Connect with us

Culture & Entertainment

ပုဂံဒေသအကြောင်း နှင့် သမိုင်းတန်ဖိုးများအကြောင်းအား ရှင်းလင်းတင်ပြသည့်အခမ်းအနားကျင်းပ

သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန မှ ဒုတိယဝန်ကြီး ဦးကြည်မင်းအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၁၂ ရက် (ဆင်ဟွာ)

အဇာဘိုင်ဂျန်နိုင်ငံ၊ ဘာကူမြို့ တွင် ကျင်းပမည့် ၄၃ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီညီလာခံ အစည်းအဝေးတွင် ပုဂံယဉ်ကျေးမှုဒေသ အား ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းနိုင်ရေး ကို ဆုံးဖြတ်မည်ဖြစ်ရာ မြန်မာနိုင်ငံတွင်ရှိသည့် ကမ္ဘာ့အမွေအနှစ်ကော်မတီဝင် ၂၁ နိုင်ငံဆိုင်ရာ သံရုံးများမှ သံအမတ်များ နှင့် တာဝန်ရှိသူများ၊ အလှူရှင်နိုင်ငံများမှ တာဝန်ရှိသူများအား ပုဂံဒေသအကြောင်း၊ သမိုင်းတန်ဖိုးများအကြောင်း အား ရှင်းလင်းတင်ပြသည့်အခမ်းအနား ကို အမျိုးသားပြတိုက် (ရန်ကုန်) ၌ ယနေ့ ကျင်းပခဲ့သည်။

သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန မှ ဒုတိယဝန်ကြီး ဦးကြည်မင်းက “ကျွန်တော်တို့တိုင်းပြည်က တန်ဖိုးမဖြတ်နိုင်တဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေတည်ရှိတဲ့ နေရာများထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ ပုဂံဒေသ က ရှေးဟောင်းအဆောက်အအုံများရဲ့ ထူးခြားမှု နဲ့ အမြင့်ဆုံးအရေးစိုက်မှုတွေကြောင့် နိုင်ငံတော်အဆင့် ထိန်းသိမ်းကာကွယ်စောင့်ရှောက်တဲ့ဒေသဖြစ်ပါတယ်။ သာသနာရေးဝန်ကြီးဌာန က ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီ လ မှာ ပုဂံယဉ်ကျေမှုအမွေအနှစ်ဒေသ ရဲ့အဆိုပြုလွှာစာတွဲ ကို ကမ္ဘာ့အမွေအနှစ်ကော်မတီကို တင်သွင်းခဲ့ပါတယ်။ နိုင်ငံတကာပညာရှင်တွေကလည်း လာရောက်ကွင်းဆင်း စစ်ဆေးခဲ့ပြီးဖြစ်ပါတယ်’’ ဟုပြောသည်။

သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန မှ ညွှန်ကြားရေးမှူးချုပ် ဦးသန်းဇော်ဦးအားတွေ့ရစဉ် (ဆင်ဟွာ)

ပုဂံဒေသအကြောင်း၊ သမိုင်းတန်ဖိုးများအကြောင်း အား ရှင်းလင်းတင်ပြသည့်အခမ်းအနား (ဆင်ဟွာ)

ပုဂံဒေသအကြောင်း၊ သမိုင်းတန်ဖိုးများအကြောင်း အား ရှင်းလင်းတင်ပြသည့်အခမ်းအနား (ဆင်ဟွာ)

ထို့အပြင် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသ ကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံရမည်ဆိုသည် ကို မိမိအနေဖြင့် ယုံကြည်ပါကြောင်း ဒုတိယဝန်ကြီးကဆိုသည်။

ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာန မှ ညွှန်ကြားရေးမှူးချုပ်ကလည်း ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသ တင်သွင်းမှုလုပ်ငန်းစဉ်များအကြောင်းအားရှင်းလင်းတင်ပြခဲ့သည်။

အဆိုပါအခမ်းအနား သို့ သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန မှ ဒုတိယဝန်ကြီး ဦးကြည်မင်း၊ ကမ္ဘာ့အမွေအနှစ်ကော်မတီဝင် ၂၁ နိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သြစတေးလျ၊ ဘရာဇီး၊ အင်ဒိုနီးရှားနိုင်ငံဆိုင်ရာသံရုံးများ မှ သံအမတ်ကြီးများ နှင့် တာဝန်ရှိသူများ၊ အလှူရှင်နိုင်ငံများဖြစ်သည့် တရုတ်၊ ဂျပန်၊ ကိုရီးယား၊ အိန္ဒိယ၊ ဂျာမဏီ၊ အီတလီ၊ ကိုလံဘီယာ၊ ဆွစ်ဇာလန်၊ ကနေဒါ၊ ပြင်သစ်၊ အမေရိကန် နိုင်ငံတို့မှ သံအမတ်ကြီးများ နှင့် တာဝန်ရှိသူများ၊ ယူနက်စကို၊ JICA နှင့် ကမ္ဘာ့ဘဏ်အဖွဲ့အစည်းများ၊ သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ၊ နှလုံးသားထဲကပုဂံဓာတ်ပုံပြပွဲဖြစ်မြောက်ရေး အဖွဲ့မှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.