Connect with us

Culture & Entertainment

စစ်ကိုင်းတိုင်းဒေသကြီး အရာတော်မြို့နယ်၊ ရွှေဘိုမြို့နယ်၊ မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် နှင့် မြိုင်မြို့နယ်တို့ တွင်မြန်မာ့သနပ်ခါးနေ့ အခမ်းအနားကျင်းပမည်

သနပ်ခါးလိမ်းနေကြသည့် မိန်းမပျိုတချို့ အားတွေ့ရစဉ် (ဓာတ်ပုံ-- MOI)

ရန်ကုန်၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် စစ်ကိုင်းတိုင်းဒေသကြီး အရာတော်မြို့နယ်၊ ရွှေဘိုမြို့နယ်၊ မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် နှင့် မြိုင်မြို့နယ်တို့ တွင် မြန်မာ့သနပ်ခါးနေ့ အခမ်းအနားများကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

တပို့တွဲလပြည့်နေ့ကို မြန်မာ့သနပ်ခါးနေ့အဖြစ် သတ်မှတ်၍ ယခုနှစ်မှ စတင်ကာ ပထမအကြိမ် မြန်မာ့သနပ်ခါးနေ့ အခမ်းအနားများကို ကျင်းပသွားမည်ဖြစ် ကြောင်း၊ အခမ်းအနား ကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီး အရာတော်မြို့နယ်၊ ရွှေဘိုမြို့နယ်၊ မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် နှင့် မြိုင်မြို့နယ်တို့ တို့ရှိ တန်ခိုးကြီးဘုရားများ၌ နံနက်ခင်းပိုင်းတွင် သနပ်ခါးဖြင့် ဘုရားမီးပူဇော်ခြင်း၊ လာရောက်ကြမည့်ပရိသတ်များ ကို စတုဒိသာ ကျွေးမွေးခြင်းနှင့် သနပ်ခါးနှင့် ပတ်သက်သည့် အသိပညာပေး လက်ကမ်းစာစောင်များ၊ ပိုစတာများ၊ စတစ်ကာများ ဖြန့်ဝေ ပေးသွားမည်ဖြစ်ကြောင်းနှင့် ညပိုင်းတွင် စာပေဟောပြောပွဲ များဖြင့် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်ကို အစဉ်ထိန်းသိမ်း နိုင်စေရန်၊ မြန်မာများ သနပ်ခါးကို မြတ်နိုးတန်းဖိုးထားပြီး သနပ်ခါးလိမ်းတတ်သော အလေ့အကျင့်များ ရှိလာစေရန် စသောရည်ရွယ်ချက်များဖြင့် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ တွင် သနပ်ခါးကို အရာတော်၊ ရွှေဘို၊ ပခုက္ကူ၊ ရေစကြို၊ ပေါက်နှင့် မြိုင်စသည့် မြို့နယ်များတွင် အဓိကထား စိုက်ပျိုးကြကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.