Connect with us

Agriculture

တိုင်းဒေသကြီး/ပြည်နယ် တစ်ချို့ရှိ ဆောင်းအစေ့ထုတ်ပြောင်း သီးနှံစိုက်ခင်းများတွင် ငမြှောင်တောင် ဖျက်ပိုး မျိုးစိတ် အသစ် ကျရောက်

ငမြှောင်တောင် Fall Army Worm (FAW) ကျရောက်မှု ကြိုတင် ကာကွယ်ရေး နှိုးဆော်ချက် ထုတ်ပြန်မှု(ဓာတ်ပုံ- The Mirror Daily)

ရန်ကုန် ၊ ဇန်နဝါရီ ၁၅ ရက်(ဆင်ဟွာ)

မန္တလေး တိုင်းဒေသကြီး မြင်းခြံမြို့နယ် ၊ နေပြည်တော်ကောင်စီ နယ်မြေ တပ်ကုန်းမြို့နယ် ၊ ရှမ်းပြည်နယ် (အရှေ့) ကျိုင်းတုံ မြို့နယ် နှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဆောင်းအစေ့ထုတ် ပြောင်းသီးနှံ စိုက်ခင်း များတွင် ကျရောက် သော ငမြှောင်တောင်ပိုးမှာ ယခင်က မြန်မာနိုင်ငံတွင် ကျရောက်ဖူးခြင်း မရှိသေးသော ငမြှောင်တောင် ဖျက်ပိုး မျိုးစိတ် အသစ် Fall Army Worm (FAW) ဖြစ်ကြောင်း အတည်ပြု သတ်မှတ်ကြောင်း စိုက်ပျိုးရေး ဦးစီးဌာနမှ ကြိုတင် ကာကွယ်ရေး အသိပေး နှိုးဆော်ခဲ့သည်။

ငမြှောင်တောင် ဖျက်ပိုး မျိုးစိတ် အသစ်သည် ပျံ့နှံ့နှုန်း နှင့် ပေါက်ပွားနှုန်း အလွန် လျင်မြန် သဖြင့် ထိရောက်စွာ ကာကွယ် နှိမ်နင်းခြင်း မရှိပါက သီးနှံအထွက်နှုန်း လျော့ကျစေပြီး အကျိုးစီးပွား ထိခိုက်နိုင်သဖြင့် အလေးထား ကာကွယ်သင့်သည့် ဖျက်ပိုးဖြစ်ကြောင်း နှိုးဆော်ချက်တွင် ဖော်ပြခဲ့သည်။

ယင်းမျိုးစိတ်မှာ အာရှတိုက် တွင် အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့၌ စတင်တွေ့ရှိခဲ့သည့် Fall Army Wom (FAW) Spodoptera Frugiperda မျိုးစိတ် ဖြစ်ပြီး လက်ရှိ မြန်မာနိုင်ငံတွင် ရှိပြီး ဖြစ်သော ငမြှောင်တောင် ပိုးမျိုးစိတ် နှင့် အနည်းငယ်ကွဲလွဲမှု ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ လက်ရှိ စိုက်ပျိုးထားသော ဆောင်းအစေ့ထုတ်ပြောင်းသီးနှံစိုက်ခင်းများ တွင် FAW ငမြှောင် တောင် ဖျက်ပိုးသည် အဓိကကျရောက်နေသဖြင့် ပိုမိုဆိုးရွားစွာပျံ့နှံ့မှု မရှိ စေရေးအတွက် ကာကွယ်နှိမ်နင်းရေး နည်းလမ်းများ အတိုင်း အထူး အလေးထား ကာကွယ် နှိမ်နင်းကြရန် အသိပေး နှိုးဆော်ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.