Connect with us

Culture & Entertainment

ယခု ၂၀၁၆ – ၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ကျောက်ခေတ် နံရံ ပန်းချီများရှိရာ ဒေသ ပတ်ဝန်းကျင်အား တူးဖော် ထိန်းသိမ်း အကာအရံ ပြုလုပ်မှုများ ဆက်လက် ဆောင်ရွက်သွားရန် စီမံထား

ကျောက်ခေတ် နံရံ ပန်းချီများရှိရာ ဒေသတွင် ကွင်းဆင်းသုတေသနပြု နေသည့်ကိုတွေ့ရစဉ် (ဓာတ်ပုံ-ယဉ်ကျေးမှု ဝန်ကြီးဌာန)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ)

ယခု ၂၀၁၆ – ၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်၊ ကမ်းပါးနီရွာအနီးရှိ ကျောက်ခေတ် နံရံ ပန်းချီများရှိရာ ဒေသပတ်ဝန်းကျင်တွင် တူးဖော်မှု၊ ထိန်းသိမ်းမှု၊ အကာအရံပြုလုပ်မှုများ ဆက်လက် ဆောင်ရွက် သွားရန် စီမံထားရှိကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာနမှ သိရသည်။

ကျောက်ခေတ် နံရံ ပန်းချီများရှိရာ ဒေသ ပတ်ဝန်းကျင်အား စမ်းသပ်တူးဖော်သုတေသနပြုပြီး ယာယီ ခြံစည်းရိုး ကာရံထိန်းသိမ်းခြင်း၊ အရံအတားနှင့် သတိပေးဆိုင်းဘုတ်များ စိုက်ထူခြင်းများအား ဆောင်ရွက် ထားရှိပြီး အချက်အလက် မှတ်တမ်းရယူခဲ့ခြင်း ၊ ဘာသာရပ် ဆိုင်ရာ သုတေသီများ ၊ ပညာရှင်များ ၊ လေ့လာသူများက အချက် အလက် များ စုဆောင်း၍ သုတေသနမှတ်တမ်းများ ပြုစုလျက်ရှိကြောင်း သိရသည်။

ထို့ပြင် ကျောက်ခေတ် နံရံ ပန်းချီများရှိရာ ဒေသတွင် ကွင်းဆင်းသုတေသနပြုခြင်း၊ နံရံပန်းချီများရှိသော ကျောက်တုံးကြီး ၃တုံးကို ဝါးခြံစည်းရိုး ကာရံ၍ အခြေခံထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ကျောက်နံရံ ပန်းချီဆိုင်ရာ ကျွမ်းကျင်ပညာရှင် Senior Specialist in Archaeology Dr. Noel Hidalgo Tan အဆိုပြု လျာထား ပေးခဲ့သော နေရာ ၆ခုကို စမ်းသပ် တူးဖော် သုတေသနပြု လေ့လာခြင်း ၊ ကျောက်ခေတ် နံရံပန်းချီများ ရှိရာ ပတ်ဝန်းကျင်ကို ကျောက်ခေတ် ယဉ်ကျေးမှုအထောက်အထားများ ကွင်းဆင်း ရှာဖွေ သုတေသနပြု လေ့လာခြင်း လုပ်ငန်းများကိုဆောင်ရွက်ထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.