Agriculture Practice (GAP) စနစ် ဖော်ဆောင် နိုင်ရေး၊ ချေးငွေရရှိ၍ ရင်းနှီးမြှုပ်နှံမှုများလုပ်နိုင်ရေး၊ အရည်အသွေးမြင့် စားသောက်ကုန်များ ထုတ်လုပ်နိုင်ရေးနှင့် နိုင်ငံတကာဈေးကွက်ဝင်ရန် ၊ ဥပဒေများပြန်လည်ရေးဆွဲနိုင်ရေးတို့အတွက် ပြည်တွင်းပြည်ပမှ ပညာရှင်များ ပါဝင်ရေးဆွဲလျက်ရှိကြောင်း သိရသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းများ၏ကဏ္ဍများ မြှင့်တင်နိုင်ရန်အတွက် ဧပြီလအတွင်း ယခုလို အစိုးရနှင့်ပုဂ္ဂလိက ပုံမှန်ပူးပေါင်းဆွေးနွေးပွဲများပြုလုပ်သွားမည်ဖြစ်ပြီး မေလတွင် လွှတ်တော်သို့ တင်ပြနိုင်အောင် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဝန်ကြီးမှပြောကြားခဲ့သည်။

Two- Step Loan (နှစ်ဆင့်ချေးငွေ) များကိုလည်း ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့်ညှိနှိုင်း၍ ဈေးကွက်စီးပွားရေး စနစ်မြှင့်တင်ရန်အတွက် လိုအပ်နေသောကဏ္ဍများတွင် ထိရောက်စွာအသုံးချနိုင်ရန် ဇွန်လ၌ ချေးငွေပံ့ပိုးနိုင်ရေး အကောင်အထည်ဖော်လျက်ရှိ နေကြောင်း သိရသည်။

စပါးများကို ဒေသအနှံ့တွင် မျိုးပေါင်းစုံ စိုက်ပျိုးမည့်အစား ဒေသတစ်ခုတွင် မျိုးတစ်မျိုးကိုသာ သေချာစိုက်ပျိုးနိုင်ရန် ဆောင်ရွက်သွားရန်ရှိကြောင်း၊ စိုက်ပျိုးရေးအာမခံ၊ အဆင့်မြှင့်လယ်ယာ ဖော်ထုတ်ရန်၊ ကျေးလက်ဒေသများတွင်သိုလှောင်ရုံများထားရှိနိုင်ရန်အတွက် ဆောင်ရွက်သွားမည်ဖြစ်ပြီး ထုတ်ကုန်များကို မြှင့်တင်ရန်အတွက် two-step Loan များကို ဆန်စက်ကဏ္ဍအတွက်ချေးပေးမည်ဖြစ်ကြောင်း၊ Call Centre များလည်း ဖွင့်ပေး၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပို့ကုန်မူဝါဒများချမှတ်ရန်၊ Water User Association(ရေသုံးစွဲသူများအသင်း) ဖွဲ့စည်း၍ စိုက်ပျိုးရေစနစ်တကျစီမံခန့်ခွဲနိုင်ရန်၊ ရေနက်ကွင်းများတွင် ဈေးကွက်ဝင်သည့်သီးနှံများကို ပြောင်းလဲစိုက်ပျိုးရန်၊ ဆီထွက်သီးနှံနှင့်ပတ်သက်၍ အရည်သွေးမြှင့်ပြုပြင်စီမံရန်၊ ရန်ကုန်နှင့်မန္တလေးတွင် Whole Sale Market အကောင်ထည်ဖော်ရန်၊ မွေးမြူရေးအနေဖြင့် နို့ရည်၊ ရေခဲချောင်းများထုတ်လုပ်ရန် နိုက်ထရိုဂျင်စက်ရုံများတည်ဆောက်နိုင်ရန်တို့ကို အကောင်အထည်ဖော်နိုင်ရန် ရှင်းလင်းဆွေးနွေးခဲ့သည်။ မျိုးများကို မူပိုင်ခွင့်သတ်မှတ်ရန် ဆောင်ရွက်လျက်ရှိကြောင်းနှင့် Value Added Program အသေးစားကိုလည်း ရှေ့ဆက်ထည့်သွင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.