Connect with us

Agriculture

ညောင်ဦးခရိုင်၌ မိုးစပါးအပါအဝင် ဧက ၆ သိန်းကျော် စိုက်ပျိုးမည်

တောင်သူလယ်သမားများ မိုးစပါးစိုက်ပျိုးနေကြစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ)

ညောင်ဦးခရိုင်အတွင်း မိုးစပါးအပါအဝင် စပါးဧက ၆ သိန်းကျော် စိုက်ပျိုးမည် ဖြစ်ကြောင်း ညောင်ဦး ခရိုင် စိုက်ပျိုးရေး ဦးစီးဌာနထံမှ သိရသည်။

ညောင်ဦးမြို့နယ်၌ အသားတင် စိုက်ပျိုးနိုင်မည့်မြေ ၁၆၁,ဝ၂၅ ဧကရှိပြီး လယ်မြေ ၂၅၆ ဧက၊ ယာမြေ ၁၅၃,၅၂၅ ဧက၊ ကိုင်းကျွန်းမြေ ၇,ဝ၄၁ ဧက၊ ဥယျာဉ်မြေ ၂ဝ၅ ဧကရှိပြီး ၂ဝ၁၆-၂ဝ၁၇ ခုနှစ်မှာ ညောင်ဦးခရိုင် အတွင်း မိုးစပါးအပါအဝင် အခြားသီးနှံ ဒေသ လျာထား စိုက်ပျိုးမည့် စုစုပေါင်းဧက ၆ဝ၃,၅၃၅ ဧကကို စိုက်ပျိုးသွားမည် ဖြစ်သည်။

အဆိုပါ ညောင်ဦး ခရိုင်သည် မိုးနည်းရပ်ဝန်း တွင် ပါဝင်ပြီး တစ်နှစ်လုံး ပျမ်းမျှ မိုးရေချိန်လက်မ ၂ဝ ကျော် ခန့်သာ ရွာသွန်းသည့်အတွက် ယင်းဒေသရှိ တောင်သူလယ်သမားများမှာ သီးနှံများ စိုက်ပျိုးသည့်အခါ ဖြစ်ထွန်း အောင်မြင်ခြင်း မရှိခြင်းကြောင့် မြစ်ရေတင် စီမံကိန်းမှ ပေးဝေသော ရေကိုသာ အားကိုးပြီး စိုက်ပျိုးကြကြောင်း သိရသည်။

မြစ်ရေတင် စနစ်ဖြင့် ရေပေးဝေသည့် လုပ်ငန်းကြီး ငါးခုရှိပြီး ယင်းတို့မှာ ငါ့သရောက် မြစ်ရေတင်၊ လက်ပန်ခြေပေါ် မြစ်ရေတင်၊ သူကောင်းတည် မြစ်ရေတင်၊ ကျောက်ကူး မြစ်ရေတင်၊ လောကနန္ဒာ မြစ်ရေတင်တို့ ဖြစ်သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117