Connect with us

Culture & Entertainment

ပထမဦးဆုံးအကြိမ် အဖြစ် အီတလီဖက်ရှင်ရှိုးပြပွဲနှင့် နာမည်ကြီး အီတလီ Branded ပစ္စည်းများ မိတ်ဆက်ပွဲကျင်းပမည်

အီတလီဖက်ရှင်ရှိုးပွဲကျင်းပမည့်ဖိတ်စာအားတွေ့ရစဉ် (ဓာတ်ပုံ-- UMFCCI)

ရန်ကုန်၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၌ ပထမဦးဆုံးအကြိမ် အဖြစ် အီတလီဖက်ရှင်ရှိုးပြပွဲနှင့် နာမည်ကြီး အီတလီ Branded ပစ္စည်းများ မိတ်ဆက်ပွဲ “Italian & Creativity” – Fashion show and exhibition of Italian brands အား အောက်တိုဘာလ ၂၃ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း ကုန်သည်စက်မှုလက်မှုအသင်းချုပ်မှ သတင်းထုတ်ပြန်သည်။

အဆိုပါပြပွဲကို ရန်ကုန်မြို့ရှိ၊ Junction Square Shopping Centre တွင် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ (၂၃) ရက်နေ့၊ နေ့လည် (၃) နာရီ၌ အီတလီသံရုံးမှ ကြီးမှူ းကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ပြပွဲတွင် KUKA-philosophy by Ana Cecilia Cervigni၊ Thwin Su Htwe၊ Mogok Pauk Pauk Couture၊ Bonara by Meme Ekpenyong အစရှိသည့် နာမည်ကြီးဖက်ရှင်ဒီဇိုင်နာ (၄) ဦးမှ ပါဝင်ပြသမည့် Fashion Show အခမ်းအနားပါဝင်မည်ဖြစ်ကြောင်း၊ ထို့အပြင် အီတလီနိုင်ငံမှ စားသောက်ကုန်၊ ဖက်ရှင်၊ ကားနှင့် အားကစားဆိုင်ရာ ကုန်ပစ္စည်းမှတ်တံဆိပ်ပေါင်း (၂၀) ခန့်မှ အီတလီနိုင်ငံရှိ ကုန်အမှတ်တံဆိပ်နှင့် ဒီဇိုင်းပိုင်းဆိုင်ရာ သမိုင်းနှင့်ပြောင်းလဲလာမှုများအား အောက်တိုဘာလ (၃၀) ရက်နေ့အထိ ဝင်ကြေး အခမဲ့ဖြင့် ပြသသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.