Connect with us

Culture & Entertainment

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်အောင် ကိုယ်စွမ်းဆောင်နိုင်သည့်ဘက်က တစ်ယောက်တစ်လက် ပါဝင် ဆောင်ရွက်ကြရန် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ပြော

၂၀၁၇ ခုနှစ် မန္တလေး မြို့ တော် မဟာသင်္ကြန် မဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အမှာစကားပြောကြားနေစဉ် (ဆင်ဟွာ)

မန္တလေး ၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ)

ပြောင်းလဲချိန်တန်ပြီ ဆိုသည်နှင့်အညီ ပြည်သူ့အစိုးရက နိုင်ငံတော်ကို ပြန်လည် တည့်မတ် နေချိန်တွင် နိုင်ငံသားအချင်းချင်း အပြန်အလှန် စောင့်ရှောက်ကြရန်နှင့် နိုင်ငံတော်ကြီး ဖွံ့ဖြိုး တိုးတက်ရေးတွင် ကိုယ်စွမ်းဆောင်နိုင်သည့် ဘက်က တစ်ယောက်တစ်လက် ပါဝင် ဆောင် ရွက်ကြရန် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ယနေ့နံနက်တွင် ပြုလုပ်သည့် မန္တလေး မြို့တော် မဟာ သြင်္ကန် မဏ္ဍပ် ဖွင့်ပွဲ အခမ်းအနား၌ ပြောကြားခဲ့သည်။

“မြန်မာ့ ရိုးရာ နှစ်သစ်ကူး မဟာသြင်္ကန်ရဲ့ အနှစ်သာရဖြစ်တဲ့ တခြားသူတွေအပေါ် မေတ္တာ ထားပြီး ပူလောင်မှုတွေ လျော့ကျပြီး အေးချမ်းအောင်၊ ပျော်ရွှင်လန်းဆန်းအောင် ယဉ်ကျေး သိမ်မွေ့စွာ အတာသြင်္ကန်ပွဲကို ဆင်နွှဲကြဖို့ ဖြစ်ပါတယ်၊ ယဉ်ကျေးမှု မဟာ သြင်္ကန်ပွဲက ရရှိလာတဲ့ မေတ္တာ တရားတွေကို အခြေခံပြီး ကျွန်တော်တို့အားလုံးဟာ ပြည်ထောင်စုဖွား နိုင်ငံတော်သူ နိုင်ငံတော်သား အချင်းချင်း မိသားစု ဘဝတွေ လုံခြုံ တိုးတက်အောင် အပြန် အလှန် စောင့်ရှောက်ပေးကြရမှာ ဖြစ်ပါတယ်။ မိမိတို့နေထိုင်ကြတဲ့ နိုင်ငံတော်ကြီး ဖွံ့ဖြိုး တိုးတက်အောင် ကိုယ်စွမ်းဆောင်နိုင်တဲ့ဘက်က တစ်ယောက်တစ်လက် ပါဝင် ဆောင်ရွက် ကြဖို့လည်း မေတ္တာရပ်ခံပါတယ်” ဟု မန္တလေးမြို့တော် မဟာသြင်္ကန် မဏ္ဍပ်ကို ဖွင့်ပွဲ၌ ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

၂၀၁၇ ခုနှစ် မန္တလေး မြို့တော် မဟာသြင်္ကန် မဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားမြင်ကွင်းများတွေ့ရစဉ် (ဆင်ဟွာ)

ထို့ပြင်မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်က“မေတ္တာတရားကို အခြေခံထားပြီး ပြည်သူနဲ့အတူ ဆက်လက် ကြိုးစား ဆောင်ရွက်နေကြမှာ ဖြစ်ပါတယ်၊ နှစ်ဟောင်းက အညစ်အကြေးအားလုံးကို အတာ ရေစင် နဲ့ သွန်းလောင်း သန့်စင်ကြပြီး စိတ်သစ်၊ အတွေးအမြင်သစ်၊ ခွန်အားသစ်တွေနဲ့ နှစ်သစ်မှာ မေတ္တာတရား အခြေခံထားတဲ့ လူမှု ပတ်ဝန်းကျင်သစ်ကို အတူ လက်တွဲ ထူထောင်ကြပါစို့” ဟုလည်း တိုက်တွန်းပြောကြား ခဲ့သည်။

၂၀၁၇ ခုနှစ် မန္တလေး မြို့တော် မဟာသြင်္ကန် မဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားမြင်ကွင်းများတွေ့ရစဉ် (ဆင်ဟွာ)

၂၀၁၇ ခုနှစ် မန္တလေး မြို့တော် မဟာသြင်္ကန် မဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားမြင်ကွင်းများတွေ့ရစဉ် (ဆင်ဟွာ)

၂၀၁၇ ခုနှစ် မန္တလေး မြို့တော် မဟာသြင်္ကန် မဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားမြင်ကွင်းများတွေ့ရစဉ် (ဆင်ဟွာ)

၂၀၁၇ ခုနှစ် မန္တလေး မြို့တော် မဟာသြင်္ကန် မဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားမြင်ကွင်းများတွေ့ရစဉ် (ဆင်ဟွာ)

၂၀၁၇ ခုနှစ် မန္တလေး မြို့တော် မဟာသြင်္ကန် မဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားမြင်ကွင်းများတွေ့ရစဉ် (ဆင်ဟွာ)

၂၀၁၇ ခုနှစ် မန္တလေး မြို့တော် မဟာသြင်္ကန် မဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားမြင်ကွင်းများတွေ့ရစဉ် (ဆင်ဟွာ)

၂၀၁၇ ခုနှစ် မန္တလေး မြို့တော် မဟာသြင်္ကန် မဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားမြင်ကွင်းများတွေ့ရစဉ် (ဆင်ဟွာ)

၂၀၁၇ ခုနှစ် မန္တလေး မြို့တော် မဟာသြင်္ကန် မဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားမြင်ကွင်းများတွေ့ရစဉ် (ဆင်ဟွာ)

ဝန်ကြီးချုပ် မိန့်ခွန်း ပြောကြားအပြီးတွင် မန္တလေး ဂုဏ်ဆောင် မြို့မ အသင်းနာယက ဦးရွှန်းမြိုင်၊ စာရေးဆရာ သတင်းစာဆရာ မောင်သစ်လွင် (လူထု)၊ လွတ်လပ်ရေး မော်ကွန်းဝင် ဒုတိယအဆင့် ဦးဝင်းမောင် တို့အပါအဝင် မြို့မိ မြို့ဖ ငါးဦးတို့က မန္တလေးမြို့တော် မဟာ သြင်္ကန်မဏ္ဍပ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် မန်းစည်ပင် ယိမ်းအဖွဲ့နှင့် ကျောင်းသူအင်အား ၃၀၀ မှ ကပြဖျော်ဖြေခဲ့ကြပြီး မြို့မ ငွေငန်း အလှပြယာဉ် ဦးဆောင်သည့် မန္တလေးတိုင်း ဒေသ ကြီး ရှိ ခရိုင် ခုနစ်ခုတို့မှ အလှပြယာဉ်များ သံချပ်အဖွဲ့ယာဉ်များက မဏ္ဍပ်ရှေ့တွင် ဖြတ်သန်း ဂါရ၀ ပြုခဲ့ကြသည်။အဆိုပါ မဟာသြင်္ကန် မဏ္ဍပ်ဖွင့်ပွဲသို့ မန္တလေးတိုင်းဒေသကြီး လွှတ်တော် ဥက္ကဌနှင့် လွှတ်တော် ကိုယ်စား လှယ်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တပ်မတော်မှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် မိသားစု ဝင်များ တက်ရောက်ခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.