Connect with us

Culture & Entertainment

ပုဂံဘုရား ပုထိုးများပေါ်တွင် တက်ရောက်ခွင့်ပိတ်ပင်ရန် ဆောင်ရွက်မည်ဟု ယဉ်ကျေးမှုဝန်ကြီးဌာန ထုတ်ပြန်

ပုဂံရှေးဟောင်းနယ်မြေရှိ ဘုရားပုထိုးများအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ)

ပုဂံရှေးဟောင်းနယ်မြေ ရှိ ပြာသာဒ်ကြီးဘုရားပေါ်တွင် လူအများ စုဖွဲ့ကခုန်နေမှုများကြောင့် ပုဂံဘုရား ပုထိုးများပေါ်သို့ တက်ရောက်ခွင့်ပိတ်ပင်ရန် ဆောင်ရွက်မည်ဟု ယဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ပြန်ကြေညာလိုက်သည်။

ပုဂံရှေးဟောင်းနယ်မြေ၌ ပုဂံမြင်ကွင်းများကို ကြည့်ရှုနိုင်ရန် ကြံ့ခိုင်မှုရှိသော ဘုရားပုထိုးငါးဆူပေါ်သို့ တက်ရောက်ခွင့်ပြုထားပြီး အဆိုပါ ဘုရားပုထိုးများပေါ်တွင် ယဉ်ကျေးမှုနှင့် မဆီလျော်စွာ နေထိုင်မှုများကြောင့် ပုဂံယဉ် ကျေးမှုနယ်မြေတွင် တက်ရောက် ခွင့်ပြုထားသော ဘုရားပုထိုးများ ပေါ်သို့ တက်ရောက်ခွင့်မပြုခြင်း ဖြင့် ထိန်းသိမ်းစောင့်ရှောက်ရ တော့မည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဗီဒီယို ဖိုင်တစ်ခုနှင့် ဓာတ်ပုံများ လူမှုကွန်ရက်၌ ပျံ့နှံ့ခဲ့ပြီးနောက် ပုဂံဘုရား ပုထိုးများပေါ်သို့ တက်ရောက် ခွင့်မပြုရန် ဆောင်ရွက်တော့မည် ဟု ယဉ်ကျေးမှုဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာသည်။

ဖေဖော်ဝါရီ ၁၇ ရက်က ပြာသာဒ်ကြီးဘုရားပေါ်တွင် ဆေးကုမ္ပဏီတစ်ခုမှ လူအများ အသံချဲ့ စက်များဖြင့် အဖွဲ့လိုက်ဆူညံစွာ ကခုန်ခဲ့သည့်ဗီဒီယိုဖိုင်နှင့် ဓာတ်ပုံ များပျံ့နှံ့ခဲ့ပြီး ဝေဖန်မှုများရှိခဲ့ရာ ဖေဖော်ဝါရီ ၁၉ ရက်၌ ယဉ် ကျေးမှုဝန်ကြီးဌာနက ပုဂံဘုရား ပုထိုးစေတီများနှင့်ပတ်သက်၍ ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ (Xinhua)