Connect with us

Culture & Entertainment

မြန်မာသမိုင်းအထောက်အထားများ ပြည့်စုံကောင်းမွန်လျှင် စာတမ်းများ တန်ဖိုး တက်လာမည်ဟု ဒုတိယဝန်ကြီးဆို

''သမိုင်းအထောက်အထား အရင်းအမြစ်များ ရှာဖွေခြင်း'' သုတေသနစာတမ်းဖတ်ပွဲကျင်းပနေစဉ်(သာသနာရေးနှင့် ယဉ်ကျေးမှု ၀န်ကြီးဌာန)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)

မြန်မာသမိုင်းအထောက်အထားများ ပြည့်စုံကောင်းမွန်လျှင် သမိုင်းနှင့် ပတ်သက်သော စာတမ်းများ တန်ဖိုး တက်လာမည်ဖြစ်ကြောင်း

”သမိုင်းအထောက်အထား အရင်းအမြစ်များ ရှာဖွေခြင်း” သုတေသနစာတမ်းဖတ်ပွဲ အခမ်းအနားတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်းက ပြောကြားသည်။

လက်ရှိတွင် သမိုင်းသုတေသနစာတမ်း တစ်စောင်၊ ကျမ်းတစ်အုပ်ကို ပြုစုရေးသားလျှင် အဓိကအားဖြင့် စာကြည့်တိုက်သုတေသန၊ ကွင်းဆင်းသုတေသနနှစ်မျိုးစလုံး၊ သို့မဟုတ် တစ်မျိုးတည်းကိုသာ အားပြုရေးသားလေ့ ရှိကြတာကို တွေ့ရကြောင်း၊ အရေးကြီးဆုံးသည် စာတမ်းအတွက်၊ ကျမ်းအတွက် အထောက်အထားများဖြစ်ကြောင်း၊ အထောက်အထားဆိုသည်မှာ မူရင်း အထောက်အထား (Primary Sources)၊ တစ်ဆင့်ခံအထောက်အထား (Secondary Sources) ဟူ၍ရှိကြောင်း၊ အထောက်အထား ပြည့်စုံကောင်းမွန်လျှင် စာတမ်းများလည်း အလိုလိုတန်ဖိုး တက်လာမည်ဖြစ် ကြောင်း ၎င်းက ဆိုသည်။

သမိုင်းမချန်၊ သမိုင်း အမှန်များ ကြိုးပမ်းဖော်ထုတ်ပြီး ပိုမိုတိကျခိုင်မာပြည့်စုံသော မြန်မာသမိုင်း ဖြစ်ပေါ်စေရန် ဖြစ်ကြောင်း၊ အကြောင်းကြောင်းကြောင့် တိမ်မြုပ်နေသော သမိုင်းကွင်းဆက်များကို ရှာဖွေဖော်ထုတ်ချိတ်ဆက်ခြင်းဖြင့် အများပြည်သူတို့အား သမိုင်းဆိုင်ရာ အသိ အမြင်များ ပိုမိုကြွယ်ဝလာစေရန်နှင့် ပြည်သူများသမိုင်းဆိုင်ရာအထောက်အထားများကို ပိုမိုစိတ်ဝင်စားလာ မည့် ခံယူချက်များ ပေါ်ထွက်လာစေရန်လည်း ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောသည်။

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက် ဦးစီးဌာနမှ ကြီးမှူး ကျင်းပသော ”သမိုင်းအထောက်အထားအရင်းအမြစ်များရှာဖွေခြင်း” သုတေသနစာတမ်းဖတ်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက နေပြည်တော်၊ အမျိုးသားစာကြည့်တိုက်ရှိ ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်း၊ မြန်မာသမိုင်းအဖွဲ့ဝင် ဆရာကြီး၊ ဆရာမကြီးများ၊ ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် များ၊ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စာတမ်း ရှင်များ၊ ဖိတ်ကြားထားသောဧည့်သည်များ တက်ရောက်ကြကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.