Connect with us

Culture & Entertainment

နိုင်ငံတကာမယ်မြန်မာ-၂၀၁၇ ပြိုင်ပွဲအတွက် ဆန်ကာတင်အလှမယ် အယောက် ၃၀ အားရွေးချယ်

စကာတင်အလှမယ် အယောက် ၃၀စာရင်းအားတွေ့ရစဉ် (ဓာတ်ပုံ-- Miss Myanmar International)

ရန်ကုန်၊ ဇွန် ၇ ရက် (ဆင်ဟွာ)

Miss Myanmar International 2017 (နိုင်ငံတကာမယ်မြန်မာ-၂၀၁၇) ပြိုင်ပွဲသို့ အနယ်နယ်အရပ်ရပ်မှ လျှောက်လွှာတင်ယှဉ်ပြိုင်ကြသည့် အလှမယ်များထဲမှ ဆန်ကာတင်ပြိုင်ပွဲဝင် အလှမယ်အယောက် (၃၀) အားရွေးချယ်လိုက်ကြောင်း Miss Myanmar International Organization မှတာဝန်ရှိသူ မစိမ်းစန္ဒာထွန်း ကဆင်ဟွာသို့ပြောသည်။

မစိမ်းစန္ဒာထွန်းက “Miss Myanmar International ပြိုင်ပွဲကို သြဂုတ်လ ၁ ရက်နေ့ ရန်ကုန်၊ နိုဗိုတယ်ဟိုတယ် မှာ ကျင်းပပြုလုပ်မှာပါ။ ဇွန်လ ၂၄ ရက်နေ့ကစပြီး အလှမယ်တွေကို စခန်းသွင်းလေ့ကျင့်မှုတွေ ပြုလုပ်သွားမှာပါ။’’ ဟုပြောသည်။

ရွေးချယ်ခြင်း ခံရသည့် အလှမယ်လောင်းများထံသို့ တိုက်ရိုက် ဖုန်းဆက်၍ အကြောင်းကြားထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.