Connect with us

Culture & Entertainment

Miss Universe Myanmar 2015 & 2016 ဆန်ခါတင်ပြိုင်ပွဲကို အောက်တိုဘာ ၃ ရက်နေ့တွင်ကျင်းပမည်

Miss Universe Myanmar (၂၀၁၅၊၂၀၁၆) ဆန်ခါတင်အယောက် ၂၀ အားစာနယ်ဇင်းမိတ်ဆက်ပွဲတွင် မြင်တွေ့ရစဉ်။ (Photo- Miss Universe Myanmar)

ရန်ကုန်၊စက်တင်ဘာ၇ရက်(ဆင်ဟွာ)

ကမ္ဘာလုံးဆိုင်ရာ မယ်စကြာဝဠာ ပြိုင်ပွဲများအတွက် မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ်ရွေးချယ်မည့် Miss Universe Myanmar 2015 & 2016 ပြိုင်ပွဲကို အောက်တိုဘာ ၃ ရက်တွင် ရန်ကုန်မြို့ Gandamar Whole Sale ၏ Grand Ballroom ၌ ကျင်းပမည် ဖြစ်ကြောင်း Miss Universe Organization မှသတင်းထုတ်ပြန်သည်။

ယခုပြိုင်ပွဲတွင် မြန်မာနိုင်ငံအနှံ့မှ ဆန်ခါတင်ရွေးချယ်ထားသည့် အလှမယ် ၂ဝ ထဲမှ ၂ဝ၁၅ ခုနှစ် Miss Universe Myanmar ကိုယ်စားပြု အလှမယ်နှင့် ၂ဝ၁၆ ခုနှစ် Miss Universe Myanmar ကိုယ်စားပြု အလှမယ်တို့ကို ရွေးချယ်မည် ဖြစ်သည်။ Miss Universe Myanmar 2015 & 2016 နောက်ဆုံးအဆင့် ပြိုင်ပွဲအတွက် ဆန်ခါတင် ရွေးချယ်ထားသော အလှမယ် ၂ဝ စာရင်း တွင် အိန်ဂျယ်လေး(ပုသိမ်)၊ ဝင်းနွယ်ဦး(မြိတ်)၊ ဇွန်ပြည့်ဖြိုးမော်(မုံရွာ)၊ ရွှေယွန်းလွှာ(တောင်ကြီး)၊ ခွန်းနေခြည်ချို (ပဲခူး)၊ ငွေနှင်းမှုန်(လားရှိုး)၊ မေဘရဏီသော်(ရန်ကုန်)၊ ပိုးပိုးရွှေရည်(ရန်ကုန်)၊ မွှေးသက်လွင်(ရန်ကုန်)၊ အိဖြိုးသွယ် (မော်လမြိုင်)၊ အင်ကြင်းမေ(ရန်ကုန်)၊ ထက်ထက်ဝင်း(ရန်ကုန်)၊ ကေခိုင်မြင့်(ပြည်)၊ ချိုချိုထွန်း (စစ်တွေ)၊ နဒီလှိုင်(မိုးကုတ်)၊ ထက်ထက်ထွန်း(ရန်ကုန်)၊ ယုဇနထွန်း(ထားဝယ်)၊ Oilaw Nang Seng Latt Mai (မြစ်ကြီးနား)၊ စုမြတ်နိုးရတနာ(ရန်ကုန်)နှင့် ဟန်လေး(မန္တလေး)တို့ ပါဝင်ကြောင်း သိရသည်။

အောက်တိုဘာ (၃) ရက်တွင် ကျင်းပမည့် အပြီးသတ် ယှဉ်ပြိုင်ရွေးချယ်မှု မတိုင်မီတွင် အဆိုပါ ဆန်ခါတင် အလှမယ် ၂ဝ သည် စက်တင်ဘာ ၈ ရက်မှ ၁ဝ ရက်အထိ ဧရာဝတီတိုင်း ဒေသကြီး ချောင်းသာကမ်းခြေတွင် သဲသောင်ပြင် ဘော်လီဘော ပြိုင်ပွဲနှင့် ဟင်းချက်ပြိုင်ပွဲများ ယှဉ်ပြိုင်ရမည် ဖြစ်သည်။ ထို့ပြင် စက်တင်ဘာ ၃ဝ ရက်တွင် Gandamar Grand Ballroom ၌ National Costume ပြိုင်ပွဲနှင့် ပြည်နယ်ကိုယ်စားပြု အမှတ်တရ ပစ္စည်းများ လေလံတင် ရောင်းချမည့်ပွဲများ ကျင်းပမည်ဖြစ် သည်။

၂၀၁၅ ကမ္ဘာ့မယ်စြင်္ကာဝဠာ ပြိုင်ပွဲ ဝင်မည့် မြန်မာနိုင်ငံကိုယ်စားပြုအလှမယ် သည် နှစ်ပေါင်း (၅၀) ကျော် အတွင်း တတိယအကြိမ်မြောက် သွားရောက်ယှဉ်ပြိုင်မည့် အလှမယ် ဖြစ်သည်။ ၂၀၁၃ ခုနှစ်တွင် ရုရှားနိုင်ငံ ၌ ကျင်းပခဲ့သည့် ကမ္ဘာ့မယ်စြင်္ကာဝဠာ ပြိုင်ပွဲတွင် မိုးစက်ဝိုင် မှလည်းကောင်း၊ သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး ၂၀၁၄ ခုနှစ်တွင်အမေရိကန်ပြည်ထောင်စု၌ ကျင်းပသည့် ကမ္ဘာ့မယ်စြင်္ကာဝဠာ ပြိုင်ပွဲတွင် သျှားထွဋ်အိန္ဒြာ မှလည်းကောင်း မြန်မာနိုင်ငံကိုယ်စားပြုသွားရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.