Connect with us

Culture & Entertainment

နိုင်ငံတော်သမ္မတအိမ်တော်၌ အတာသြင်္ကန်ပွဲတော်အခမ်းအနားကျင်းပပြုလုပ်

သမ္မတအိမ်တော်တွင် ကျင်းပသည့် မဟာသြင်္ကန် ပွဲတော်အခမ်းအနား မြင်ကွင်း (ဓာတ်ပုံ-- MOI)

ရန်ကုန်၊ ဧပြီ ၁၂ရက် (ဆင်ဟွာ)

နိုင်ငံတော်သမ္မတအိမ်တော် မြန်မာ့ရိုးရာယဉ်ကျေးမှုအတာသြင်္ကန်ပွဲတော်အခမ်းအနားအား ယနေ့သြင်္ကန်အကြိုနေ့ နံနက်တွင် နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် ကျင်းပခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော်က “အားလုံးစိတ်၏ ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေ၊ အများအကျိုးကို ဆောင်နိုင် သည့် ပုဂ္ဂိုလ်များဖြစ်ကြပါစေ၊ အမှန်တရားဘက်မှ ရပ်တည်နိုင်သည့် ပုဂ္ဂိုလ်များဖြစ်ကြပါစေ၊ မင်းပြစ်မင်းဒဏ်မှ ကင်းဝေးကြပါစေ’’ ဟု နှုတ်ခွန်း ဆက်စကား ပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်။

သမ္မတအိမ်တော်တွင် ကျင်းပသည့် မဟာသြင်္ကန် ပွဲတော်အခမ်းအနား မြင်ကွင်း (ဓာတ်ပုံ– MOI)

သမ္မတအိမ်တော်တွင် ကျင်းပသည့် မဟာသြင်္ကန် ပွဲတော်အခမ်းအနား မြင်ကွင်း (ဓာတ်ပုံ– MOI)

သမ္မတအိမ်တော်တွင် ကျင်းပသည့် မဟာသြင်္ကန် ပွဲတော်အခမ်းအနား မြင်ကွင်း (ဓာတ်ပုံ– MOI)

နိုင်ငံတော်သမ္မတဦးထင်ကျော် နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားပြောကြားနေစဉ် (ဓာတ်ပုံ– MOI)

တက်ရောက်လာကြသည့် ဧည့်သည်တော်များအားမြင်တွေ့ရစဉ် (ဓာတ်ပုံ– MOI)

နိုင်ငံတော်သမ္မတဦးထင်ကျော် နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားပြောကြားနေစဉ် (ဓာတ်ပုံ– MOI)

နိုင်ငံတော်သမ္မတအိမ်တော် မဟာသြင်္ကန်ပွဲအပြင်အဆင်အားမြင်တွေ့ရစဉ် (ဓာတ်ပုံ– MOI)

အဆိုပါအခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွင်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် ဇနီး ဒေါ်ခင်သက်ဌေး၊ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူနှင့် ဇနီး ဒေါက်တာ ရွှေလွှမ်း၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချို၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် ဇနီး၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်နှင့် ဇနီး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းနှင့် ဇနီး၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် ဇနီး၊ ပြည်ထောင်စုဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တပ်မတော်အရာရှိကြီးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ရုပ်ရှင်၊ ဂီတ အနုပညာရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ယင်းနောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာ့ရုပ်မြင်သံကြားတို့မှ တေးသံရှင်များနှင့် ယိမ်းအဖွဲ့များ၊ ဓနုနှင့် ပအိုဝ်းတိုင်းရင်းသား ရိုးရာ ယဉ်ကျေးမှု အဖွဲ့များ၊ တေးသံရှင်နှင့် ရုပ်ရှင်သရုပ်ဆောင်များက ယိမ်းအက အလှများနှင့် တေးသီချင်းများဖြင့် ဖျော်ဖြေတင် ဆက်ခဲ့ကြသည်။ ထို့နောက် သမ္မတအိမ်တော်မြက်ခင်းပြင်တွင် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့ သည် တက်ရောက် လာကြ သူများနှင့် အတူ မြန်မာ့ရိုးရာ မဟာသြင်္ကန် ရေသဘင် ပွဲတော်ကို ပျော်ရွှင်စွာဆင်နွှဲကြရာ ယိမ်းအဖွဲ့များက သြင်္ကန်တေး သီချင်းများဖြင့် ကပြဖျော်ဖြေခဲ့ကြပြီး ၁၃၇၇ ခုနှစ် မြန်မာ့ရိုးရာ နှစ်သစ်ကူး မဟာသြင်္ကန်ပွဲတော်ကို ကြိုဆိုခဲ့ကြသည်။
နိုင်ငံတော် သမ္မတအိမ်တော် သြင်္ကန်အကြိုနေ့ အခမ်းအနားသို့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဖြစ်သူ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန နှင့် နိုင်ငံတော် သမ္မတရုံး ဝန်ကြီးဌာနတို့၏ ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် တက်ရောက်နိုင်ခြင်း မရှိကြောင်းလည်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ဧပြီလ ၉ ရက် နံနက်ပိုင်းတွင် နေပြည်တော် ဥတ္တရသီရိမြို့နယ်ရှိ မျက်စိ ၊ နား ၊ နှာခေါင်း ၊ လည်ချောင်းရောဂါ အထူးကု ဆေးရုံကြီး၌ မျက်စိ ခွဲစိတ်ကုသမှု ခံယူခဲ့ပြီး ဧပြီလ ၁၆ ရက်နေ့တွင် နောက်ထပ်မျက်စိတစ်ဖက် ထပ်မံခွဲစိတ်ရန်ရှိကြောင်း သိရသည်။
ယခင်က အိမ်တော် သြင်္ကန်အား အကျနေ့နှင့် အကြတ်နေ့ နှစ်ရက် ကျင်းပခဲ့ပြီး ယခုအစိုးရသစ် လက်ထက်တွင် ကုန်ကျစရိတ်များ ချွေတာ နိုင်ရန် အကြိုနေ့တစ်ရက်ကိုသာ သမ္မတ ဦးထင်ကျော်၏ ဇနီးဒေါ်စုစုလွင်က ဦးစီး ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.