Connect with us

Culture & Entertainment

ရန်ကုန်မြို့ ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းများ နှင့် မြို့ပြစီမံကိန်းရေးဆွဲခြင်း ဆိုင်ရာများကို ဒေါက်တာသန့်မြင်ဦး နှင့် ပြင်သစ်ဝန်ကြီး ဆွေးနွေး

ပြင်သစ်သမ္မတနိုင်ငံ နိုင်ငံခြားရေး နှင့် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးနှင့် (YHT) ဥက္ကဋ္ဌတို့ မူလအတွင်းဝန်ရုံးသို့ သွားရောက်ကြည့်ရှုစဉ် (ဓာတ်ပုံ- YHT)

ရန်ကုန်၊ ဇွန် ၁၉ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံသို့ ရောက်ရှိနေသော ပြင်သစ်သမ္မတနိုင်ငံ နိုင်ငံခြားရေး နှင့် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး မစ္စတာဂျွန်မာ့ခ်အေရို နှင့် ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (YHT) ဥက္ကဋ္ဌ ဒေါက်တာသန့်မြင့်ဦးတို့သည် ယနေ့ မနက်ပိုင်းက ရန်ကုန်မြို့တွင် တွေ့ဆုံခဲ့ပြီး ရန်ကုန်မြို့ ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများနှင့် မြို့ပြစီမံကိန်းရေးဆွဲခြင်း ဆိုင်ရာနှင့် အခြားသောကိစ္စရပ်များကို ဆွေးနွေးကြသည်။

ယင်းတို့နှစ်ဦးသည် ဦးသန့်နေအိမ်ပြတိုက်တွင် တွေ့ဆုံပြီး ဦးသန့်၏ဘဝနှင့် အနှစ်သာရများ၊ မြန်မာနှင့်သာမက ကမ္ဘာတစ်ဝန်းလုံး နှင့် သက်ဆိုင် သည့် အချင်းအရာများကို ဆွေးနွေးခဲ့ကြသည်။ အဆိုပါ ပြင်သစ်ဝန်ကြီး နှင့် YHT ဥက္ကဋ္ဌတို့သည် မူလအတွင်းဝန်ရုံးသို့ သွားရောက်ကာ ရုံးဝင်းအတွင်းရှိ ပါလီမန်အဆောက်အအုံဟောင်း၊ အာမေးနီးယန်းဘုရားကျောင်းနှင့် ရန်ကုန်မြို့လယ်ကို လေ့လာကြည့်ရှုခဲ့သည်။

ပြင်သစ်သမ္မတနိုင်ငံ နိုင်ငံခြားရေး နှင့် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးနှင့် (YHT) ဥက္ကဋ္ဌတို့ မူလအတွင်းဝန်ရုံးသို့ သွားရောက်ကြည့်ရှုစဉ် (ဓာတ်ပုံ- YHT)

ယင်းသို့ တွေ့ဆုံမှုသည် မြို့ပြစီမံကိန်း ကဏ္ဍတွင် သာမက ရန်ကုန်၏ သူမတူထူးခြားသော ယဉ်ကျေးမှုအမွေအနှစ်များကို အနာဂတ် ခေတ်မီတိုးတက်မှု အစီအမံများနှင့်အတူ ပေါင်းစပ်နိုင်မည့်နည်းလမ်းများကိုရှာဖွေရာ၌ မြန်မာ-ပြင်သစ် ပူးပေါင်း ဆောင်ရွက်မှု၏ နိဒါန်းအစ ဖြစ်လာမည်ဟု YHT က မျှော်လင့်ကြောင်း ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ (YHT) ဥက္ကဋ္ဌ ဒေါက်တာသန့်မြင့်ဦးက ပြောကြားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.