Connect with us

Agriculture

ရွှေဘိုခရိုင် အတွင်း စီးပွားဖြစ် ငါးမွေးကန်များ ရေဖိုးအခွန် ၆.၃၁၉ ဘီလီယံကျပ် နိုင်ငံတော်သို့ ပေးသွင်းရန် ကျန်ဟုဆို

ဧရာဝတီ တိုင်းဒေသကြီး အတွင်းရှိ ငါးမွေးမြူရေး ကန်တစ်ကန် အားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ရန်ကုန်၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ)

ရွှေဘိုခရိုင် အတွင်း စီးပွားဖြစ် ငါးမွေးကန်များ ရေဖိုးအခွန် ၆.၃၁၉ ဘီလီယံကျပ် နိုင်ငံတော်သို့ ပေးသွင်းရန် ကျန်ရှိနေကြောင်း ဆည်မြောင်းနှင့် ရေ အသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနထံမှ သိရသည်။

ဆည်ရေသောက် ဧရိယာများအတွင်းရှိ စီးပွားဖြစ် ဆည်ရေ အသုံးပြု ငါးမွေးကန်များအား ဆည်မြောင်းနှင့် ရေ အသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ သတ်မှတ်ထားသော စည်းမျဉ်းစည်း ကမ်းညွှန်ကြားချက်များနှင့် အညီ ၂ဝဝ၈ ခုနှစ်မှစ၍ ငါးကန် ရေခွန်ကောက်ခံ ဆောင်ရွက်ခဲ့သော်လည်း ရွှေဘိုခရိုင် ငါးမွေးမြူရေး လုပ်ငန်းရှင်များ အနေဖြင့် သုံးစွဲထားသော ရေဖိုးအခွန်များ ပေးသွင်းရန် ကျန်ရှိနေကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ရွှေဘိုခရိုင်ရှိ ငါးကန်တစ်ဧက၏ ရှစ်လမှ ၁ဝ လကြာ ကာလအတွင်း ငါးမွေးမြူ၍ ရရှိသော အသားတင် အမြတ်ငွေမှာ ငွေကျပ် ၁၈ သိန်း ရှိသော် လည်း ရေခွန်ငွေကျပ် ၂ဝ,ဝဝဝ ပေးသွင်းရန် လက်တွန့်နေကြ ခြင်းကြောင်း ၎င်းက ဆိုသည်။

ရွှေဘိုမြို့နယ်၊ ဝက်လက်မြို့နယ်၊ ခင်ဦးမြို့နယ်၊ ကန့်ဘလူ မြို့နယ်နှင့် စစ်ကိုင်းမြို့နယ်များ အတွင်း ရေခွန် ကောက်ခံရာတွင် ၂ဝဝ၆-၂ဝဝ၇ နွေ သီးနှံမှ ၂ဝ၁၄-၂ဝ၁၅ နွေသီးနှံအထိ ကောက်ခံရန် ကျန်နေသော ငွေပေါင်း မှာ ၆.၃၁၉ ဘီလီယံ ရှိသည်။

အဆိုပါ ငါးမြို့နယ်တွင် ၂ဝ၁၆- ၂ဝ၁၇ ဘဏ္ဍာရေးနှစ် ကောက်ခံရန် လျာထားချက်မှာ ငွေကျပ် သိန်း ၈၈၃.ဝဝ ရှိရာ၂ဝ၁၆ ခုနှစ် မေလ ၁၁ ရက်ထိ ကောက်ခံရရှိငွေမှာ ငွေကျပ် ၁.၄၇ သိန်းရှိပြီး ကောက်ရန် ကျန်သည်မှာ ငွေကျပ် ၈၈၁.၅၃ သိန်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.