Connect with us

Culture & Entertainment

ရုပ်ရှင်ဇာတ်ကားကောင်းများ ရိုက်ကူးထုတ်လုပ် ခြင်းဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲကျင်းပမည်

ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာအားတွေ့ရစဉ် (ဓာတ်ပုံ-- Film Development Centre)

ရန်ကုန်၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ)

ရုပ်ရှင်ဇာတ်ကားကောင်းများ ရိုက်ကူးထုတ်လုပ် ခြင်းဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲနှင့် ရုပ်ရှင် ဇာတ်ကား ခွဲခြားစိတ်ဖြာလေ့လာခြင်း အစီ အစဉ်တို့ကို အောက်တိုဘာ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့ ဗဟန်းမြို့နယ် အမှတ် (၅ဝ) ရွှေတောင်ကြားလမ်းရှိ ရုပ်ရှင်အနုပညာ ရပ်ဝန်း၌ ကျင်းပမည်ဖြစ်ကြောင်း ရုပ်ရှင် ဖွံ့ဖြိုး တိုးတက်ရေးစင်တာ (Film Development Centre) မှ သတင်းထုတ်ပြန်သည်။

ရုပ်ရှင်ဇာတ်ကားကောင်းများ ရိုက်ကူး ထုတ်လုပ်ခြင်းဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲ (Panel Discussion on Making Good Movie: Production on Set) ကို အောက်တိုဘာ ၂၇ ရက် မွန်းလွဲ ၁ နာရီတွင် ရုပ်ရှင် ဖွံ့ဖြိုး တိုးတက်ရေးစင်တာ (Film Development Centre) ၌ ကျင်းပမည်ဖြစ်ရာ ဒါရိုက်တာများ ဖြစ်ကြသော ဦးအောင်ကိုလတ်၊ ဦးသီဟကျော်စိုး နှင့် ဦးအောင်မြတ်တို့ကလည်းကောင်း၊ ထုတ်လုပ် သူများဖြစ်ကြသော ဦးဝင်းကြည်၊ ဦးမင်းသီဟစိုး တို့ကလည်းကောင်း ဦးဆောင်ဆွေးနွေးကြမည် ဖြစ်သည်။

ရုပ်ရှင်ဇာတ်ကားများ ပြသပြီး ယင်းဇာတ် ကားအပေါ် ခွဲခြားစိတ်ဖြာလေ့လာခြင်း အစီ အစဉ် (Film Analysis) ကို အောက်တိုဘာ ၂၈ ရက် မွန်းတည့် ၁၂ နာရီတွင် ရုပ်ရှင်ပြခန်းမ၌ ဇာတ်ညွှန်းရေးဆရာဒေါက်တာ အောင်မင်းက ဦးဆောင်ပြုလုပ်မည်ဖြစ်ရာ ဒါရိုက်တာ Cristian Mungiu ၏ ”4 Months 3 Weeks & 2 Days” ဇာတ်လမ်းကို ကြည့်ရှုလေ့လာကြမည်ဖြစ်ကြောင်း၊ ယင်းဇာတ်ကားသည ်Romania New Wave Film အမျိုး အစားဖြစ်ပြီး ကိန်းစ်ရုပ်ရှင်ပွဲတော်တွင် Palme d’Or Winner ဆုရရှိခဲ့ကြောင်း သိရ သည်။

အဆိုပါစကားဝိုင်းဆွေးနွေးပွဲနှင့် Film Analysis အစီအစဉ်များကို မြန်မာ့ရုပ်ရှင် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရုပ်ရှင်ဖွံ့ဖြိုး တိုးတက်ရေးစင်တာ၊ စီမံခန့်ခွဲရေးအဖွဲ့တို့ ပူးပေါင်း၍ စီစဉ်ကျင်းပခြင်းဖြစ်ပြီး ယင်းအစီ အစဉ်များသို့ စိတ်ပါဝင်စားသူများ တက်ရောက် နိုင်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.