Connect with us

Culture & Entertainment

သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်တော်လောင်းလှူပွဲကို မတ်လအတွင် ကျင်းပမည်ဟု ဒုသမ္မတ ဆို

ဆွမ်းဆန်တော်လောင်းလှူပွဲကျင်းပရေးနာယကအဖွဲ့ အစည်းအဝေးကျင်းပစဉ်(သမ္မတရုံး)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)

သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်တော်လောင်းလှူပွဲ အခမ်းအနားကို မတ်လအတွင်း ကျင်းပမည်ဖြစ်ကြောင်း ဆွမ်းဆန်တော်လောင်းလှူပွဲကျင်းပရေးနာယကအဖွဲ့ ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားသည်။

အဆိုပါ အခမ်းအနားကို နှစ်ပိုင်းခွဲ၍ ကျင်းပသွားမည်ဖြစ်ပြီး ပထမပိုင်းအနေဖြင့် မတ်လ ၁၈ ရက်တွင် “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ နေ့ဆွမ်းဆက်ကပ် လှူဒါန်းပွဲအခမ်းအနား” ကိုလည်းကောင်း၊ ဒုတိယပိုင်းအနေဖြင့် မတ်လ ၂၀ ရက်တွင် “သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်တော် လောင်းလှူပွဲအခမ်းအနား” ကိုလည်းကောင်း နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော်ပရိဝုဏ် အတွင်းရှိ သာသနာ့မဟာဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်တော်လောင်းလှူပွဲအခမ်းအနားသည် နိုင်ငံတော်အဆင့် အခမ်းအနားဖြစ်ပြီး ရှေးမြန်မာမင်းများ လက်ထက်ကတည်းက အစဉ်အလာကြီးမားခဲ့ကာ မြန်မာနိုင်ငံအစိုးရအဆက်ဆက် ကျင်းပပြုလုပ်ခဲ့သည့် အမြင့်ဆုံးသာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ချီးမြှောက်သည့် အခမ်းအနားကြီးဖြစ်ကြောင်း ဒုတိယ သမ္မတက ဆိုသည်။

ဆွမ်းဆန်တော်လောင်းလှူပွဲတွင် ဘုရား၊ ဘွဲ့ခံဆရာတော်ကြီး ၂၅၄ ပါး၊ သီလရှင် ဆရာကြီး ၁၄ ပါး စုစုပေါင်း ၂၆၉ ပါးဖြစ်ပြီး ကြိုတင်လောင်းလှူရမည့် ဆရာတော်ကြီး ၆၂ ပါး ရှိသည်ကို သိရှိရကြောင်း၊ ဆရာတော်များထံ လှူဖွယ်ပစ္စည်းများ စနစ်တကျဆက်ကပ် လှူဒါန်းနိုင်ရေးတို့အတွက် သက်ဆိုင်ရာဆပ်ကော်မတီများက ပူးပေါင်းညှိနှိုင်းစီစဉ်ဆောင်ရွက် ပေးရန်နှင့် ဘွဲ့တံဆိပ်တော်ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားသို့ ကြွရောက်နိုင်ခြင်းမရှိသည့် ဆရာတော်ကြီးများ ရှိပါကလည်း ကြိုတင်လောင်းလှူရမည့် ဆရာတော်ကြီးများစာရင်း၌ ထည့်သွင်းထားရန် လိုအပ်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

နိုင်ငံတော်သံဃမဟာ နာယကဆရာတော်ကြီးများ၊ တိပိဋကဓရ တိပိဋကကောဝိဒဆရာတော်ကြီးများသည် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ကြွရောက်လာမည်ဖြစ်၍ အသွားအပြန်ခရီးစဉ်အတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် အထူးလေယာဉ်ရရှိရေးနှင့် သွားလာမှုအဆင်ပြေချောမွေ့ စေရေးတို့အတွက် ကူညီဆောင်ရွက်ပေးစေလိုပါကြောင်း၊ ပြည်တွင်း/ပြည်ပဆရာတော်ကြီး များနှင့် သီလရှင်ဆရာကြီးများ ခေတ္တသီတင်းသုံးနေထိုင်မည့် ကျောင်းဆောင်များ၊ ဧည့်ရိပ်သာ များနှင့် ဟိုတယ်များတွင် စိတ်နှလုံးချမ်းမြေ့စွာ သီတင်းသုံးနိုင်ရေးအတွက် သန့်ရှင်းရေး၊ စိမ်းလန်းစိုပြည်ရေးနှင့် လိုအပ်သည်များကို ကြိုတင်ဆောင်ရွက်စေလိုကြောင်း ဒုတိယသမ္မတ ဦးမြင့်ဆွေက ဆိုသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရက ဦးဆောင်ကျင်းပမည့် သာသနာတော် ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်တော်လောင်းလှူပွဲအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် နာယကအဖွဲ့နှင့် ဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ဖေဖော်ဝါရီ ၂၅ ရက် မွန်းလွဲ (၂)နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.