Connect with us

Agriculture

မြန်မာ့နာနတ်သီးများကို ပထမဆုံးအကြိမ်ဖြင့် တရုတ်နိုင်ငံသို့ အစိုးရချင်း (Government to Government) ချိတ်ဆက်၍ တင်ပို့ရောင်းချမည်ဟုဆို

နာနတ်သီးခူးနေသောတောင်သူတစ်ဦးအားတွေ့ရစဉ် (ဓာတ်ပုံ--ပြန်ကြားရေးဝန်ကြီးဌာန)

ရန်ကုန်၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ)

မြန်မာ့နာနတ်သီးများကို ယခုနှစ်တွင် ပထမဆုံးအကြိမ်ဖြင့် တရုတ်နိုင်ငံသို့ အစိုးရချင်း (Government to Government) ချိတ်ဆက်၍ တင်ပို့ရောင်းချမည်ဖြစ်ကြောင်း နှင့် မြန်မာ့နာနတ်သီးများသည် ပိုးကျရောက်မှု ဒဏ်ခံနိုင်သည့်အတွက် စိုက်ဧက၏ ၂၀ ရာခိုင်နှုန်းခန့်တွင်သာ ပိုးစေးနှဲအနည်းငယ် ကျရောက်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန အပင်ပိုးမွှားဌာနစုတာဝန်ခံ ဒေါက်တာ ခင်ခင်မာလာမြင့် က ဆိုသည်။

“နာနတ်သီးက ပိုးကျရောက်မှု အလွန်နည်းတဲ့ သီးနှံတစ်မျိုးဖြစ်ပါတယ်။တခါတရံမှာ ရာသီဥတုပေါ်မူတည်ပြီး ပိုးစေးနှဲအနည်းငယ်ကျရောက်တတ်တယ်။ဒါတောင်များများစားစားမကျရောက်တတ်ပါဘူး။စားသုံးသီးနှံဖြစ်လို့ ပိုးသတ်ဆေးသိပ်မဖျန်းဘဲ ဘက်စုံကာကွယ်နှိမ်နှင်းရေးနည်းလမ်းတွေကို ကျွန်မတို့ဌာနအနေနဲ့ တောင်သူတွေ ကို ချပြပေးထားပါတယ်။ ကုန်သွယ်ရေးအတွက် အဟန့်အတားမဖြစ်နိုင်ပါဘူး’’ ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။
လက်ရှိတွင် နာနတ်သီးများကို တရုတ်နိုင်ငံသို့ အစိုးရခြင်း တရားဝင် ချိတ်ဆက်၍ တင်ပို့နိုင်ရန် နာနတ်စိုက်ခင်းများကို လိုက်လံစစ်ဆေးပြီး ပိုးစေးနှဲ အနည်း ငယ်ကျရောက်မှုနှင့် ထိန်းချုပ်ထားမှုအခြေ အနေများကို တရုတ်နိုင်ငံဘက်သို့ အကြောင်းပြန်ထားပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါပိုးများကို ပိုးသတ်ဆေးဖျန်းခြင်း သို့မဟုတ် ခူးဆွတ်ပြီးချိန်တွင် အသီးများကို ရေဆေးခြင်းဖြင့် ကာကွယ်နိုင်ကြောင်း ၊ တရုတ် နိုင်ငံဘက်က ပိုးသုံးမျိုးနှင့် မှိုရောဂါတစ်မျိုးကို စစ်ဆေးပေးရန် ပြောကြားထားကြောင်းနှင့် ယင်းအသီးများတွင်ကျရောက်သော မှိုရောဂါသည် ရေဝပ်ချိန်တွင်သာ ဖြစ်ပွားတတ်သည့် မြစ်ပုပ်နာရောဂါတစ်မျိုး ဖြစ်ကြောင်း သိရသည်။

ထို့ပြင် တရုတ်နိုင်ငံက တရားဝင်တင်ပို့နိုင်ရေး စစ်ဆေးရန်အတွက် မြန်မာနိုင်ငံသို့ အကြောင်းပြန်ထားသည်မှာ ရှစ်လခန့်ရှိ နေပြီဖြစ်ကြောင်း ၊ လတ်တလောတွင် COVID-19 ရောဂါကူးစက်မှုနှုန်း မြင့်တက်နေသည့်အတွက် ယခုနှစ် နာနတ် ရာသီချိန်အတွင်း လာရောက်စစ်ဆေးနိုင်ရန် မဖြစ်နိုင်သေးကြောင်း နှင့် ယင်းကဲ့သို့ လာရောက်စစ်ဆေး ပြီးပါက တရားဝင် တင်ပို့နိုင်ရန် ၈၀ ရာခိုင် နှုန်းသေချာကြောင်း သိရသည်။ နာနတ်သီးကို ရှမ်းပြည်နယ် နှင့် ကချင်ပြည်နယ်တို့ တွင် အဓိကစိုက်ပျိုးပြီး ၂၀၂၀ပြည့်နှစ်တွင် မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နာနတ်သီးစိုက်ဧက ၃၅,၀၀၀ ခန့်ရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.